Sunday, February 13, 2011

(၆၄)ကြိမ်မြောက် မွန်အမျိုးသားနေ့(KOREA)

(၆၄)ကြိမ်မြောက် မွန်အမျိုးသားနေ့(KOREA)






(64)ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်ကို တောင်ကိုးရီးယား နိုင်ငံတွင်(မွန်အသင်း ကိုးရီးယား)က ဦးဆောင်ပြီး(3.2.2011) ရက်နေ့တွက် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်။ ထိုပွဲတွင် ကီုးရီးယားရောက် မွန်လူမျိုးများက မနှစ်ကထက်အမျိုးသားရေးသိစိတ်ဓါတ် အားမန်အပြည့်ဖြင့် စုံလင်စွာ တက်ရောက် လာခဲ့ကြသည်ကိုမြင်ရသည်မှာ အားရကျေနပ်ဖွယ်ကောင်းလှပါတယ်..(2.2.2011) ရက်နေ့တွင် မွန်အမျိုးသားနေ့ အထိမ်းမှတ်ဖြင့် ဘူဖြောင်းမြို့ ဓမ္မဒူတ ဘုန်းကြီးကျောင်းတွင် ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ် များအား ဝတ္ထု ကမ္မ အလှူတော်ငွေများ သွားရောက်ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

အခမ်းနားတွင် နိုင်အောင်သိန်း(လမိုင်းမြို့)မှ အခမ်းနားမှူးဖြင့် တာဝန်ယူပေးခဲ့သည်အခမ်းနားအစီစဉ်အရ ဒေသစံတော်ချိန် နေ့လည် (၂း၀၀)နာရီတွင် စတင်ပြီး မွန်အသင်းဥက္ကဌ နဲာဂံင်ဆာန် က အခမ်းနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မွန်အမျိုးသားအလံတော်သယ်ဆောင်အဖွဲ့က အလံတော်ကို သယ်ဆောင်လာပြီး အလံတော်အားအလေးပြုခြင်း၊ ကျဆုံးသွားလေပြီးသောလူအာဇာနည် ၊သံဃာ့အာဇာနည်ခေါင်းဆောင်ကြီး များအားအလေးပြုခြင်း ၊ ပစ္စုပ္ပန် သက်ရှိထင်ရှား အာဇာနည်ခေါင်းဆောင်ကြီးများအားအလေးပြုခြင်း ပြီးနောက် မွန်လူငယ်တစုက (ကြက်စလန်) သီးချင်းဖြင့် သရုပ်ပြ ဖြေဖျော်ပေးခဲ့သည်။ ထို့နောက်အစီစဉ် အရ အသင်းဥက္ကဌ နဲာဂံင်ဆာန်မှာ အဖွင့်အမှာစကားပြောကြားရာတွင် ကျနော်တို့ ကိုးရီးယား ရောက်မွန်အမျိုးသားများ အနေဖြင့် အဘယ်ကြောင့် (ဂကောံမန် ကိုဝ်ရိယျာ)ကို ဖွဲ့စည်းခဲ့သလဲ ဆိုသည့်အကြောင်းများ ...မိမိတို့ ဘဝလိုအပ်ချက်ကြောင့် ဒီနိုင်ငံမှာ လာရောက် အလုပ်လုပ်နေကြသည့် မွန်လူမျိုးများ အချင်းချင်း ဆုံစည်းနိုင်အောင် တဦး၏အခက်ခဲကို ဝိုင်းဝန်းဖြေရှင်းနိုင်ကြအောင် မွန်အမျိုးသားများ တစုတဝေးတည်း စုစည်းနိုင်အောင် ရည်ရွယ်ခဲ့ပါကြောင်း....လူဆိုတာတဦးတယောက်တည်း မနေသင့်ကြောင်း ..ကျနော်တို့ အားလုံး စုစုစည်းစည်းနဲ့ စည်းလုံးညီညွတ်နေကြမယ်ဆိုရင်ဖြင့် သာယာလှပတဲ့ လူ့ဘောင် တခုကိုဖန်တီးနိုင်မည်ဖြစ်ပြီး... အများအကျိုး သယ်ပိုးရာတွင်သော်လည်းကောင်း အမျိုးသားအရေး ဆောင်ရွက်ရာတွင်လည်းကောင်း အင်မတန်မှ ထိရောက်မှု့ရှိလာမည်ဖြစ်ကြောင်း... ထို့နောက် ကျနော်တို့စုစည်းနေမည်ဆိုပါက ထင်းစည်း တစည်း လိုပါဘဲ တစုံတဦးက အလွယ်တကူ ချိုးဖြတ်ရန် မလွယ်ကြောင်း စသည်များကိုဥပမာနှင့်တကွ ရှင်းပြပြောဆိုသွားခဲ့သည်။

