Thursday, January 27, 2011

၆၄ ကြိမ်မြောက်မွန်အမျိုးသားနေ့ ဖိတ်ကြားလွှာ




မွန်အမျိုးသားနေ့ ဖိတ်ကြားလွှာ

ပုံကြီးဖြင့်ကြည့်လိုပါက ကျေးဇူးပြုပြီး ပုံပေါ်တွင် ကလစ် ပါ



Monday, August 30, 2010

မျက်ရည်မိုး ရွာသွန်းဖြိုးသည့်ကင်မွန်းချုံဒေသ

asd
မျက်ရည်မိုး ရွာသွန်းဖြိုးသည့်ကင်မွန်းချုံဒေသ

ညးမခ်ဴပတုိန္ထ႟း - လဂၢန္ရာံ | တၝဲဒိတၳှ Thursday, February 25, 2010

သၞိက္ကဪုဂကူမည္ပိုယ္တံ ဂွံတီကေတ် ဒဒှ်ဂကူမည် ပႛဲပစ္စုပ္ပန်ဏံတဲု လေၞင်စလဲာဒဒှ်ဂကူမည် မဍာံစၞတ်မွဲ နူတႝးလိက်(နိုင်မင်းသောင်းသျှင်၊ President of Mon Literature and Culture Committee, Yangon) မချူလ၀် ပရူဒဒှ်ညးမဆဪုဂဗကေတ်လ၀်ဂှ် အဲ ချူပတိုန်ထ္ဘးဏာ ပႛဲမုက်လိက် (လိက်ပတ်မည်) ဏံရ။ ဇၞန်လိက်ဂှ် ဗတ်ဘာသာဗမာဟေင် ညးချူလ၀်တဲု အတိုင်ဗတ်ဗမာဂှ်ရ အဲ ချူဏာ။ အခြင်ရ ကႜဲာဘာသာဟွံလေပ်ဂှ် ဟွံဂး။ သႜးအေခါင္ညိ။

ဦးနှောက်တွင် သန္တေတည်
မိမိ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌတာဝန် ထမ်းဆောင်သည့်အချိန်မှစ၍ တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကင်မွန်ချုံဒေသကို ဦးနှောက်တွင် မသိမသာ နေရာယူထားသည်မှာ ကာလအတန်ကြာခဲ့ပြီ ယင်းဒေသနှင့် ပြန်လည်ဆက်သွယ်လိုသောစိတ် တဖွားဖွား ပေါ်ပေါက်ခဲ့ပါသည်။

ပြန်လည်ဆက်သွယ်မိခြင်း
ကံကောင်းထောက်မစွာဖြင့် ပြန်လည်ဆက်သွယ်မိခဲ့ပါသည်။ ပြန်လည်ဆက်သွယ်မိပုံမှာ မိမိ၏ဇာတိရွာ ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ၊ ကော့တွတ်စံပြကျေးရွာမှ ဘုရားပွဲတော်ကျင်းပရေးဥက္ကဋ္ဌနှင့်ကျေးရွာဥက္ကဋ္ဌများ သည် ရန်ကုန်မြို့သို့ ရုပ်ရှင်မင်းသား မင်းသမီး အဆိုတော်နှင့် လက်ဝှေ့သမားများ လာရောက်ငှါးရမ်းရာတွင် မိမိအား ကူညီဆောင်ရွက်ပေးရန် အကူအညီတောင်းခံလာသဖြင့် အကူအညီပေးခဲ့ပါသည်။

လက်ဝှေ့သမားရှာဖွေသည့်နေ့တွင် (၃၅)လမ်းရှိ ပစ်တိုင်းထောင် ဗီဒီယိုထုတ်လုပ်ရေး ရန်ကုန်မြို့၌ လက်ဝှေ့ပွဲများဖြစ်မြောက်အောင် စီစဉ်သူ စိုင်းဇော်ဇော်၏ ရုံးခန်တွင်ဖြစ်သည်။ အလုပ်ကိစ္စ ဆွေးနွေးနေချိန်တွင် လူငယ် (၄) ယောက် ၀င်ရောက်လာသည်။ စိုင်းဇော်ဇော်မှ ၄င်းတို့လာသည့်ကိစ္စနှင့် မည်သည့်ဒေသမှလာကြောင်း မေးမြန်းရာ ထန်းတပင်မှဖြင့်ကြောင်း ဖြေကြားသံကို မိမိကြားမိသည်။

