Saturday, July 18, 2009

တိုင်းရင်းသားများအစည်းအရုံး(ကီုးရီးယား)ကို စတင်ဖွဲ့စည်းခြင်း


တောင်ကီုးရီးယားနိုင်ငံသို့ ရောက်ရှိနေသောတိုင်းရင်းသားညီနောင်များအား စုစည်းပြီး စည်းလုံး၍
ညီညွတ်သော အဖွဲ့အစည်းတခုကို (၁၂.၇.၂၀၀၉)ရက်နေ့တွင်စတင်ဖွဲ့စည်းနိုင်ခဲ့ပါပြီး။ ထိုအဖွဲ့အစည်းကို မွန်၊
ရခိုင်၊ကရင်၊ချင်း၊ရှမ်း စသောတိုင်းရင်းသားများဖြင့် အခြေခံကာ ညီညွတ်သောတိုင်းရင်သားများအစည်းအရုံး (ကီုးရီးယား)(United Myanmar Ethnic Organization)
ကိုဖွဲ့စည်းခဲ့သည်။ဤအဖွဲ့အစည်းကို လွန်ခဲ့သော လ ကတည်းကတိုင်းရင်းသားညီအစ်ကို(၂၀)ဦးကျော် က တွေ့ဆုံဆွေးနွေးခဲ့ကြပြီးမှအခုလိုဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။ကီုးရီးယားနိုင်ငံတွင်ရောက်ရှိနေသောတိုင်းရင်းသား
ညီအစ်ကိုများရင်းနှီးမှု့ပိုမိုရရှိလာစေရန်၊အချင်းချင်းအပြန်အလှန်စောင့်ရှောက်ကြရန်၊အကူအညီပေးကြရန် .....တိုင်းရင်းသားများအချင်းချင်းကြုံတွေ့နေရသော အခက်အခဲများအားနားလည်မှု့ရှိစွာဖြင့် ဖြေရှင်းသွားနိုင်ရန် နှင့် အခြားလူမှု့ရေးလုပ်ငန်းများတွင်ဝိုင်းဝန်း၍လုပ်ဆောင်သွားကြရန်အစရှိသည့်ရည်ရွယ်ချက်များဖြင့်ဖွဲ့စည်းထားခြင်း
ဖြစ်ပါသည်။သို့ဖြစ်ပါ၍ကီုးရီးယားနိုင်ငံတွင်ရောက်ရှိနေကြသောတိုင်းရင်းသားညီအကိုများအနေဖြင့်အတူတကွ
ပူးပေါင်းပါဝင်ကြပါရန်တိုက်တွန်းအပ်ပါကြောင်း ကိုအမှု့ဆောင်တဦးကပြောကြားသွားခဲ့ကြောင်းသိရှိရပါသည်။