Monday, August 30, 2010

မျက်ရည်မိုး ရွာသွန်းဖြိုးသည့်ကင်မွန်းချုံဒေသ

asd
မျက်ရည်မိုး ရွာသွန်းဖြိုးသည့်ကင်မွန်းချုံဒေသ

ညးမခ်ဴပတုိန္ထ႟း - လဂၢန္ရာံ | တၝဲဒိတၳှ Thursday, February 25, 2010

သၞိက္ကဪုဂကူမည္ပိုယ္တံ ဂွံတီကေတ် ဒဒှ်ဂကူမည် ပႛဲပစ္စုပ္ပန်ဏံတဲု လေၞင်စလဲာဒဒှ်ဂကူမည် မဍာံစၞတ်မွဲ နူတႝးလိက်(နိုင်မင်းသောင်းသျှင်၊ President of Mon Literature and Culture Committee, Yangon) မချူလ၀် ပရူဒဒှ်ညးမဆဪုဂဗကေတ်လ၀်ဂှ် အဲ ချူပတိုန်ထ္ဘးဏာ ပႛဲမုက်လိက် (လိက်ပတ်မည်) ဏံရ။ ဇၞန်လိက်ဂှ် ဗတ်ဘာသာဗမာဟေင် ညးချူလ၀်တဲု အတိုင်ဗတ်ဗမာဂှ်ရ အဲ ချူဏာ။ အခြင်ရ ကႜဲာဘာသာဟွံလေပ်ဂှ် ဟွံဂး။ သႜးအေခါင္ညိ။

ဦးနှောက်တွင် သန္တေတည်
မိမိ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌတာဝန် ထမ်းဆောင်သည့်အချိန်မှစ၍ တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကင်မွန်ချုံဒေသကို ဦးနှောက်တွင် မသိမသာ နေရာယူထားသည်မှာ ကာလအတန်ကြာခဲ့ပြီ ယင်းဒေသနှင့် ပြန်လည်ဆက်သွယ်လိုသောစိတ် တဖွားဖွား ပေါ်ပေါက်ခဲ့ပါသည်။

ပြန်လည်ဆက်သွယ်မိခြင်း
ကံကောင်းထောက်မစွာဖြင့် ပြန်လည်ဆက်သွယ်မိခဲ့ပါသည်။ ပြန်လည်ဆက်သွယ်မိပုံမှာ မိမိ၏ဇာတိရွာ ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ၊ ကော့တွတ်စံပြကျေးရွာမှ ဘုရားပွဲတော်ကျင်းပရေးဥက္ကဋ္ဌနှင့်ကျေးရွာဥက္ကဋ္ဌများ သည် ရန်ကုန်မြို့သို့ ရုပ်ရှင်မင်းသား မင်းသမီး အဆိုတော်နှင့် လက်ဝှေ့သမားများ လာရောက်ငှါးရမ်းရာတွင် မိမိအား ကူညီဆောင်ရွက်ပေးရန် အကူအညီတောင်းခံလာသဖြင့် အကူအညီပေးခဲ့ပါသည်။

လက်ဝှေ့သမားရှာဖွေသည့်နေ့တွင် (၃၅)လမ်းရှိ ပစ်တိုင်းထောင် ဗီဒီယိုထုတ်လုပ်ရေး ရန်ကုန်မြို့၌ လက်ဝှေ့ပွဲများဖြစ်မြောက်အောင် စီစဉ်သူ စိုင်းဇော်ဇော်၏ ရုံးခန်တွင်ဖြစ်သည်။ အလုပ်ကိစ္စ ဆွေးနွေးနေချိန်တွင် လူငယ် (၄) ယောက် ၀င်ရောက်လာသည်။ စိုင်းဇော်ဇော်မှ ၄င်းတို့လာသည့်ကိစ္စနှင့် မည်သည့်ဒေသမှလာကြောင်း မေးမြန်းရာ ထန်းတပင်မှဖြင့်ကြောင်း ဖြေကြားသံကို မိမိကြားမိသည်။

ထိုစဉ် မိမိဦးနှောက်တွင် သန္တေတည်နေသော အသိတစ်ခု လှုပ်နှိုးသကဲ့သို့ ခံစားရပြီး လူငယ် (၄) ဦးအနက် တစ်ဦးကို ထန်းတပင် ဆိုတာ တောင်ငူခရိုင်ကလား၊ ကင်းမွန်းချုံကို သိလားဟုမေးမိရာ ကင်းမွန်းချုံရွာသားများ ဖြစ်ကြောင်း ပြန်ဖြေပါသည်။

မိမိက ယင်းလူငယ်အား မင်းမွန်လူမျိုးလားဟုမေးရာ ကျွန်တော်မွန်လူမျိုးမဟုတ်ကြောင်း ပအိုဝ်လူမျိုးဖြစ်ကြောင်း မွန်လူငယ်လည်း ပါလာကြောင်း တဆက်တည်း မွန်လူငယ်ဆိုသူနှင့် မိတ်ဆက်ပေးပါသည်။ မွန်လူငယ် မင်းအောင်နိုင်မျိုးက ကျွန်တော် မွန်လူမျိုးဖြစ်ကြောင်း သို့သော် မွန်စကား မပြောတတ်တော့ပါ။ ရွာမှလူကြီးများလည်း မွန်စကား မပြောတတ်တော့ကြောင်းနှင့် မွန်လူမျိုးဖြစ်ကြောင်း သက်သေအဖြစ် မှတ်ပုံတင်ကို စိတ်လှုပ်ရှားစွာ မိမိအား ပြသပါသည်။

မိမိသည် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌဖြစ်ကြောင်း၊ ကင်းမွန်းချုံဒေသနှင့်ဆက်သွယ်လိုကြောင်း ပြောပြရာ လူငယ်က သူတို့လည်း မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နှင့် ပြန်လည်ဆက်သွယ်လိုကြောင်း၊ မည်သို့မည်ပုံ ဆက်သွယ်ရမည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါသည်။

မိမိအမည် လိပ်စား ဖုန်းနံပါတ် အပြည့်အစုံ ရေးပေးပြီး ပြန်လည်ဆက်သွယ်နိုင်ကြောင်း အကူအညီ လိုအပ်ပါက တတ်အားသမျှ ကူညီမည်ဖြစ်ကြောင်း ပြောပြမိပါသည်။

မိမိတို့ အပြန်အလှန်စကားပြောနေသည်ကို နားထောင်နေသည့် စိုင်းဇော်ဇော်သည် ဆရာတို့ ဝေးကွာနေတဲ့ မွန်အချင်းချင်း ယခုလို ဆုံတွေ့ရသည်မှာ ပဋ္ဌာန်းဆက်အင်အားကြီးမားကြောင်း ကုသိုလ်ရေစက်ကူးကြောင်း ၀မ်းမြောက်ဝမ်းသာပြောဆိုပါသည်။

ပြန်လည်တွေ့ဆုံခြင်း
(၁၅)ရက်ခန့်ကြာသောအခါ မိမိထံသို့ ဖုန်းဖြင့် အကြောင်းကြားလာပါသည်။ ကင်းမွန်းချုံဒေသ၌ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဖွဲ့စည်းပြီးကြောင်း၊ ယခုနှစ်တွင် မွန်အမျိုးသားနေ့ကျင်းပခွင့်တောင်းခံထားပြီဖြစ်ကြောင်း၊ မည်သို့ကျင်းပရမည်ကိုလည်း ညွန်ကြားစေလိုကြောင်း၊ အလံအမှတ်အသား ဖိတ်စာမှအစ အသေးအစိတ် သိလိုကြောင်း ပြောကြားပါသည်။

မိမိမှ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) လစဉ်ပုံမှန်အစည်းအဝေးတွင် အကျဉ်းမျှတင်ပြခဲ့ပြီး စိတ်တွင် ကင်းမွန်းချုံဒေသသို့  လူကိုယ်တိုင်သွားရောက် တွေ့ဆုံဆွေးနွေးလိုစိတ် တဖွားဖွား ပေါ်ပေါက်ခဲ့ပါသည်။

နောက်(၃)ရက် အကြာတွင် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ကင်းမွန်းချုံဒေသ) အတွင်းရေးမှူးဖြစ်သူ နိုင်ဌေးလွင်မှ သိလိုသမျှကို မေးမြန်းပြီး ဥက္ကဋ္ဌအား လာရောက်စေလိုကြောင်း ဖိတ်ခေါ်ရာ မွန်အမျိုးသားနေ့ကျင်းပသည့်အချိန်တွင် လုပ်ငန်းအခြေအနေကြောင့် လာနိုင်မည်မဟုတ်ကြောင်း၊ ကြိုတင်လာလျှင် လက်ခံနိုင်ပါက မိမိနှင့်အဖွဲ့ လာမည်ဖြစ်ကြောင်း ပြောကြားရာ အတွင်းရေးမှူးမှ ၀မ်းမြောက်စွာ ကြိုဆိုကြောင်း ပြန်လည်ဖြေကြားပါသည်။

ထို့နောက် မိမိနှင့်အတူ လိုက်ပါနိုင်မည့်သူများကို စုစည်းပြီး မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ကင်းမွန်းချုံဒေသ) ဥက္ကဋ္ဌနိုင်ဘမော်ထံမှ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ မိမိတို့အဖွဲ့  (၂၅-၁-၂၀၁၀) ရက်နေ့ နံနက် (၇း၀၀) အချိန်တွင် ရန်ကုန်မြို့မှ ထွက်ခွါမည်ဖြစ်ကြောင်း သတင်းပို့ခဲ့ပါသည်။