ထိုစဉ် မိမိဦးနှောက်တွင် သန္တေတည်နေသော အသိတစ်ခု လှုပ်နှိုးသကဲ့သို့ ခံစားရပြီး လူငယ် (၄) ဦးအနက် တစ်ဦးကို ထန်းတပင် ဆိုတာ တောင်ငူခရိုင်ကလား၊ ကင်းမွန်းချုံကို သိလားဟုမေးမိရာ ကင်းမွန်းချုံရွာသားများ ဖြစ်ကြောင်း ပြန်ဖြေပါသည်။

မိမိက ယင်းလူငယ်အား မင်းမွန်လူမျိုးလားဟုမေးရာ ကျွန်တော်မွန်လူမျိုးမဟုတ်ကြောင်း ပအိုဝ်လူမျိုးဖြစ်ကြောင်း မွန်လူငယ်လည်း ပါလာကြောင်း တဆက်တည်း မွန်လူငယ်ဆိုသူနှင့် မိတ်ဆက်ပေးပါသည်။ မွန်လူငယ် မင်းအောင်နိုင်မျိုးက ကျွန်တော် မွန်လူမျိုးဖြစ်ကြောင်း သို့သော် မွန်စကား မပြောတတ်တော့ပါ။ ရွာမှလူကြီးများလည်း မွန်စကား မပြောတတ်တော့ကြောင်းနှင့် မွန်လူမျိုးဖြစ်ကြောင်း သက်သေအဖြစ် မှတ်ပုံတင်ကို စိတ်လှုပ်ရှားစွာ မိမိအား ပြသပါသည်။

မိမိသည် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌဖြစ်ကြောင်း၊ ကင်းမွန်းချုံဒေသနှင့်ဆက်သွယ်လိုကြောင်း ပြောပြရာ လူငယ်က သူတို့လည်း မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နှင့် ပြန်လည်ဆက်သွယ်လိုကြောင်း၊ မည်သို့မည်ပုံ ဆက်သွယ်ရမည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါသည်။

မိမိအမည် လိပ်စား ဖုန်းနံပါတ် အပြည့်အစုံ ရေးပေးပြီး ပြန်လည်ဆက်သွယ်နိုင်ကြောင်း အကူအညီ လိုအပ်ပါက တတ်အားသမျှ ကူညီမည်ဖြစ်ကြောင်း ပြောပြမိပါသည်။

မိမိတို့ အပြန်အလှန်စကားပြောနေသည်ကို နားထောင်နေသည့် စိုင်းဇော်ဇော်သည် ဆရာတို့ ဝေးကွာနေတဲ့ မွန်အချင်းချင်း ယခုလို ဆုံတွေ့ရသည်မှာ ပဋ္ဌာန်းဆက်အင်အားကြီးမားကြောင်း ကုသိုလ်ရေစက်ကူးကြောင်း ၀မ်းမြောက်ဝမ်းသာပြောဆိုပါသည်။

ပြန်လည်တွေ့ဆုံခြင်း
(၁၅)ရက်ခန့်ကြာသောအခါ မိမိထံသို့ ဖုန်းဖြင့် အကြောင်းကြားလာပါသည်။ ကင်းမွန်းချုံဒေသ၌ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဖွဲ့စည်းပြီးကြောင်း၊ ယခုနှစ်တွင် မွန်အမျိုးသားနေ့ကျင်းပခွင့်တောင်းခံထားပြီဖြစ်ကြောင်း၊ မည်သို့ကျင်းပရမည်ကိုလည်း ညွန်ကြားစေလိုကြောင်း၊ အလံအမှတ်အသား ဖိတ်စာမှအစ အသေးအစိတ် သိလိုကြောင်း ပြောကြားပါသည်။