အဲဒီနောက့်တွင် ဒု-ဥက္ကဌ နိုင်ထွန်းဝင်း (မော့ကနင်)က သြဝါဒ ပြောကြားရာတွင်.. (၆၄)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းနားတွင် စကားပြောကြားခွင့်ရတာ ဝမ်းသာပါကြောင်း အချိန်မအားလပ်တဲ့ကြားက တက်ရောက်လာသော မွန်အမျိုးသားများ နှင့် တိုင်းရင်းသား ညီအကိုများ မြန်မာ အသင်း(လူမှု့ရေး)မှ ကိုယ်စားလှယ်များနှင့်တကွ အခြားသော အသင်းအဖွဲ့မှ ကိုယ်စားလှယ်တော်များအားလုံးက ဂါရဝပြုပြိး ကျေးဇူးအထူးတင်ရှိပါကြောင်း ကာယစိတ္တ နှစ်ဖြာ..ကျန်းမာ ကြစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း...နှင့်. မိမိအနေဖြင့် ကိုးရီးယားနိုင်ငံသို့ ရောက်ရှိလာသော မွန်အမျိုးသားအားလုံး၊နောက်ထပ်ရောက်လာမည့်သူများအားလုံးကို ကျွန်ုပ် တို့နှင့်အတူ အသင်းတွင် ပိုမို ပူပေါင်းပြီး ဝိုင်းဝန်းတာဝန်ယူပေးကြပါရန်နှင့် အကြံဥာဏ်များ ဒီထက်မက ဝိုင်းဝန်းလုပ်ဆောင် ပေးကြရန် မေတ္တာရပ်ခံခြင်းနှင့်အတူ တိုက်တွန်းပြောကြားလိုကြောင်း၊ မွန်အမျိုးသားများအနေဖြင့်ဒီထက်မက ပိုမို စည်းစည်းလုံးလုံး ရှိကြပါရန်တိုက် တိုက်တွန်းအပ်ပါကြောင်း နှင့်နောင်နှစ်များတွင်လဲ ဒီထက်မက ပိုမိုစည်းကားစွာ ကျင်းပနိုင်ရန် နှင့် လူမှု့ရေးလုပ်ငန်းများတွင် ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ကျွန်ုပ်တို့ မွန်အမျိုးသားများ အားလုံး နိုးကြား ရန်လိုအပ်ကြောင်းနှင့် လုပ်နိုင်မယ်လို့ ယုံကြည်ရင်းနဲ့ မျှော်လင့်ရပါကြောင်း စသည်များဖြင့် နိဂုံးချုပ် ပြောကြားသွားသည်။