(၂၅-၁-၂၀၁၀)ကင်မွန်းချုံဒေသ
(၂၅-၁-၂၀၁၀) ရက်နေ့တွင် ဥက္ကဋ္ဌ နိုင်မင်းသောင်းသျှင်၊ ပြန်ကြားရေးမှူး နိုင်စိုးကြည်း၊ အဖွဲ့ဝင် (ကျောင်းဆရာ) နိုင်ညွန့်ဖေ၊ မွန်စာပေသင်ကြားရေးနှင့်လူငယ်ဆပ်ကော်မတီ အတွင်းရေးမှူး မင်းသန်းထွန်းတို့ လိုက်ပါလျှက် (၁၁း၀၀) အချိန်တွင် တောင်ငူသို့ ရောက်ရှိသွားခဲ့ကြသည်။ ကားဆိုက်သည်နှင့် မွန်ပုဆိုး ၀တ်ထားသည့် ကင်မွန်းချုံဒေသ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ကင်မွန်းချုံ) အတွင်းရေးမှူး နိုင်ဌေးလွင်း၊ ကျေးရွာဥက္ကဋ္ဌမှ ဦးဆောင်ကြိုဆိုလျှက် မော်တော်ယဉ်ငယ်ဖြင့် တောင်ငူမှ (၁၈) မိုင် ဝေးသည့် ကင်မွန်းချုံဒေသသို့ ပထမအကြိမ် ရောက်ရှိခဲ့ပါသည်။

(၂၅-၁-၂၀၁၀) ညနေအချိန်တွင် မိမိအဖွဲ့နှင့် ကင်မွန်းချုံဒေသမှ လူကြီးလူငယ်အချို့နှင့် တွေ့ဆုံသည့် စကားဝိုင်းတွင် ရွာသားတိုင်း မွန်စကား မပြောနိုင်ကြ၍ ၀မ်းနည်းမိကြောင်း၊ ဥက္ကဋ္ဌနှင့်အဖွဲ့ လာရောက်သည်ကို ၀မ်းမြောက်ကြောင်း၊ ရွာမှ လူကြီးလူငယ် ကလေးများအားလုံ မွန်စကား ပြန်ပြောတတ်ချင်ကြောင်း၊ စိတ်ပါဝင်စားစွာ သင်ယူလိုကြောင်း ၀မ်းနည်းဝမ်းသာစကားပြောဆိုနေချိန်တွင် နိုင်ညွန့်ဖေအား အကဲခတ်ကြည့်ရာ မျက်ရည်မိုးများ ရွာနေသည်ကို တွေ့ရ၍ မေးရာ နိုင်ညွန့်ဖေက ယခုလို မွန်စကား မပြောတတ်သည့် မွန်ရွာ ရွာသူ ရွာသားများနှင့် တွေ့ဆုံရာတွင် မိမိစိတ် မွန်းကြပ်နေပြီး မွန်စကားကို မိမိကိုယ်တိုင် သင်ပေးနိုင်လျှင် ကောင်းမည်လား၊ မည်သို့ကူညီရမည်ကို စဉ်းစားရင်း မွန်စကား မပြောတတ်သည့်မွန်များ၏ ခံစားချက် ကူဆက်ပြီး မျက်ရည် မထိမ်းနိုင်ကြောင်း ရှင်းပြရှာပါသည်။

သားတို့သမီးတို့ ဘာလူမျိုးလည်း
(၂၆-၁-၂၀၁၀) နံနက် မွန်အရှေ့ရပ်ကွက် မွန်အလယ်ရပ်ကွက် မွန်အနောက်ရပ်ကွက်တို့ကို လှည့်လည်စဉ် ကလေးများ၊ လူလတ်ပိုင်း၊ လူကြီးပိုင်းများကို ဘာလူမျိုးလဲဟုမေးမြန်းရာ အားလုံးက မွန်လူမျိုးဖြစ်ကြောင်း၊ သို့သော် မွန်စကား မပြောတတ်ကြောင်း ၀မ်းနည်းစွာ ပြန်လည်ဖြေကြားပါသည်။

မျက်ရည်မိုးရွာသွန်းဖြိုး
(၂၆-၁-၂၀၁၀) နံနက် (၁၁း၀၀) နာရီအချိန်တွင် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နှင့် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ကင်မွန်းချုံဒေသ) တို့ မွန်အမျိုးသားနေ့ကျင်းပရေးဆွေးနွေးပွဲတွင် အစီစဉ် (၁) မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌမှ အမှာစကား ပြောကြားပါသည်။ အစီစဉ် (၂) မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ကင်မွန်းချုံဒေသ) ဥက္ကဋ္ဌ နိုင်ဘမော် အမှာစကား ပြောကြားပါသည်။ စကားပြောနေစဉ် ခဏအကြာ အသံတိတ်သွားပါသည်။ အားလုံးက နိုင်ဘမော်ကို ကြည့်နေကြသည်။ ဥက္ကဋ္ဌမှ စကားပြောနေရင်း မျက်ရည်ကျကာ အသံမထွက်တော့ချေ။ အလားတူ ရွာသားများကို ကြည့်လိုက်ရာ ခေါင်းငုတ်လျှက် တချို့လူကြီး လူငယ်များလည်း မျက်ရည်တွေကိုယ်စီ ကျနေသည်ကို မိမိတို့အဖွဲ့မှ မျက်ရည်ဝဲလျှက် ကရုဏာသက်မိပါတော့သည်။

ဒုတိယဥက္ကဋ္ဌ နိုင်ပေါ်ငြိမ်းမှ အမှာစကားအပြီးတွင် ဥက္ကဋ္ဌနိုင်ဘမော်မှ ကျွန်တော် မွန်စကား မပြောနိုင်သည်ကို စဉ်းစားမိပြီး ၀မ်းနည်းမှုဖြစ်ပါကြောင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နှင့် ပြန်လည်တွေ့ဆုံသည့်အတွက် ၀မ်းသားကြောင်း၊ ၀မ်းနည်းဝမ်းသာဖြစ်ပြီး အလိုလိုမျက်ရည်မိုးရွာမိကြောင်း၊ ဤအဖြစ်မှ လွတ်မြောက်လိုကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအပြီးတွင် ကင်မွန်းချုံဒေသ၏ မွန်အမျိုးသားနေ့ဖြစ်မြောက်ရေးအတွက် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ကင်မွန်းချုံဒေသ) သို့ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ အလှူငွေ ကျပ် ၁၅၀၀၀ ၊ မွန်စာပေသင်ကြားရေးနှင့် လူငယ်ဆပ်ကော်မတီ (ရန်ကုန်) အတွင်းရေးမှူး မင်းသန်းထွန်းမှ အလှူငွေ ကျပ် ၁၅၀၀၀ ၊ စုစုပေါင်း ၃၀၀၀၀ ကျပ်အား လှူဒါန်းခဲ့ပါသည်။

ကင်မွန်းချုံဒေသ၏ သမိုင်းကြောင်းအကျဉ်း
ပဲခူးတိုင်း တောင်ငူခရိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာနှင့် (၁၀) လမ်းသာ ခြားသည့် ကင်မွန်းချုံရွာသည် လွန်ခဲ့သော ၁၉၁၄ ခုနှစ် (နှစ် ၁၀၀ ခန့်က) ရေကြည်ရာမျက်နုရာရှာသည့် မွန်လူမျိုးတစ်ဦးနှင့် ပအိုဝ်လူမျိုးတစ်ဦးတို့ ရောက်ရှိလာပြီးနောက် မွန်လူမျိုးတို့ လှည်းအစီး (၂၀) ကျော်ဖြင့် ရောက်ရှိလာပြီး ကင်မွန်းချုံနွယ် ပိတ်ပေါင်းများကို ခုတ်တွင် ရှင်းလင်းခြင်း၊ လယ်ယာမြေဖော်ထုတ်ခြင်းဖြင့် ကင်မွန်းချုံရွာဟု အမည်ထွင်ခဲ့သည်။

ကင်မွန်းချုံဒေသသို့ ဦးစွာ ရောက်ရှိခဲ့သော မွန်များမှာ မုဒုံ (ကမာစ)၊ မုဒုံ (တံခွန်တိုင်)၊ ဖားအောက် (ကြာအင်း)၊ ဘီလူးကျွန်း၊ သထုံ (လိပ်အင်း)၊ ပေါင်(ဖလပ်) ဒေသများမှ ပြောင်းရွှေ့ လာကြကြောင်း သိရှိရပါသည်။

ရွာသက်တမ်းတစ်လျှောက်လူကြီးမှာ ပအိုဝ်လူမျိုးတစ်ဦးသာ အုပ်ချုပ်ခဲ့ပြီး နောက်ပိုင်း မွန်လူမျိုးများသာ အစဉ်အဆက် ယခုအချိန်ထိ အုပ်ချုပ်နေဆဲဖြစ်သည်။ ယခုကျေးရွာဥက္ကဋ္ဌမှာလည်း နိုင်မြင့်ဆွေ ဖြစ်သည်။ အုပ်ချုပ်ရေးသာမက လူမှုရေး၊ စီးပွားရေး၊ ပညာရေး များတွင် မွန်လူမျိုးတို့ကသာ ဦးဆောင်ဦးရွက်ခဲ့ကြောင်း သိရသည်။ မွန်လူကြီးများတွင် နိုင်ပန်လှိုင် (မော်ကွန်းဝင် ပထမအဆင့်)၊ မော်ကွန်းဝင် ဒုတိယအဆင့် ရရှိသူများမှာ နိုင်မော်ထွန်း၊ နိုင်အုန်းသား၊ နိုင်မြအေး၊ နိုင်သန်းမောင်း၊ နိုင်မောင်ချစ်တို့မှာ ကွယ်လွန်ကြပြီ ဖြစ်သည်။ ထိုရွာတွင် မွန်၊ ကရင်၊ ပအိုဝ်၊ ကယား လူမျိုးများ ရပ်ကွက်အလိုက် စုစည်းနေထိုင်သော ရွာတစ်ရွာဖြစ်သည်။ ထို့အပြင် တောင်ငူမြို့၊ ဇေယျဝတီ၊ သရက်တန်း၊ ကြို့ပင်သာ၊ ကျီတော်ဒေသများတွင်လည်း မွန်များ ပြန့်ကြဲနေထိုင်ကြကြောင်း သိရှိရပါသည်။