မိမိမှ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) လစဉ်ပုံမှန်အစည်းအဝေးတွင် အကျဉ်းမျှတင်ပြခဲ့ပြီး စိတ်တွင် ကင်းမွန်းချုံဒေသသို့  လူကိုယ်တိုင်သွားရောက် တွေ့ဆုံဆွေးနွေးလိုစိတ် တဖွားဖွား ပေါ်ပေါက်ခဲ့ပါသည်။

နောက်(၃)ရက် အကြာတွင် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ကင်းမွန်းချုံဒေသ) အတွင်းရေးမှူးဖြစ်သူ နိုင်ဌေးလွင်မှ သိလိုသမျှကို မေးမြန်းပြီး ဥက္ကဋ္ဌအား လာရောက်စေလိုကြောင်း ဖိတ်ခေါ်ရာ မွန်အမျိုးသားနေ့ကျင်းပသည့်အချိန်တွင် လုပ်ငန်းအခြေအနေကြောင့် လာနိုင်မည်မဟုတ်ကြောင်း၊ ကြိုတင်လာလျှင် လက်ခံနိုင်ပါက မိမိနှင့်အဖွဲ့ လာမည်ဖြစ်ကြောင်း ပြောကြားရာ အတွင်းရေးမှူးမှ ၀မ်းမြောက်စွာ ကြိုဆိုကြောင်း ပြန်လည်ဖြေကြားပါသည်။

ထို့နောက် မိမိနှင့်အတူ လိုက်ပါနိုင်မည့်သူများကို စုစည်းပြီး မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ကင်းမွန်းချုံဒေသ) ဥက္ကဋ္ဌနိုင်ဘမော်ထံမှ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ မိမိတို့အဖွဲ့  (၂၅-၁-၂၀၁၀) ရက်နေ့ နံနက် (၇း၀၀) အချိန်တွင် ရန်ကုန်မြို့မှ ထွက်ခွါမည်ဖြစ်ကြောင်း သတင်းပို့ခဲ့ပါသည်။

(၂၅-၁-၂၀၁၀)ကင်မွန်းချုံဒေသ
(၂၅-၁-၂၀၁၀) ရက်နေ့တွင် ဥက္ကဋ္ဌ နိုင်မင်းသောင်းသျှင်၊ ပြန်ကြားရေးမှူး နိုင်စိုးကြည်း၊ အဖွဲ့ဝင် (ကျောင်းဆရာ) နိုင်ညွန့်ဖေ၊ မွန်စာပေသင်ကြားရေးနှင့်လူငယ်ဆပ်ကော်မတီ အတွင်းရေးမှူး မင်းသန်းထွန်းတို့ လိုက်ပါလျှက် (၁၁း၀၀) အချိန်တွင် တောင်ငူသို့ ရောက်ရှိသွားခဲ့ကြသည်။ ကားဆိုက်သည်နှင့် မွန်ပုဆိုး ၀တ်ထားသည့် ကင်မွန်းချုံဒေသ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ကင်မွန်းချုံ) အတွင်းရေးမှူး နိုင်ဌေးလွင်း၊ ကျေးရွာဥက္ကဋ္ဌမှ ဦးဆောင်ကြိုဆိုလျှက် မော်တော်ယဉ်ငယ်ဖြင့် တောင်ငူမှ (၁၈) မိုင် ဝေးသည့် ကင်မွန်းချုံဒေသသို့ ပထမအကြိမ် ရောက်ရှိခဲ့ပါသည်။