ထို့နောက် အသင်း၏ အကြံပေး နဲာဗလဲာမှ ပြောကြားရာတွင်.... တက်ရောက်လာသော သူများအားလုံးကို ကျေးဇူးတင်ကြောင်း အင်္ကျီဖြူ လုံချည် အနီနဲ့ တူညီတဲ့ အမျိုးသားဝတ်စုံနဲ့ ဝတ်ဆင်ထားသည်ကို မြင်ရသည်မှာ အလွန်မင်း ပျော်ရွှင်ရပါကြောင်း အင်မတန်မှဂုဏ်ယူဖွယ် ရာဖြစ်မိပါကြောင်း နောင်နှစ်များတွင်လဲ ဒီထက်မနိမ့်ကျတဲ့ အခမ်းနားမျိုး ကျင်းပနိုင်ရန်အတွက် အမျိုးသားနေ့ ကျင်းပရေး တာဝန်ယူထားသော မွန်အသင်း ကိုးရီးယား အား ဝိုင်းဝန်း အကူညီပေးကြပါရန် နှင့် အခြားသောအကြောင်းအရာများကို အကျည်းချုံးပြောကြားသွားပါသည်။ အဲဒီနောက် မွန်အသင်း ကိုးရီးယား၏ စည်းရုံးရေးမှူး + ဘဏ္ဍာရေး ကို ပူးတွဲတာဝန်ယူပေးထားသော နိုင်သားလေး(မော့ကနင်-ရွာသစ်)က အလုပ်ပြောင်းရွေ့ရာနှင့် အခြား အကြောင်းကြောင်းကြောင့် တည်းခိုရန်နေရာအတွက်အခက်ခဲ မဖြစ်ရလေအောင် ဂကောံမန် ကိုဝ်ရိယျာမှ အခန်းငှားထားပေးရာတွင် အခုဆို ၂ နှစ်တိုင်ခဲ့ပြီး..ကိုယ်ပိုင်အခန်းတခု ရှိခြင်းဖြစ် အကျိုးကျေးဇူး များစွာရှိခြင်း..မည်သူမဆိုအခမဲ့ လာရောက်တည်းခိုနိုင်ကြောင်း ၊ ဒီအခန်း ဆက်လက် ရပ်တည်နိုင်ရန်အတွက် ရန်ပုံငွေများ လိုအပ်ကြောင်း ထို့ကြောင့် အများအခက်ခဲ ဖြစ်ချိန်တွင် အဆင်ပြေစေရန် ရည်ရွယ်၍သော်လည်းကောင်း၊ ကျွန်ုပ်တို့အသင်းအတွက် အခြားလိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်၍ မျိုးချစ်စိတ်ဓါတ် ထက်သန်သော မည့်သူမဆို အသင်းအား ထောက်ပံ့လှူဒါန်းမည်ဆိုပါက ကြိုဆိုပါကြောင်းနှင့် အသင်းမှ အသိမှတ်ပြု မှတ်တမ်းတင် ရှိပါကြောင်း..စသည်များ ပြောကြားသွားသည်။