နှောင်းခေတ်မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) နှင့် ကင်မွန်းချုံဒေသ
မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌဟောင်း နိုင်ခင်မောင် (ကွယ်လွန်) လက်ထက် ကင်မွန်းချုံဒေသမှ နိုင်ပန်းလှိုင်(ကွယ်လွန်)တို့၏ဆက်သွယ်မှုကြောင့် မွန်စာပေသင်ကြားရေးအစီအစဉ် (၁-၁၉၈၂) ၃ လ မွန်စာပေသင်တန်းတွင် မင်အောင်လှိုင် (စက်မှုတက္ကသိုလ်)၊ မင်ကျော်မြင့် (တိ၊ကု၊မွေး တက္ကသိုလ်)တို့ သင်ကြားခဲ့ပါသည်။ ဒုတိယအကြိမ် (၁၈-၄-၁၉၈၃) ရက်နေ့မှစပြီး မင်းရွှေသိန်း(ဇင်ကျိုက်)၊ မင်းဝင်းအောင်(စိုက်ပျိုးရေး) တို့ တာဝန်ယူသင်ကြားခဲ့ပါသည်။ တတိယအကြိမ်(၁၇-၁-၁၉၈၄)ရက်နေ့ မှစပြီး (၃)လ သင်တန်းကို မင်းခင်အောင်၊ မင်းနိုင်မွန်(ရန်ကုန်တက္ကသိုလ်)တို့မှ တာဝန်ယူ သင်ကြားခဲ့ပါသည်။

ရန်ကုန်မြို့ သိမ်ဖြူကွင်းတွင် ကျင်းပသော (၃၆) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ကင်မွန်းချုံဒေသမှ နိုင်သိန်းအောင် ဦးဆောင်ပြီး အခန်းအနားသို့ တက်ရောက်ခဲ့ဖူပါသည်။

ကင်မွန်းချုံဒေသရှိ မွန်တို့၏ကံကြမ္မာ
ကင်မွန်းချုံဒေသတွင် မွန်အိမ်ခြေ (၅၀၀)ကျော် လူဦးရေး (၃၀၀၀)ကျော် ရှိသည်။ မွန်ဘုန်းကြီးကျောင်း တစ်ကျောင်း၊ မွန်မူလတန်းကျောင်တစ်ကျောင်း၊ အထက်တန်ကျောင်းတစ်ကျောင်း စသည့်ဖြင့် ခြံကျယ်၊ အိမ်ကြီး၊ အိမ်ငယ်၊ လယ်ယာများဖြင့် ဖွံ့ဖြိုး တိုးတက်နေသော ရွာကြီးတစ်ရွာဖြစ်ကြောင်း တွေ့နိုင်ပါသည်။

လူဦးရေး (၃၀၀၀) ကျော်ရှိသည့် မွန်ရွာကြီးတွင် မွန်လူမျိုးစိတ်ဓာတ် ရှိနေကြသော်လည်း မွန်စကား မပြောတတ်တော့ပါ။ မွန်စာဆိုလျှင် စာအုပ်သာ ရှိပါတော့သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ၏ အစီရင်ခံစာသုံးသပ်ချက်အရ ကမ္ဘာပေါ်တွင် ဘာသာစကား ပေါင်း (၆၃၀၀)ကျော် ရှိကြောင်း၊ ၂၁ ရာစုနောက်ပိုင်းတွင် ဘာသာစကား (၅၉၀၀)ကျော် ပျောက်ဆုံးမည် ဖြစ်ကြောင်း၊ ဘာသာစကား(၆၀၀)ကျော်သာ ကျန်ရှိမည်ဖြစ်ကြောင်း ဖော်ပြသုံးသပ်ထာသည်ကို တွေ့ရှိရပါသည်။ သို့ဆိုလျှင် ကျန်ရစ်မည့်ဘာသာစကား (၆၀၀)ကျော်တွင် မွန်ဘာသာစကား ပါဝင်နိုင်မည်လား။

မွန်စာပေနှင့်ယဉ်ကျေးမှု၏နောက်ဆုံး အုတ်တံတိုင်းသည် မွန်သံဃာများဖြစ်ပါသည်။

ကင်မွန်းချုံဒေသ၏မွန်ဘာသာစကား မွန်စာတို့၏အုတ်တံတိုင်းသည် ကင်မွန်းချုံဒေသရှိ မွန်လူမျိုးကြီး၊ လူလတ်၊ လူငယ်နှင့် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်နှင့်မွန်ပြည်နယ်များ) မွန်သံဃာတော်များတွင် တာဝန်ရှိသည်ဟု ယူဆမိပါသည်။

သို့ဆိုလျှင် ကင်မွန်းချုံဒေသရှိ မွန်လူမျိုး (၃၀၀၀) ကျော်အား မွန်စကား မွန်စာ တတ်မြောက်ရန် ရေရှည်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

နည်းလမ်းရှာဖွေကြစို့ 

* မွန်ပညာရေးဒါနရံပုံငွေရရှိရေး။
* မျိုးချစ်မွန်သံဃာတော်များ ပေါ်ထွက်ရေး။
* မျိုးချစ်မွန်ကျောင်းဆရာများရရှိရေး။
* မွန်တစ်မျိုးသားလုံး ဤအဖြစ်မျိုး မကြုံတွေ့စေရန် မည်သို့ဆောင်ရွက်ရမည်နည်း။
* မွန်မျိုးချစ်စိတ်ဓာတ်ရှိနေသော (ရွာသားတိုင်း၏ မှတ်ပုံတင်တွင် လူမျိုး ဖော်ပြရာတွင် မွန်ဟုဖော်ပြထားသည်) ကင်းမွန်းချုံဒေသရှိ မွန်များအာ မွန်စကား မွန်စာ ပြန်လည်တတ်မြောက်လာစေရန် မွန်တိုင်းရင်းသားအားလုံး ၀ိုင်းဝန်းကူညီပံ့ပိုးကြရန် လိုပါသည်။
* ဓနအင်အား၊ ကာယအား၊ အကြံညာဏ်အားရှိသော မွန်သံဃာတော်များ မွန်မျိုးချစ်တိုင်းရင်းသားများ ပေါ်ပေါက်နိုင်ပါစေ။

ဆုတောင်လျှက်
နိုင်မင်းသောင်းသျှင်
ဥက္ကဋ္ဌ
မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
ဖုံး ၄၀၀၃၄၆၊ ၃၇၅၅၉၀

မှတ်ချက်။ ။ http://mondating.ning.com/?xg_source=msg_mes_network မှ
ပြန်လည်ကူးယူတင်ပြ ခြင်းဖြစ်သည်။ ထို့အတူ နိုင်မင်းသောင်းသျှင် အား ဤ နေရာမှ
ကျနော် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုက်ပါရစေဗျ....

Monday, July 12, 2010

ဒေါက်တာနိုင်ပန်းလှ စာအုပ်နှစ်အုပ်အား အင်္ဂလိပ်ဘာသာဖြစ် ထုတ်ဝေမည်


ဒေါက်တာနိုင်ပန်းလှ စာအုပ်နှစ်အုပ်အား

အင်္ဂလိပ်ဘာသာဖြစ် ထုတ်ဝေမည်




ဆရာကြီး ဒေါက်တာ နိုင်ပန်းလှ မကွယ် လွန်ခင် အင်္ဂလိပ် ဘာသာနဲ့ ရေးသားခဲ့ တဲ့ စာအုပ်နှစ် အုပ်ကို လောကအလင်း စာပေတိုက် ကနေ ဒီနှစ် စက်တင်ဘာ နဲ့ အောက်တိုဘာလ တို့မှာ ထုတ်ဝေသွား မယ်လို့ သိရပါတယ်။ ထုတ်ဝေ သွားမယ့် စာအုပ် နှစ်အုပ် မှာ “A Short Mon History ” နဲ့ “ Archaeological Aspects on Old Pyu Mon Myanmar” တို့ဖြစ် ပြီး ပထမ တစ်အုပ်ကို စက်တင်ဘာလ ထဲမှာ ထုတ်ဝေ သွားမှာ ဖြစ်ပြီး ဒုတိယ တစ်အုပ် ကိုတော့ နိုဝင်ဘာလ အတွင်း ထွက်ရှိ နိုင်ရန် ခန့်မှန်း ထားကြောင်း လောက အလင်း စာအုပ်တိုက် မှ စီစဉ်သူ မောင်ဇေယျက ပြောကြား ပါသည်။ "ကျွန်တော်တို့ လောက အလင်း စာအုပ် တိုက်က ဆရာကြီး ဒေါက်တာ နိုင်ပန်းလှ ရှိစဉ် တုန်းက စာအုပ် နှစ်အုပ် ထုတ်ဝေဖို့ တောင်း ထားတယ်။ စာအုပ် နှစ်အုပ် စလုံး စိစစ်ရေးက ကျပြီးပြီ။ ထုတ်ဝေဖို့ ပြင်ဆင် နေတယ်" လို့ သူက ဆိုပါတယ်။