(၂၅-၁-၂၀၁၀) ညနေအချိန်တွင် မိမိအဖွဲ့နှင့် ကင်မွန်းချုံဒေသမှ လူကြီးလူငယ်အချို့နှင့် တွေ့ဆုံသည့် စကားဝိုင်းတွင် ရွာသားတိုင်း မွန်စကား မပြောနိုင်ကြ၍ ၀မ်းနည်းမိကြောင်း၊ ဥက္ကဋ္ဌနှင့်အဖွဲ့ လာရောက်သည်ကို ၀မ်းမြောက်ကြောင်း၊ ရွာမှ လူကြီးလူငယ် ကလေးများအားလုံ မွန်စကား ပြန်ပြောတတ်ချင်ကြောင်း၊ စိတ်ပါဝင်စားစွာ သင်ယူလိုကြောင်း ၀မ်းနည်းဝမ်းသာစကားပြောဆိုနေချိန်တွင် နိုင်ညွန့်ဖေအား အကဲခတ်ကြည့်ရာ မျက်ရည်မိုးများ ရွာနေသည်ကို တွေ့ရ၍ မေးရာ နိုင်ညွန့်ဖေက ယခုလို မွန်စကား မပြောတတ်သည့် မွန်ရွာ ရွာသူ ရွာသားများနှင့် တွေ့ဆုံရာတွင် မိမိစိတ် မွန်းကြပ်နေပြီး မွန်စကားကို မိမိကိုယ်တိုင် သင်ပေးနိုင်လျှင် ကောင်းမည်လား၊ မည်သို့ကူညီရမည်ကို စဉ်းစားရင်း မွန်စကား မပြောတတ်သည့်မွန်များ၏ ခံစားချက် ကူဆက်ပြီး မျက်ရည် မထိမ်းနိုင်ကြောင်း ရှင်းပြရှာပါသည်။

သားတို့သမီးတို့ ဘာလူမျိုးလည်း
(၂၆-၁-၂၀၁၀) နံနက် မွန်အရှေ့ရပ်ကွက် မွန်အလယ်ရပ်ကွက် မွန်အနောက်ရပ်ကွက်တို့ကို လှည့်လည်စဉ် ကလေးများ၊ လူလတ်ပိုင်း၊ လူကြီးပိုင်းများကို ဘာလူမျိုးလဲဟုမေးမြန်းရာ အားလုံးက မွန်လူမျိုးဖြစ်ကြောင်း၊ သို့သော် မွန်စကား မပြောတတ်ကြောင်း ၀မ်းနည်းစွာ ပြန်လည်ဖြေကြားပါသည်။

မျက်ရည်မိုးရွာသွန်းဖြိုး
(၂၆-၁-၂၀၁၀) နံနက် (၁၁း၀၀) နာရီအချိန်တွင် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နှင့် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ကင်မွန်းချုံဒေသ) တို့ မွန်အမျိုးသားနေ့ကျင်းပရေးဆွေးနွေးပွဲတွင် အစီစဉ် (၁) မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌမှ အမှာစကား ပြောကြားပါသည်။ အစီစဉ် (၂) မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ကင်မွန်းချုံဒေသ) ဥက္ကဋ္ဌ နိုင်ဘမော် အမှာစကား ပြောကြားပါသည်။ စကားပြောနေစဉ် ခဏအကြာ အသံတိတ်သွားပါသည်။ အားလုံးက နိုင်ဘမော်ကို ကြည့်နေကြသည်။ ဥက္ကဋ္ဌမှ စကားပြောနေရင်း မျက်ရည်ကျကာ အသံမထွက်တော့ချေ။ အလားတူ ရွာသားများကို ကြည့်လိုက်ရာ ခေါင်းငုတ်လျှက် တချို့လူကြီး လူငယ်များလည်း မျက်ရည်တွေကိုယ်စီ ကျနေသည်ကို မိမိတို့အဖွဲ့မှ မျက်ရည်ဝဲလျှက် ကရုဏာသက်မိပါတော့သည်။

ဒုတိယဥက္ကဋ္ဌ နိုင်ပေါ်ငြိမ်းမှ အမှာစကားအပြီးတွင် ဥက္ကဋ္ဌနိုင်ဘမော်မှ ကျွန်တော် မွန်စကား မပြောနိုင်သည်ကို စဉ်းစားမိပြီး ၀မ်းနည်းမှုဖြစ်ပါကြောင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နှင့် ပြန်လည်တွေ့ဆုံသည့်အတွက် ၀မ်းသားကြောင်း၊ ၀မ်းနည်းဝမ်းသာဖြစ်ပြီး အလိုလိုမျက်ရည်မိုးရွာမိကြောင်း၊ ဤအဖြစ်မှ လွတ်မြောက်လိုကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအပြီးတွင် ကင်မွန်းချုံဒေသ၏ မွန်အမျိုးသားနေ့ဖြစ်မြောက်ရေးအတွက် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ကင်မွန်းချုံဒေသ) သို့ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ အလှူငွေ ကျပ် ၁၅၀၀၀ ၊ မွန်စာပေသင်ကြားရေးနှင့် လူငယ်ဆပ်ကော်မတီ (ရန်ကုန်) အတွင်းရေးမှူး မင်းသန်းထွန်းမှ အလှူငွေ ကျပ် ၁၅၀၀၀ ၊ စုစုပေါင်း ၃၀၀၀၀ ကျပ်အား လှူဒါန်းခဲ့ပါသည်။