ထို့နောက် အသင်း၏ ကြီးကြပ်ရေးမှူး နိုင်ညီညီ(မုဒုံ)မှ အဘယ်ကြောင့် မွန်အသင်းကို ဖွဲ့စည်းရသလဲ..? ဖွဲ့စည်းရခြင်းအကြောင်းအရင်းများ ကို အကျဉ်းချုံးပြောကြာသွားသည်။ အဲဒီနောက်မှာတော့ ရှမ်းတိုင်းရင်းသား ကိုဝိုင်းမှ ဆက်လက်ပြောကြားရာတွင် ကမ္ဘာပေါ်တွင် စာပေပျောက်၊ယဉ်ကျေးမှု့ပျောက် နောက်ဆုံး လူမျိုးပါပျောက်ဆုံးသွားရသော လူမျိုးပေါင်း များစွာရှိခဲ့တဲ့အကြောင်း ထို့ကြောင့် ကျွန်တော်တို့ သည်လည်း မိမိတို့၏ စာပေ၊ ဘာသာစကား ယဉ်ကျေးမှု့မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရသည်မှာ သက်ဆိုင်ရာအမျိုးသားတိုင်းမှာ တာဝန်ကိုယ်စီရှိကြကြောင်း.. စသည်များကိုအကျဉ်းချုံး ပြောကြား သွားသည်။ထို့နောက် မြန်မာအသင်းမှ မွန်အမျိုးသားနေ့ အတွက် သဝဏ်လွှာ ကို တာဝန်ရှိသူ ဦးဝင်းနိုင်ဦးက ဖတ်ကြားပြီး မွန်အသင်းအား ပေးအပ်ခဲ့သည်။ဦးဘိုဘို ၊ ဦးဝင်းပေါ်မောင်(ထောင်စုပြင်တင်းဂျာနယ်) တို့က ကျေးဇူးတင်ကြောင်းနှင့် ဝမ်းသာကြောင်းများကို အသီးသီးပြောကြားသွားကြသည်။ အဲဒီနောက် ရခိုင်အမျိုးသား အသင်းမှ အတွင်းရေးမှူး ကိုဥာဏ်ထွန်းက ကိုးရီးယားရောက် မွန်အမျိုးသားများ စည်းစည်းလုံးလုံး ရှိသည်ကိုမြင်ရခြင်းမှာ အင်မတန် ဝမ်းသာလေးစားမိပါကြောင်း..မိမိတို့၏ အမျိုးသားရေး ပန်းတိုင်ကို အလျှင်အမြန်ရောက်ရှိနိုင်ကြပါရန် ဆန္ဒပြု ဆုမွန်ကောင်းတောင်းပေးအပ်ပါကြောင်း ကျွန်တော်တိုင်းရင်းသား ညီအကိုများ အားလုံး တစုတဝေးတည်း စည်းစည်းလုံးလုံး ရှိကြပါရန်နှင့် ဆိုးတူကောင်းဘက် အတူတကွ လက်တွဲကြပါရန် တိုက်တွန်းရင်း နိဂုံးချုပ် ပြေားကြားသွားသည်။

အစီစဉ်အရ တက်ရောက်လာသော တိုင်းရင်းသား ညီအကိုများနှင့်ဧည့်သည်တော်များကို မွန်ကိုးရီးယားအသင်း ကိုယ်စား အတွင်းရေးမှူး(၁) နိုင်တင်မွန်က လက်ဆောင် ပေးအပ်ခြင်း ၊နိုင်သူရိန်ထွန်းမှ တက်ရောက်လာသော ဧည့်သည်တော်များနှင့် တိုင်းရင်းသား ညီအကိုများအားကျေးဇူးတင်ကြောင်းနှင့် မွန်အမျိုးသားနေ့ နောက်ခံသမိုင်းအကျဉ်းနှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံတို့ကို ရှင်းလင်းပြောကြားခြင်း၊ ထို့နောက်နိုင်ဗညားစိုးမွန်မှ ၂၀၁၁ ခုနှစ်အတွင်း မွန်အသင်းအတွက် ကူညီထောက်ပံ့လှူဒါန်းသူများ စာရင်းနှင့် သက်ဆိုင်ရာ တာဝန်များ ယူပေးထားသော လူ စာရင်းများ ဖတ်ကြားသွားခဲ့သည်။အဲဒီနောက် နိုင်ညီညီမှ မွန်အသင်းသားများကိုယ်စားပြုပြီး၊ဂကောံမန် ကိုဝ်ရိယျာ နှင့်ပတ်သတ်၍ သိလိုသောမေးခွန်းများကို အမေးဖြေ ကဏ္ဍဖြင့် အသင်းဥက္ကဌ နဲာဂံင်ဆာန်အားမေးမြန်း ပေးခဲ့ပါသည်။ အဲဒီနောက့် ၂၀၁၁ ခုနှစ်တွင် ဂကောံမန် ကိုဝ်ရိယျာ အား အဖက်ဖက်မှ ဝိုင်းဝန်း ကူညီလုပ်ဆောင်ပေးခဲ့သော သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ကို အသင်း၏ ဒု-ဥက္ကဌ နိုင်ထွန်းဝင်း က နိုင်တင်မွန်(တံင်ပရင်)၊ နိုင်ထိုက်(မော့ကနင်) ၊နိုင်ဇာနည်အောင်(မော့ကနင်)နှင့်နိုင်လွီအံင်(တံင်ပရင်)တို့အားအသီးသီးပေးအပ်သွားပါသည်။