' A Short Mon History က မွန် သမိုင်း အကျဉ်းချုပ်ပါ။ ရှေးဟောင်း သုတေသန အထောက် အထား၊ ဘာသာ ဗေဒ အထောက် အထား တွေနဲ့ ရေးထား တဲ့ သုတေသန စာတမ်းပါ။ တစ်ခါမှ တော့ ပုံနှိပ်ပြီးသား မရှိသေးဘူး။ ဆရာကြီး ဖတ်ထားတဲ့ စာတမ်းတွေပေါ့။ အဲဒီ စာတမ်းမှာ မွန်လူမျိုးတွေ ဘယ်နေရာ ကနေ စပြီး ပြောင်းရွှေ့ လာတယ် ဆိုတဲ့ အကြောင်း၊ အောက်မြန်မာပြည် ရာမည ဒေသမှာ သုဝဏ္ဏဘူမိ တည်ထောင်တဲ့ အကြောင်း၊ မွန် လူမျိုးတွေရဲ့ သမိုင်းကြောင်းကို အထောက် အထား တွေနဲ့ ရေးထား တာကို ထုတ်ဝေ မှာပါ" လို့ မောင်ဇေယျက ရှင်းပြပါတယ်။

“Archaeological Aspects on Old Pyu Mon Myanmar” စာအုပ် က တော့ ဆရာ နိုင်ပန်းလှ ၁၉၈၀ ၀န်း ကျင် ကThe Working People's Daily နဲ့ Guardian အင်္ဂလိပ် သတင်းစာ တွေမှာ ရေးခဲ့တဲ့ ရှေးဟောင်း သုတေသနနဲ့ ဆိုင်တဲ့ ဆောင်းပါး တွေကို ပြန်စုစည်းပြီး လုံးချင်း စာအုပ် အနေနဲ့ ထုတ်ဝေမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

"ကျွန်တော် တို့ ဒီစာအုပ် တွေ ထုတ် တဲ့ ရည်ရွယ် ချက်က ဆရာကြီးက မြန်မာ လိုရော၊ အင်္ဂလိပ် လိုရော စာအုပ် တွေ ရေးခဲ့တယ်။ မြန်မာလို ရေးတာ ကတော့ ပြည်တွင်း မှာ လူသိများ ပေမယ့် အင်္ဂလိပ်လို ရေးတာ ကတော့ စာအုပ် မဖြစ်သေးဘူး။ ဒါကြောင့် ကိုယ့်ပြည်တွင်းမှာပဲ ဒေါက်တာ နိုင်ပန်းလှ အင်္ဂလိပ်လို ရေးတယ် ဆိုတာ သိစေချင်တဲ့ အတွက် အခုလို ထုတ်ဖြစ်တာပါ"လို့ မောင်ဇေယျက ပြောပြကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။

မှတ်ချက်။ ။ ဟံသာဝတီမှ ကူးယူဖော်ပြခြင်းဖြစ်သည်။ မူရင်းဖတ်ချင်ရင် ဒီမှာ သွားရောက်ဖတ်ရှု့နိုင်ပါကြောင်း....

Tuesday, March 02, 2010

ဝမ်းနည်းကြွေကွဲခြင်း(သို့) ကိုအေးမင်းထွန်း၏ဖြစ်ရပ်

ကိုအေးမင်းထွန်း(ခ)အိုးရှင်း အသက်(၂၇)နှစ်

တောင်ကိုးရီးယားနိုင်ငံရောက် (မွန်အမျိုးသား)အလုပ်သမားတဦးသည်၊(၂၈.၂.၂၀၁၀)တနင်္ဂနွေနေ့၊နံနက်ပိုင်း တွင်ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။အဆိုပါသေဆုံးသူ၏အမည်မှာ ကိုအေးမင်းထွန်း(ခေါ်)အိုးရှင်း အသက်(၂၇) နှစ်ဖြစ်ပြီးမွန်ပြည်နယ်
ရေးမြို့နယ်၊လမိုင်းဇာတိဖြစ်သည်။ကိုအေးမင်းထွန်းဟာ
(Uijeongbu) ဖိုချောန်မြို့တွင် တရားဝင်အလုပ်လုပ်နေသူဖြစ်ပြီး၊
အလုပ်ပိတ်ရက်တွင်(Gwangju)ဂွါန်ဂျူးလေးရှိ သူငယ်ချင်းများထံသို့ အလည်သွားရင်း ယခုလိုရုတ်တရက်သေဆုံးသွားသည်။ဖြစ်စဉ်မှာ အခင်းဖြစ်ပွားရာသို့ (၂၇.၂.၂၀၁၀)စနေနေ့ည(၁၂) နာရီခန့်တွင်
ရောက်ရှိလားပြီး၊သူငယ်ချင်းမှာနှင့်အတူအိပ်စက်ကာ၊မနက် (၄) နာရီ
ဝန်းကျင်လောက်တွင်အပေါ့ထသွားရင်း အိပ်ခန်းအောက်ထပ်သို့
မတော်တဆပြုတ်ကျပြီးသေဆုံးသွားခြင်းဖြစ်သည်။အတူအိပ်နေတဲ့
သူငယ်ချင်းများကသူသေဆုံးနေသည်ကိုနံနက်မိုး
လင်း (၈) နာရီဝန်းကျင်လောက်မှ တွေ့ကြသည်။ယခုအခါတွင်
ကိုအေးမင်းထွန်း (ခ)အိုးရှင်း၏ဈာပနကိစ္စ၊သေမူကိစ္စနှင့်အခြားလုပ်
ဆောင်စရာကိစ္စအဝဝတို့ကို မြန်မာအသင်း အသိုင်းဝိုင်းနှင့် သူငယ်ချင်းများတစုကတာဝန်ယူကာလုပ်ဆောင်
ပေးလျှက်ရှိသည်။ ကျန်ရစ်သူ သူငယ်ချင်းများက ကိုအေးမင်းထွန်းအား ရည်စူး၍ (၇.၃.၂၀၁၀) တနင်္ဂနွေနေ့တွင် ဖူချွန်းမြို့၊ ဆော့ဂွန်ဆာဘုန်းကြီးကျောင်းတွင်အာရုံဆွမ်းဆပ်ကပ်လှူဒါန်းကာကုသိုလ်ကောင်းမူ
်အစုစုတို့အား အမျှပေးဝေကာ၊ နေ့လည်(၁၂)နာရီခွဲအချိန်မှာ ဆော့ဂွန်ဆာဘုန်းကြီးကျောင်းမှတဆင့် သုသာန်သို့သွားပြီး ကြွင်းကျန်ရုပ်ကလာပ်ကိုမီးသင်္ဂြိုလ်မည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ကိုးရီးယားတွင်ရောက်ရှိနေ
သောကိုးအေးမင်းထွန်း၏သူငယ်ချင်းအပေါင်းအသင်းများ၊မွန်လူမျိုးများနှင့်(ရွှေ)မြန်မာညီအကိုမောင်နမများ
အားလုံး ခင်ဗျား..၄င်းအား ဂရုဏာထားသောအားဖြင့် အထက်ပါအစီအစဉ်အတိုင်း ကြွရောက်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်မန္တက ပြုအပ်ပါသည်။
မှတ်ချက် ။ ။ ။မွန်ကိုးရီးယား အသင်းမှသည် ကျနော်တို့ အသင်းဝင် ကိုအေးမင်းထွန်း ကွယ်လွန်ခြင်းအတွက်
ကျန်ရစ်သူမိသားစုများနှင့်ထပ်တထူမျှ ဝမ်းနည်းကြွေကွဲရပါသည်။
ထိုကြောင့် ကိုးရီးယားရောက်မွန်အမျိုးသားမျာခင်ဗျား...မိမိတို့တက်နိုင်သည့်အပိုင်းမှ စာနာထောက်သောအား
ဖြင့် မိမိတို့တက်နိုင်သည့်အပိုင်းမှ ဝိုင်းဝန်း၍ အကူညီပေးကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။
ဂကောံမန်ကိုဝ်ရီယျာ