ကင်မွန်းချုံဒေသ၏ သမိုင်းကြောင်းအကျဉ်း
ပဲခူးတိုင်း တောင်ငူခရိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးကျေးရွာနှင့် (၁၀) လမ်းသာ ခြားသည့် ကင်မွန်းချုံရွာသည် လွန်ခဲ့သော ၁၉၁၄ ခုနှစ် (နှစ် ၁၀၀ ခန့်က) ရေကြည်ရာမျက်နုရာရှာသည့် မွန်လူမျိုးတစ်ဦးနှင့် ပအိုဝ်လူမျိုးတစ်ဦးတို့ ရောက်ရှိလာပြီးနောက် မွန်လူမျိုးတို့ လှည်းအစီး (၂၀) ကျော်ဖြင့် ရောက်ရှိလာပြီး ကင်မွန်းချုံနွယ် ပိတ်ပေါင်းများကို ခုတ်တွင် ရှင်းလင်းခြင်း၊ လယ်ယာမြေဖော်ထုတ်ခြင်းဖြင့် ကင်မွန်းချုံရွာဟု အမည်ထွင်ခဲ့သည်။

ကင်မွန်းချုံဒေသသို့ ဦးစွာ ရောက်ရှိခဲ့သော မွန်များမှာ မုဒုံ (ကမာစ)၊ မုဒုံ (တံခွန်တိုင်)၊ ဖားအောက် (ကြာအင်း)၊ ဘီလူးကျွန်း၊ သထုံ (လိပ်အင်း)၊ ပေါင်(ဖလပ်) ဒေသများမှ ပြောင်းရွှေ့ လာကြကြောင်း သိရှိရပါသည်။

ရွာသက်တမ်းတစ်လျှောက်လူကြီးမှာ ပအိုဝ်လူမျိုးတစ်ဦးသာ အုပ်ချုပ်ခဲ့ပြီး နောက်ပိုင်း မွန်လူမျိုးများသာ အစဉ်အဆက် ယခုအချိန်ထိ အုပ်ချုပ်နေဆဲဖြစ်သည်။ ယခုကျေးရွာဥက္ကဋ္ဌမှာလည်း နိုင်မြင့်ဆွေ ဖြစ်သည်။ အုပ်ချုပ်ရေးသာမက လူမှုရေး၊ စီးပွားရေး၊ ပညာရေး များတွင် မွန်လူမျိုးတို့ကသာ ဦးဆောင်ဦးရွက်ခဲ့ကြောင်း သိရသည်။ မွန်လူကြီးများတွင် နိုင်ပန်လှိုင် (မော်ကွန်းဝင် ပထမအဆင့်)၊ မော်ကွန်းဝင် ဒုတိယအဆင့် ရရှိသူများမှာ နိုင်မော်ထွန်း၊ နိုင်အုန်းသား၊ နိုင်မြအေး၊ နိုင်သန်းမောင်း၊ နိုင်မောင်ချစ်တို့မှာ ကွယ်လွန်ကြပြီ ဖြစ်သည်။ ထိုရွာတွင် မွန်၊ ကရင်၊ ပအိုဝ်၊ ကယား လူမျိုးများ ရပ်ကွက်အလိုက် စုစည်းနေထိုင်သော ရွာတစ်ရွာဖြစ်သည်။ ထို့အပြင် တောင်ငူမြို့၊ ဇေယျဝတီ၊ သရက်တန်း၊ ကြို့ပင်သာ၊ ကျီတော်ဒေသများတွင်လည်း မွန်များ ပြန့်ကြဲနေထိုင်ကြကြောင်း သိရှိရပါသည်။