အဲဒီနောက်တွင်အထူးအစီစဉ်အရ အဆိုတော်ဂံင်ဆာန်နှင့် ဟေဇဝန်တို့ဦးဆောင်ပြီး တေးဂီတဖြင့် မြူးကြွစွာဖျော်ဖြေသွားပြီး တက်ရောက်လာသောဧည့်သည်တော်များအား အစားသောက်ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခြင်း..ပြီးနောက် အခမ်းနားမှူး နိုင်အောင်သိန်းမှ(၆၄)ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကိုးရီးယားနိုင်ငံ ဘူချွန်းမြို့ ဆမ်ဂျောင်း ပြည့်သူ့ ခန်းမတွင် (၃.၂.၂၀၁၁)ရက်နေ့တွင် ဒေသစံတော်ချိန် ညနေ ၅း၀၀ နာရီတွင် အောင်မြင်စွာ ပြီးစီးကြောင်း ကြေငြာ သွားခဲ့သည်။

(၆၄)ကြိမ်မြောက် မွန်အမျိုးသားနေ့ ဖြစ်မြောက်ရန်အတွက် အဖက်ဖက်မှကူညီပေးသွားခဲ့ကြသော မွန်အမျိုးသား ညီအကိုများအားလုံး၊ အကူညီလိုတိုင်း မငြီးမညူ ကူညီပေးတက်တဲ့ ရှမ်းအမျိုးကြီး ကိုဝိုင်း၊ အခမ်းနား တွင် ဖဲကြိုးကိုင်ပေးသော ဗန်းကိုင်ပေးသော Ewha Womans University မှ မဇာဇာဟန်နှင့် မယဉ်ယဉ်အေး တို့အားလည်းကောင်း...နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့ကို လာရောက် ဗွီဒီယို ရိုက်ကူးပေးနေသော MWTV ရုပ်သံမှ ကိုအောင်တင်ထွန်း အားလည်းကောင်း ကျွန်တော်တို့ အကျီင်္တံဆိပ်အား ဒီဇိုင်း ဝိုင်းဆွဲ ဝိုင်းအကြံပေး ကြသော နိုင်ဗမိတ်ချမ်း ၊ Disco မျိုး တို့အားလည်းကောင်း ၊ အကျီင်္ရိုက်ရာတွင် ဝိုင်းဝန်း ကူညီပေးခဲ့ ကြသော ညီအကိုများအားလည်းကောင်း၊ အခမ်းနားတွင် အက ဖြင့်ဖျော်ဖြေနိုင်ငံအောင် တာဝန်ယူ ကူညီပေးခဲ့သော ညီငယ်များအားလည်းကောင်း၊ ကျေးဇူးတင်ထိုက်သူများအား အားလုံး ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျွန်ုပ်တို့ မွန်အသင်း
(ဂကောံမန်ကိုဝ်ရိယျာ) မှ အထူးမှတ်တမ်းတင်ရှိပါသည်။

ဂကောံမန်ကိုဝ်ရိယျာ



ဗီဒီယိုဖိုင်ကို ကိုအောင်တင်ထွန်းက တည်းဖြတ်ရန်မပြီးသေးသည့်အတွက် ကျနော်များ မတင်ပေးနိုင် သေးခြင်းနှင့်အတူဘလော့တွင် အကြောင်းအမျိုးမျိုးကြောင့် ပို့စ်တင်တာ နောက်ကျ သွားသည်ကို အနူးညွတ်တောင်းပန်အပ်ပါသည်။