Saturday, February 20, 2010

(၆၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းနား


(63)ကြိမ်မြောက်မွန်အမျိုးသားနေ့ကို တောင်ကိုးရီးယားနိုင်ငံ အင်းချွန်း၊ဘူဖြောင်းမြို့၊ ဓမ္မဒူတဘုန်းကြီး
ကျောင်း၊ (15.2.2010) တနလာင်္နေ့တွင် မွန်ကိုးရီးယား အသင်းမှ ဦးစီပြီး ကိုးရီးယားနိုင်ငံရောက် မွန်အမျိုးသား
စုပေါင်း၍ အမျိုးသားနေ့အခမ်းအနား နှင့်တကွ ဆွမ်းကျွေးခြင်းဖြင့် ကောင်းမှု့ကုသိုလ် ပြုခဲ့ကြသည်။ထိုအခမ်း
နားကိုတက်ရောက်လာတော့ ဧည့်ပုရိသတ်များကို ထမင်းကျွေးခြင့်ဖြင့် ဧည့်ခံခဲ့ကြသည်။ စုစုပေါင်းလူဦးရေ.
(၁၃၀)ကျော်တက်ရောက်ပြီး အမျိုးသားနေ့အခမ်းနားတွင် လူ(၆၀)ကျော်သာ တက်ရောက်ခဲ့သည်။နံနက်ပိုင်း
၁၀ နာရီခွဲ အချိန်တွင် ဓမ္မဒူတဘုန်းကြီးကျောင်းမှ ပဓာန ဆရာတော်ဘုရားထံမှ ငါးပါးသီလ ခံယူပြီး နိဗာန်
ရောက်ကြောင်းတရားတော်များကို နာယူမှု့အပြီးတွင် မိမိတို့ပြုလုပ်ခဲ့သော ကောင်းမှု့ကုသိုလ်များကို ရေစက်
ချ အမျှဝေကြသည်။ အမျိုးသားနေ့အခမ်းနားကို နေ့လည် ၁၁ နာရီခွဲ တွင် စတင်ကျင်းပကြသည်။
ထိုအခမ်းနားကို မွန်ကိုးရီးယား အသင်းမှ အတွင်းရေးမှုး နိုင်တင်မွန် က အခမ်းနားမှုးဖြင့် ဆောင်ရွက်ပြီး အခမ်းနားကို (ကြက်စလန်) သီချင်းနှင့် စတင်ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် အမျိုးသားလံကို အလံသယ်အဖွဲ့
သယ်ဆောင်လာပြီး...အလံတော်ကို အလေးပြုခြင်း၊ ကျဆုံသွားပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း နှင့် သက်ရှိထင်ရှား အမျိုးသားရေးအတွက် ဆောင်ရွက်နေကြသော အမျိုးသားခေါင်ဆောင်ကြီး
များ၊ သံဃာ့ အာဇာနည်များအား အလေးပြုခြင်း...ထို့နောက် မွန်ကိုးရီးယာအသင်း ၏ဥက္ကဌ နိုင်ဂံင်ဆာန် ကမိန့်
ခွန်းပြောကြားရာတွင်...(၆၃)ကြိမ်မြောက်မွန်အမျိုးသားနေ့ကို တက်ရောက်လာ ဧည့်သည်တော်များနှင့် မွန်အ
မျိုးသားများအားမိမိတို့မအားလပ်သည့်ကြားက ခုလိုအချိန်ပေးပြီး တက်ရောက်လာပေးသည့်အတွက်အထူးပင်
ကျေးဇူးတင်အပ်ပါကြောင်း၊ ကျနော်တို့ ကိုးရီးယားနိုင်ငံတွင်ရောက်ရှိစဉ်အတွင်း မွန်အမျိုးသားနေ့ကို အခုဆို (၃)ကြိမ်မြောက် ကျင်းပနိုင်သည့်အတွက်များစွာ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း.၊ခုလိုကျင်းပနိုင်ရန်အတွက် ဖက်ဖက်မှဝိုင်းဝန်း၍ကူညီပေးခဲ့ကြသော ညီအကိုများအား အထူးပင်ကျေးဇူးတင်ပါကြောင်း..၊ကျနော်တို့ မွန်အမျိုးသားများ က မိမိတို့၏မွန်အမျိုးသားနေ့ကို အဘယ်ကြောင့် ကျင်းပနေရပါသလဲဆိုရင်တော့..မိမိတို့၏
မျိုးချစ်စိတ်ဓါတ်ရှင်သန်လာစေရန် ၊ကျွနုပ်တို့ မွန်အမျိုးသားများသည် တချိန်က ကိုယ်ပိုင်နိုင်ငံတော်၊ ကိုယ်ပိုင်
အုပ်ချုပ်ရေး.၊ကိုယ်ပိုင် စာပေ ယဉ်ကျေးမှုတို့နှင့်ဂုဏ်ယူဝင့်ကြွားစွာ အလံလွှင့်ထူနိုင်ခဲ့သော လူမျိုးတမျိုးဖြစ်
ကြောင်း..၊ထို့ကြောင့် မိမိတို့၏ အမျိုးသားရေးလဏ္ခာများ..စာပေ ယဉ်ကျေးမှု့များ မပျောက်ပျက်ရန်အတွက် ဝိုင်းဝန်း၍ ထိန်းသိန်းစောင့်ကြပါရန်..၊ကနေ့ဆိုရင် မိမိတို့အမျိုးသားရေးတာဝန်များသည် ကျွန်ုပ်တို့ ပုခုံးပေါ်တွင်
ကျရောက်နေပါပြီး ထို့ကြောင့် မိမိတို့တက်နိုင်သည့်အပိုင်းမှ ဝိုင်းဝန်း၍ လုပ်ဆောင်ကြပါရန်..နှင့် ကိုးရီးယားနိုင်
ငံအတွင်းတွင် မွန်အမျိုးသားနေ့ကို (၃)ကြိမ်တိုင်တိုင် အောင်မြင်စွာကျင်းပခဲ့နိုင်သည့်အတွက်အလွန်ပင်အားလုးံ
အထူးပင်ကျေးဇူးတင်ရှိကြောင်းကိုထပ်မံပြောကြားပါကြောင်း..နောင်နှစ်လည်း ဒီလိုဘဲ မွန်အမျိုးသားနေ့ကို ထပ်မံကျင်းပနိုင်ရန်အတွက် ကိုးရီးယားရောက်နေသော မွန်အမျိုးသားများအားလုံးက ဝိုင်းဝန်း၍ ကူညီပေးကြပါ
ရန် စသည်များကို တိုက်တွန်းပြောကြားသွားခဲ့သည်။
ထို့နောက် မွန်ကိုးရီးယား အသင်းမှ ဒု-ဥက္ကဌ နိုင်ထွန်းဝင်း က ဆက်လက်၍မိန့်ခွန်းပြောကြားရာတွင်
အခမ်းနားတက်ရောက်လာကြသော သူများအားလုံးကို တွေ့ရတာဝမ်းသာပါကြောင်းနှင့်အထူးပင်ကျေးဇူးတင်ရှိ
ကြောင်း၊ အခုလိုမိန့်ခွန်းပြေားကြားခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း ၊အထူးသဖြင့် ကျနော်တို့ ကိုးရီး
ယားနိုင်ငံတွင် အလုပ်လုပ်နေကြသော မွန်အမျိုးသားများ အလုပ်အပြောင်းရွှေ့ရာတွင် အနေထိုင်အခက်ခဲ
အတွက် အဓိကရည်ရွယ်၍ အခန်းတခန်းငှါးထားရာတွင် ၁နှစ်နီးပါးရှိပြီးဖြစ်ကြောင်း ထိုအတောအတွင်း အခက်
ခဲများစွာ ကြုံတွေ့ခဲ့ရပါသည်။ အဓိက ကတော့ ရန်ပုံငွေနည်းသည့်အတွက်ကြောင့်ဖြစ်ခြင်းနှင့် အခန်းခ အတွက်
လစဉ်ကြေးပေးသည့်လူနည်းနေသေးကြေင်း၊သို့ဖြစ်ပါ၍ကိုးရီးယားရောက်ရှိသောကျနော်တို့အနေနဲ့ထိုအခန်းတွင်
မိမိတို့ကိုယ်တိုင် လာရောက်မတည်းရင်သော်လည်း နေဖို့ဒုက္ခရောက်နေသော မိမိတို့လူမျိုးအတွက် ရည်ရွယ်၍
ကူညီသည့်အနေဖြင့် မိမိတို့ ကွမ်းဖိုး ဆေးလိပ်ဖိုးကြားကဖယ်၍ အခန်းခကို ဝိုင်းပေးကြပါရန် တိုက်တွန်းလိုပါ
ကြောင်း.၊ထိုသို့ အကူညီပေးမည့်သူများအား မိမိတို့အသင်းအနေဖြင့် ဝမ်းမြောက်စွာ.ကြိုဆိုပါကြောင်းနှင့်
မှတ်တမ်းတင်ရှိပါကြောင်း..စသည်တို့ပြောကြားသွားခဲ့သည်.။ထို့အတူ မွန်ကိုးရီးယား အသင်း၏ အတွင်းရေးမှုး
ဖြစ်သူ နိုင်တင်မွန်ကလည်း လက်ရှိ ကျနော်တို့အသင်းတွင် ကြုံတွေ့နေရသော အခက်ခဲများနှင့်ရင်ဆိုင်နေရ
သောပြသနာ များကိုအကျဉ်းချုံးရှင်းပြပြီးတက်ရောက်လာသော ပုရိသတ်များကိုမိမိတို့ အသင်းတိုးတက်ရာ
တိုးတက်ကြောင်း အတွက် အကြံဥာဏ်များဝိုင်းပေးကြပါရန်ထပ်မံတိုက်တွန်းသွားခဲ့သည်။ထို့နောက်
မွန်ကိုးရီးယားအသင်းမှ ဥက္ကဌ နိုင်ဂံင်ဆာန် နှင့် ဒု-ဥက္ကဌ နိုင်ထွန်းဝင်းတို့ကို မွန်ကိုးရီးယား အသင်းမှ ဂုဏ်ပြု
မှတ်တမ်း ကို အသင်းအမှု့ဆောင် နိုင်ဗညားမွန် က ပေးအပ် ဂုဏ်ပြုခဲ့သည်။ ပြီးနောက်(ပါမောက္ခဆာန်) သီးချင်းဖြင့် အမျိုသားအလံတော်ကို ကိုင်မြှောက်ကာ(သရုပ်ပြ)၊(၆၃)ကြိမ်မြောက် မွန်အမျိုး
သားနေ့အခမ်းနားကို အောင်မြင်စွာပြီးဆုံးကြောင်းကို အခမ်းနားမှုး နိုင်တင်မွန်ကကြောငြာအပ်ပါသည်။
(၆၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရန်အတွက် အဖက်ဖက်မှ ကူညီပေးကြသော သူငယ်ချင်းများလုံး၊ ဓမ္မဒူတ ဘုန်းကြီးကျောင်းမှ ဆရာတော်ဘုရားနှင့်တကွ ကျောင်းအကျိုးတော်ဆောင်များ၊
တက်ရောက်လာသော တိုင်းရင်းသား ညီအကိုများ..၊အင်္ကျီကိစ္စကို တာဝန်ယူပေးသော..ကိုဇာနည်အောင်..နှင့်
တကွ အခြားသော ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးတင်အပ်ပါကြောင်းနှင့် မွန်ကိုးရီးယားအသင်းမှ
မှတ်တမ်းတင်အပ်ပါသည်။

Friday, February 19, 2010

မီးကျောင်းရှိုက်သံ ပြန်ကြားနိုင်ပါ့အုံးမလား...


ဆောင်းပါး- အဆောင်းဝီ
စူးရှလွင်ဝါပြီး မြိုင်ဆိုင်သော ရိုးရာတူရိယာ အသံတမျိုးကို ကြားလိုက်ရသည်။ ထို ၁၂ စက္ကန့်ခန့်သာ ကြာသော
အသံသည် “လွမ်းဆွတ် တမ်းတမှု” ကို ဖော်ဆောင်သည်ဟု ထင်ရသည်။ ထို့နောက် Iron Cross (IC) တေးဂီတမှ လိဒ်ဂစ်တာသမားချစ်စမ်းမောင်၏ Plucking တီးကွက်နှင့်အတူဝုန်းဒိုင်းကျဲပေါက်ကွဲသည့်ခေတ်ပေါ်
ရော့ခ်သီချင်းတပုဒ်၏ အပျိုး တီးလုံးသံများအကြား ခဏသာကြားလိုက်ရသောရှေးဟောင်းတူရိယာသံ ပျောက်ကွယ်သွားတော့သည်။

တီးခတ်ရန် အဆင်သင့် ဖြစ်နေသည့် မိကျောင်းတူရိယာကို တွေ့ရစဉ် ထိုသီချင်းမှာ လူမျိုးတမျိုး၏ ဆုံးရှုံးခဲ့ခြင်း
အတွက်တမ်းတခြင်းဟု အဓိပ္ပာယ် ဖော်ဆောင် နိုင်အောင် ကြိုးစား ထားသည်ဟု ခံစားလိုက် ရသည်။ အထက် ဖော်ပြပါ သီချင်းခေါင်းစဉ်ကို “မိကျောင်း ရှိုက်ငိုသံ” ဟု ပေးထား သော်လည်း သီချင်း စာသားတွင် “မိကျောင်း” ဟူသည့် စာသား တလုံး တပါဒမှ မတွေ့ရပေ။ သို့သော် သီချင်း အစပိုင်းတွင် သုံးထားသည့် ရိုးရာ မိကျောင်း တူရိယာ၏ တီးခတ်ဟန်မှာ မြန်ဆန် သွက်လက်ပြီး လျှို့ဝှက်နက်နဲမှု ရှိသည်ကိုတော့ နားလည် လိုက်သည်။

“သဲသောင် ပြင်ထက်မှာ အိပ်စက်ခွင့်ပြုပါ ... မြစ်ယန်စီရေ သောက်သုံးခွင့် ပြုပါ ..... နေရာ ဟောင်းဆီ ပျံသန်းခွင့် ပြုပါ ....” စသည့်စာသားများ ပါဝင်သော ရော့ခ်အပြင်းစားသီချင်းတပုဒ် ဖြစ်နေသဖြင့် ထိုသီချင်းကို ဂရုပြုမိသူ နည်းပါးသည်။ “ကျနော့်အခွေက အချစ်သီချင်းတွေနဲ့ ပေါက်သွားတော့ ဒီသီချင်းကို လူတွေ သတိမထားမိလိုက်ကြဘူး။အဲဒီသီချင်းဟာ ပျောက်ကွယ်စ ပြုနေပြီဖြစ်တဲ့ မွန်ရိုးရာ တူရိယာတမျိုးရဲ့ လက်ရှိအခြေအနေကို ပြောပြချင်လို့ ရည်ရွယ်ရေးသား ခဲ့တာပါ” ဟု နာမည်ကျော် မွန် အဆိုတော် လဝီက သူ့သီချင်းနှင့် ပတ်သက်၍ ပြောပြသည်။

သူက သူ့သီချင်းခွေ တီးခတ် သီဆိုစဉ် IC အဖွဲ့သားများနှင့် ညှိနှိုင်းကာ ရှေးဟောင်းမွန်တူရိယာ မိကျောင်းကို ခေတ်ပေါ် သီချင်းနှင့် တွဲသုံးရန် စီစဉ်ခဲ့ပုံများကို ရှင်းပြသည်။ မိကျောင်း တူရိယာသည် မွန် တိုင်းရင်းသားတို့အမြတ်တနိုးထားသော ရိုးရာတူရိယာတမျိုး ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ဂီတ သင်္ကေတ ပြယုဂ်လည်း ဖြစ်သည်။ “မိကျောင်း တီးခတ်သူရဲ့ ဘယ်ဘက် လက်ချောင်းတွေဟာ တေးသွားအလိုက်လှန်ချည်၊ မှောက်ချည်လိုက်ကနေသလို ကြည့်ရှုသူတွေကို ဆွဲဆောင်မှု ပိုစေတယ်။ မိကျောင်းကျောကုန်းပေါ်က ဖလက်တံတွေကြားမှာ လက်ချောင်း ကလေး တွေက ကပြနေသလားလို့ ထင်လာစေတယ်။ တေးသွားအလိုက် တီးခတ်သူရဲ့ ဦးခေါင်းကလည်း အကမင်းသား အလား လှုပ်ရှားယိမ်းခါပြီး တီးခတ်ကြတယ်။ဒါပေမယ့် အဲဒီအဆင့်အထိ တီးခတ်နိုင်တဲ့ မွန်ပညာရှင်တွေ သိပ်မကျန်တော့ဘူး” ဟုရန်ကုန်
အနုပညာ တက္ကသိုလ်တွင် ဂီတဆိုင်ရာ နည်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ နိုင်ထောပိုင်က ရှင်းပြသည်။
နိုင်ထောပိုင်သည် အဆိုတော် လဝီ သီဆိုခဲ့သည့် "မိကျောင်းရှိုက်ငိုသံ"သီချင်းအစ၊ မိကျောင်းတူရိယာအသံကို ဖန်တီး ပေးခဲ့သူလည်း ဖြစ်သည်။ နိုင်ထောပိုင်၏ ပြောပြချက်သည်ရန်ကုန်မြို့ပေါ်
မွန်ရိုးရာယဉ်ကျေးမှု ပွဲတော်များတွင် မိကျောင်းတူရိယာ တီးခတ် ပေးလေ့ရှိသူ သာကေတမြို့နယ်မှ ဂီတပညာရှင် ဆရာ နိုင်ဟံသာကို သတိရမိစေသည်။ နိုင်ဟံသာ၏ တီးခတ်ဖျော်ဖြေ ဟန်သည် ဦးခေါင်း၊ လက်များကတေးသွားအလိုက် ယိမ်းနွဲ့လှုပ်ရှားကာ တေးသွားကို ပိုမိုသက်ဝင်အောင် ဆောင်ကြဉ်း နိုင်သူဟ
ုမွန်ဂီတပညာရှင်တို့က ပြောစမှတ်ပြုကြသည်။
မွန်မိကျောင်း တူရိယာသည် မွန်ဘာသာ "ကျာံ" (မြန်မာအသံထွက် "ကျာမ်") ဟု ထွက်ဆိုပြီး ထိုင်းနိုင်ငံမှJakhe စောင်းနှင့် ကမ္ဘောဒီးယားမှ Krapeu ရှေးဟောင်းကြိုးတပ် တူရိယာကြီးများနှင့် ဆင်တူကြသည်။အဘယ်ကြောင့်ဆိုသော် ထိုင်းအခေါ် Jakhe၊ ကမ္ဘောဒီးယားအခေါ် Krapeu ဟူသည်မှာ "မိကျောင်း" ဟု အနက်အဓိပ္ပာယ်ချင်း တူညီသကဲ့သို့ တူရိယာများ၏ ဖွဲ့စည်းပုံ၊ တီးခတ်ပုံမှာလည်း ဆင်တူလှသည်။ သို့သော် မွန်မိကျောင်း၏ ဖွဲ့စည်းပုံသည်ပုံမှန်အားဖြင့် ၄ ပေ ရှည်လျားသည့် မိကျောင်း ကိုယ်ထည်ကဲ့သို့ အချိုးအစား ပြေပြစ်ပြီး ဦးခေါင်း၊ အမြီးနှင့် ခြေ ၄ ချောင်း ပါရှိသည်။ ကျောကုန်းအကျယ် ၇ လက်မ ရှိပြီး ဝမ်းဗိုက်မှာ ၈ လက်မ ကျယ်သည်။ ဝမ်းဗိုက်ဟောင်းလောင်း ဖြစ်၍ ကျောဘက်တွင် မိကျောင်းသားရေဖြင့် တန်ဆာဆင်ထားသည်။ ၃ ကြိုးတပ် မိကျောင်းတူရိယာဖြစ်သည်။ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သော မွန်လူမျိုးတို့က ကြိုး ၃ ချောင်းသည် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုယ်စားပြုသည်ဟု ဆိုကြသည်။ အောက်ဆုံးကြိုးမှာ ကြေးနီဖြစ်ပြီး အပေါ် ၂ ချောင်းအတွက် နိုင်လွန်ကြိုး သုံးထားသည်။ ပုံမှန်အသံများမှာ FCF ကြိုးညှိသံ ဖြစ်သော်လည်း သစ်သား (သို့မဟုတ်) ဝါးဖြင့် ပြုလုပ် ထားသည့် ဖလက်တံ ၁၃ ခုမှာ အသေမဟုတ်ဘဲ လိုအပ်သလို ရွေ့လျားနိုင်သည်။ ထိုမိကျောင်းကို စောင်းနှင့် မတူရ လေအောင် ရောင်စုံ ခြူးပန်းခြူးနွယ်ဖြင့် တန်ဆာဆင်ထားသေးသည်။
အေဒီ (၈၀၁ - ၈၀၂) ခုနှစ်တွင် ပျူမင်း ယန်ချိအန် စေလွှတ်လိုက်သော သံအဖွဲ့တဖွဲ့သည် တရုတ်နိုင်ငံ ချန်အန် နေပြည်တော် ဧကရာဇ် တဲကျုန်၏ နန်းတော်သို့ ရောက်ရှိခဲ့သည်။ ယင်းသံအဖွဲ့တွင် ပါသွားသည့် တူရိယာ ၂၂ မျိုးအနက် ကြိုးတပ် တူရိယာတွင် မိကျောင်းခေါင်းစောင်း ၂ မျိုး ပါဝင်ရာ တရုတ်ပြည်ရောက် မိကျောင်းစောင်းသည် ယခု မွန်တို့ အသုံးပြုနေသော မိကျောင်းစောင်း တမျိုး ဖြစ်သည်ဟု စာရေးဆရာကြီး ဒဂုန်နတ်ရှင်၏ စာတမ်းတစောင်တွင် ရေးသား ထားသည်။ သို့သော် တရုတ်ပြည်ရောက် မိကျောင်းတွင် ကြိုး ၉ ချောင်းကို ဆန့်တန်းရန် အကန့်များ ပါရှိသော်လည်း ယနေ့ခေတ် မွန်မိကျောင်းသည် ကြိုးညှိရန် ဒလက် ၃ ခုသာ ပါရှိသည်။
မည်သို့ပင်ဖြစ်စေ ယခုအခါ မိကျောင်းတူရိယာကို မွန်တို့ ကသာ အသုံးပြုနေကြသဖြင့် ထန်မင်းဆက် တရုတ်နန်းတော် ရောက် မိကျောင်းစောင်းသည် ယခု မွန်မိကျောင်းတူရိယာမျိုး ဖြစ်သည်ဟူသော ဆရာကြီး ဒဂုန်နတ်ရှင်၏ အဆိုကို လက်ခံသင့်သည်ဟု မွန်သမိုင်းဆရာ နိုင်ခင်မောင်လေးက ထောက်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် မွန်တူရိယာ ဖြစ်ကြောင်း သုတေသီတို့က တညီတညွတ်တည်း ဆုံးဖြတ်ကြသည့် မိုးသားခေါင်း ဗျပ်စောင်းတူရိယာ၏ ကြိုးခေါက် တုတ်ပြား၌ ကနေသည့် ရုပ်ပုံကို တရုတ်တို့က ကွန်လွန် (Kun Lun) ဟု ခေါ်သည်။ ကွန်လွန်သည် တရုတ်တို့က မွန်လူမျိုးကို ခေါ်ဝေါ်သည့် အမည် ဖြစ်သည်။
တခြားအချက်မှာ မွန်မိကျောင်းတူရိယာ ဆင်းသက်လာပုံကို တချို့သမိုင်းဆရာတို့က “ရှင်မွေ့နွန်းနှင့် မင်းနန္ဒာ” တို့၏ ဒဏ္ဍာရီဆန်ဆန် ကြေကွဲဖွယ်ဖြစ်ရပ်၏ နောက်ကွယ်က စတည်လာသည်ဟု ဆိုသည်။ချစ်သူနှင့် ဆုံတွေ့ရန် ငမိုးရိပ် ချောင်း ဖြတ်ကာ မင်းနန္ဒာကို ပို့ပေးခဲ့သည့် မိကျောင်းကို အစွဲပြု၍မိကျောင်းတူရိယာကို ထွင်းလုပ်စေကာ နန်းစဉ်သုံး တူရိယာတမျိုးအဖြစ် စတင်အသုံးပြုလာကြကြောင်း မွန်လူမျိုးတချို့ကလည်း လက်ခံယုံကြည်ထားကြသည်။ ထို့ကြောင့် မိကျောင်းတူရိယာ၏ အသံသည် လွမ်းဆွတ်ကြေကွဲမှုများ ထင်ဟပ်နေသည်ဟု ဆိုကြသည်။ မင်းနန္ဒာသည် ချစ်သူ ရှင်မွေ့နွန်း ရှိရာ ရန်ကုန်မြို့တဘက်ကမ်း သန်လျင်သို့ အသွား မမျှော်လင့်သောတည၌ မိကျောင်းအာခံတွင်းတွင် ငုံထားစဉ် အသက်ဆုံးရှုံးခဲ့ရသည်ကို ဒဂုံ (ရန်ကုန်) ပြည့်ရှင် ဥက္ကလာပမင်းက ကွယ်လွန်သူ သားတော်အတွက် မိကျောင်းတူရိယာ ထွင်းလုပ်စေခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည် ဆိုရိုးစကား ရှိခဲ့ကြသည်။
မည်သို့ပင်ဆိုစေ ယနေ့ခေတ်ကာလတွင် မိကျောင်းတူရိယာကို ပညာရှင်အဆင့် တီးခတ်နိုင်လောက်အောင် တတ်ကျွမ်းသူ အတော်ပင် ရှားပါးသွားသည်ကို တွေ့မြင်ရသည်။ ပညာရှင်အဆင့် တတ်မြောက်သူ နိုင်ရွှေပြည်၊နိုင်ချမ်းရဲ၊ နိုင်ထောပိုင်၊ နိုင်ဟံသာ၊ နိုင်ဟန်ဝင်းအောင်တို့သာ ရှိတော့သည်ဟု မွန်ဂီတ သမိုင်းလေ့လာသူ နိုင်ထောပိုင်က ရှင်းပြသည်။ ထိုသူများမှာ အသက် ၅၀ ကျော် သက်ကြီးပိုင်းများသာ ဖြစ်သည်။ မျိုးဆက်သစ်များတွင် ပညာရှင်အဆင့် တီးခတ်နိုင်သူ မရှိသေးကြောင်း သိရသည်။ “မွန်လူမျိုးကကိုယ်ပိုင်ဂီတတွေကို လွတ်လွတ်လပ်လပ် လက်ဆင့်ကမ်းထိန်းသိမ်းခွင့် မရတာ နှစ်ပေါင်း ၂၅နှစ်ကျော်လာပြီလေ။ မွန်နေပြည်တော် ကျဆုံးပြီးကတည်းက ဆိုတော့လေ။ ဒါကြောင့် ရှေးရိုးမပျက်တီးခတ်နိုင်သူရှားသွားတာ”ဟု နိုင်ထောပိုင်က ပြောသည်။ လွန်ခဲ့သည့် အနှစ် ၆၀ ကျော်က မြန်မာနိုင်ငံတွင်မိကျောင်းတူရိယာ တီးခတ်နိုင်သူ မရှိသလောက်ရှားခဲ့သည်ဟု မွန်ဂီတ ပညာရှင်တို့၏
ပြောပြချက်အရသိရသည်။ ထိုစဉ်က ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူ သံဖြူဇရပ်မြို့နယ်သားတဦးသာတီးတတ်
သည်ဟု ဆိုကြသည်။ ထိုပညာရပ်ကို အဆိုပါပညာရှင်ထံမှတဆင့် မြန်မာပြည်တွင်းမှ မွန်မျိုးဆက်တို့က ဆက်လက် သင်ကြားလာ၍ ယနေ့ ပညာရှင်အဆင့် တီးခတ်နိုင်သူများ ပြန်လည်ပေါ်ထွန်းလာကြခြင်း ဖြစ်သည်။
မိကျောင်းတူရိယာဖြင့် တီးခတ်ထားသည့် မွန်ခေတ်ဟောင်း တေးသီချင်းများတွင်သာ နားဆင်နိုင်ခြင်းသည် ထိုတူရိယာကို ဆက်လက် ထိန်းသိမ်းသွားရန် ခက်ခဲစေသည်ဟုလည်း မွန်ဂီတပညာရှင်တချို့က ပြောဆိုကြသည်။ “မိကျောင်းအတတ်က အပုဒ် ၂၀ လောက် တီးတတ်သွားရင် ဆက်သင်ချင်စိတ် မရှိတော့ဘူး။ မိကျောင်းကို သွားလေရာ သယ်ဖို့ မလွယ်ကူဘူးလေ။ ပြီးတော့ မှာတဲ့လူရှိမှ ထွင်းလုပ်တာဆိုတော့ ဈေးနှုန်းကလည်း ကြီးတယ်လေ။ အဓိက အချက်က ဒီအတတ်ပညာတခုတည်းနဲ့ အသက်မွေးဝမ်းကြောင်း
အနေနဲ့ရပ်တည်လို့ မရဘူး”ဟု မိကျောင်းတီးခတ်မှုကိုအခြေခံအဆင့် လိုက်စားခဲ့ဖူးသူ မွန်လူငယ်နေလင်းထွန်း
ကဆိုသည်။ ကျေးလက်နေ မွန်မျိုးဆက်သစ်တို့က မိကျောင်းတူရိယာထက် သယ်ရလွယ်ကူပြီး တီးခတ်ရန်
ပိုမိုလွယ်ကူသောမယ်ဒလင်၊ တယောတို့ကိုပိုစိတ်ဝင်စားကြသည်။ ယနေ့ခေတ် မွန်ရိုးရာပွဲလမ်းသဘင်များတွငိ
မိကျောင်းတူရိယာ၏ အခန်းကဏ္ဍသည်လည်း ပျောက်ကွယ်စပြုနေသည်။ အပျို၊ လူပျိုတို့ တိုင်ချက်ညီညီ၊ ကဗျာ၊ လင်္ကာကျကျ စကားစစ်ထိုးသည့် နှစ်ပါးသွားအဆို သီချင်းမျိုးနှင့် ယဉ်ကျေးမှုအကတို့ဖြင့်ဖျော်ဖြေရသည့်
သီချင်းမျိုးများတွင်သာ မိကျောင်းကို အသုံးပြုကြသည်။ သို့သော် ပွဲလမ်းသဘင်များတွင် နှစ်ပါးသွားအဆို၊ အတီးအကများသည် ခေတ်ပေါ်တီးဝိုင်းအဖွဲ့တို့ဖျော်ဖြေရေးလောက်အရာမဝင်တော့သည်ကိုတွေ့မြင်ရသည်။
မိကျောင်းတူရိယာ၏ ယနေ့ခေတ် တန်ဖိုးမှာ ကျပ် ၃ သိန်းဝန်းကျင်ခန့်ရှိသည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ မိကျောင်း တူရိယာ ထွင်းလုပ်သူ နိုင်ဟန်ဝင်းအောင်“ပြည်တွင်းမှာမိကျောင်း မှာတဲ့လူ မရှိသလောက်ဖြစ်နေတယ်။ ကျနော်တို့ကလည်း မှာယူတဲ့သူရှိမှ လုပ်ပေးတယ်။ တနှစ်အတွင်းမှာမှ ၃ ခုလောက်ပဲ လာမှာ တတ်တယ်။ မိကျောင်းတူရိယာ ၁ ခုလုပ်ဖို့ အချိန် ၂ လလောက် လိုအပ်တယ်” ဟု ဆိုသည်။
"မြန်မာပြည်မှ မွန်ဂီတ"အမည်ရှိ နိုင်ထောပိုင်၏ မွန်တူရိယာအဖွဲ့က ရှေးဟောင်းမွန်တေးသီချင်း(၁၃)ပုဒ်က
ို ၂၀၀၆ ခုနှစ်က နောက်ဆုံး ထွက်ရှိခဲ့ဖူးသည်။ ထိုထဲတွင် "မိကျောင်းဘုရင်ရဲ့ ဒေါသ"အပါအဝင် မိကျောင်း
တူရိယာကို အသားပေးတီးခတ်ထားသည့်သီချင်းများလည်း ပါဝင်သည်။ ထိုအချိန်မှစ၍ ယင်းကဲ့သို့ အလားတူရှေးဟောင်းမွန်တူရိယာများဖြင့် သီဆိုတီးခတ်ထားသည့် အယ်လ်ဘမ်မျိုထွက်ရှိလာခြင်းမရှိတော့ချေ။
ရိုးရာလိုက်စားနေသူအမေရိကန်ရောက်မြန်မာဂီတပညာရှင်ကိုဒူးက“နိုင်ငံတကာမှာအခုခေတ်စားနေတ
ဲ့ရိုးရာတူရိယာနဲ့ပေါင်းစပ်ထားတဲ့ ခေတ်ပေါ်တေးဂီတတွေ အရမ်းအောင်မြင်နေတယ်။ကိုယ်ပိုင်တီထွင်ဖန်တီးမှု
အနေနဲ့ပဲ နိုင်ငံတကာက အာရုံစိုက်လာအောင် ကြိုးစားသင့်ပါတယ်။ ဒါ မွန်ဂီတ၊ ဒါ မြန်မာဂီတကွလို့ ပြနိုင်မယ့် ဂီတမျိုးတွေပေါ့”ဟုပြောသည်။ကိုဒူးကမွန်မိကျောင်းတူရိယာကို မွန်ပြည်နယ်ပေါင်မြို့မှမှာယူကာ အမေရိကန်နိုင်
်ငံအထိ သယ်ယူခဲ့ပုံကို ပြောပြသည်။ မိကျောင်းတူရိယာကို ခေတ်ပေါ် စက်ပစ္စည်း၊ တူရိယာများနှင့် ပေါင်းစပ်ပြီး အများနှင့် အသွင်ကွဲပြားစေမည့် ဂီတသစ်ကို ဖန်တီးနိုင်မည်ဟု ယုံကြည်သူများထဲတွင် ကိုဒူးလည်း ပါဝင်သည်။ ကိုဒူးသည် ၂၀၀၆ ခုနှစ်က “မြန်မာပြည်မှ မွန်ဂီတ” ဟူသည့် မိကျောင်းတူရိယာ အသားပေး တီးခတ်ထားသည့် တေးစီးရီးကို ထုတ်လုပ်သူများတွင် ပါဝင်သူလည်း ဖြစ်သည်။
မိကျောင်းတူရိယာ၏ဖွဲ့စည်းပုံကိုဆန်းသစ်ရမည်၊သို့မှသာခေတ်ပေါ်တူရိယာများ အကြားတွင် မွန်လူမျိုးတို့၏ သင်္ကေတ အဖြစ် မိကျောင်းတူရိယာကို ဆက်လက် ရှုမြင်ရမည် ဆိုသည့်အချက် အပေါ် မွန်တိုင်းရင်းသား ပညာရှင်များနှင့် ဂီတ လိုက်စားသူ လူငယ်များအကြားတွင် အမြင်မတူကြချေ။
“ခေတ်ဟောင်းတူရိယာကိုခေတ်ပေါ်ဂီတမှာတွဲသုံးရင် မိရိုးဖလာဂီတကိုဖျက်ဆီးနေတယ်လို့
ထင်နေကြသူတွေ ရှိနေတယ်။ လက်မခံဘဲ ဒီအတိုင်း ထားခဲ့ရင်တော့ မိကျောင်းရဲ့ အခန်းကဏ္ဍက အလိုလို ပျောက်ကွယ် သွားလိမ့်မယ်” ဟု အဆိုတော် လဝီက ပြောသည်။ ။
မှတ်ချက်။ ။ဧရာဝတီသတင်းဌာနမှ ဆောင်းပါးရှင်အဆောင်းဝီ ရေးသားထားသော ဆောင်းပါးအားတဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။ တိုက်ရိုက်သွားကြည့်ရန် link- http:/www.irrawaddymedia.com/bur/index.php/articles/2-articles/262

Tuesday, February 02, 2010




မင်္ဂလာပါ..
လေးစားရပါသောတိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မ(ရွှေမြန်မာ)များခင်ဗျား.........တောင်ကိုးရီးယားနိုင်ငံရောက် မွန်လူမျိုးများ စုစည်းထားသော မွန်ကိုးရီးယားအသင်းမှ ကြီးမှုးကျင်းပ၍ တပို့တွဲလပြည့်ကျော်(၁)ရက်နေ့တွင်ကျရောက်သော (၆၃)ကြိမ်မြောက်မွန်အမျိုးသားနေ့ကို ရည်ရွယ်၍ (၁၅.၂.၂၀၁၀)ရက်နေ့တွင် ဘူဖြောင်းမြို့ ဓမ္မဒူတ ဘုန်းကြီးကျောင်းတွင်မွန်အမျိုးသားများစုစည်းပြီး ဘုရား၊တရား၊သံဃာတော် များအား ဆွမ်း၊ကွမ်း၊ ဒါနဝတ္ထု တို့ အစရှိသော လှုဖွယ်ရာစပ္ပည်းများဖြင့် အလှုဒါနပြုလုပ်မည်ဖြစ်ပါသဖြင့် တိုင်းရင်းသား ညီအကိုမောင်နှမများအလားလုံး ကျနော်တို့၏အလှုကို အထက်(ဖိတ်စာ)ပါအတိုင်း တက်ရောက် ပေးကြပါရန် လေးစားစွာဖြင့် ဖိမန္တက ထပ်မံ ပြုအပ်ပါသည်။
အမျိုးသားနေ့ဆိုသည်မှာ လူမျိုးတစ်မျိုးအတွက် အရေးကြီးသောနေ့ထူးနေ့မြတ်ပင်ဖြစ်ပါသည်။မိမိတို့၏ အမျိုးသားရေး ဝိသေသ လဏ္ခာများမပျောက်မပျက်အောင် ရည်ရွယ်၍ မျိုးချစ်စိတ်ဓါတ်အပြည့်အဝဖြင့် အမျိုးသားနေ့ကိုရောက်လေရာအရပ်တိုင်းတွင် ကျင်းပနေကြပါသည်။ထို့ကြောင့် တောင်ကိုးရီးယားရောက
မွန်အမျိုးသားများ အနေဖြင့် မိမိတို့၏ မွန်အမျိုးသားနေ့တွင် မိမိတို့တက်နိုင်သည့်ဘက်မှ (အကြံဥာဏ်ကောင်းများဖြင့်သော်လည်းကောင်း၊ ကာယလုပ်အားများဖြင့်သော်လည်းကောင်း)ဝိုင်းဝန်း၍ အကူအညီပေးကြပါရန် တိုက်တွန်း၍ နှိုးဆော်အပ်ပါသည်။ ခေတ်အဆက်ဆက် မိမိတို့၏ ဘိုးဘွားဘီဘင် ကတည်းကကျင်းပလာသော မွန်အမျိုးသားနေ့ဟာ ယခုဆို (၆၃)ကြိမ်မြောက်ခဲ့ပါပြီး။ထို့ကြောင့် ယနေ့ကျရောက်လာသော မိမိတို့၏ (၆၃)ကြိမ်မြောက် မွန်အမျိုးသားနေ့ကို အမျိုးသားရေး အသိစိတ်ဓါတ်ဖြင့် မပျက်မကွက် တက်ရောက်ပေးကြပါရန် တောင်ကိုးရီးယားရောက် မွန်အမျိုးသားများအားလုံးကို တိုက်တွန်း နှိုးဆော်အပ်ပါသည်။
လေးစားစွာဖြင့်
မွန်ကိုးရီးယား အသင်း