နှောင်းခေတ်မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) နှင့် ကင်မွန်းချုံဒေသ
မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌဟောင်း နိုင်ခင်မောင် (ကွယ်လွန်) လက်ထက် ကင်မွန်းချုံဒေသမှ နိုင်ပန်းလှိုင်(ကွယ်လွန်)တို့၏ဆက်သွယ်မှုကြောင့် မွန်စာပေသင်ကြားရေးအစီအစဉ် (၁-၁၉၈၂) ၃ လ မွန်စာပေသင်တန်းတွင် မင်အောင်လှိုင် (စက်မှုတက္ကသိုလ်)၊ မင်ကျော်မြင့် (တိ၊ကု၊မွေး တက္ကသိုလ်)တို့ သင်ကြားခဲ့ပါသည်။ ဒုတိယအကြိမ် (၁၈-၄-၁၉၈၃) ရက်နေ့မှစပြီး မင်းရွှေသိန်း(ဇင်ကျိုက်)၊ မင်းဝင်းအောင်(စိုက်ပျိုးရေး) တို့ တာဝန်ယူသင်ကြားခဲ့ပါသည်။ တတိယအကြိမ်(၁၇-၁-၁၉၈၄)ရက်နေ့ မှစပြီး (၃)လ သင်တန်းကို မင်းခင်အောင်၊ မင်းနိုင်မွန်(ရန်ကုန်တက္ကသိုလ်)တို့မှ တာဝန်ယူ သင်ကြားခဲ့ပါသည်။

ရန်ကုန်မြို့ သိမ်ဖြူကွင်းတွင် ကျင်းပသော (၃၆) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ကင်မွန်းချုံဒေသမှ နိုင်သိန်းအောင် ဦးဆောင်ပြီး အခန်းအနားသို့ တက်ရောက်ခဲ့ဖူပါသည်။

ကင်မွန်းချုံဒေသရှိ မွန်တို့၏ကံကြမ္မာ
ကင်မွန်းချုံဒေသတွင် မွန်အိမ်ခြေ (၅၀၀)ကျော် လူဦးရေး (၃၀၀၀)ကျော် ရှိသည်။ မွန်ဘုန်းကြီးကျောင်း တစ်ကျောင်း၊ မွန်မူလတန်းကျောင်တစ်ကျောင်း၊ အထက်တန်ကျောင်းတစ်ကျောင်း စသည့်ဖြင့် ခြံကျယ်၊ အိမ်ကြီး၊ အိမ်ငယ်၊ လယ်ယာများဖြင့် ဖွံ့ဖြိုး တိုးတက်နေသော ရွာကြီးတစ်ရွာဖြစ်ကြောင်း တွေ့နိုင်ပါသည်။

လူဦးရေး (၃၀၀၀) ကျော်ရှိသည့် မွန်ရွာကြီးတွင် မွန်လူမျိုးစိတ်ဓာတ် ရှိနေကြသော်လည်း မွန်စကား မပြောတတ်တော့ပါ။ မွန်စာဆိုလျှင် စာအုပ်သာ ရှိပါတော့သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ၏ အစီရင်ခံစာသုံးသပ်ချက်အရ ကမ္ဘာပေါ်တွင် ဘာသာစကား ပေါင်း (၆၃၀၀)ကျော် ရှိကြောင်း၊ ၂၁ ရာစုနောက်ပိုင်းတွင် ဘာသာစကား (၅၉၀၀)ကျော် ပျောက်ဆုံးမည် ဖြစ်ကြောင်း၊ ဘာသာစကား(၆၀၀)ကျော်သာ ကျန်ရှိမည်ဖြစ်ကြောင်း ဖော်ပြသုံးသပ်ထာသည်ကို တွေ့ရှိရပါသည်။ သို့ဆိုလျှင် ကျန်ရစ်မည့်ဘာသာစကား (၆၀၀)ကျော်တွင် မွန်ဘာသာစကား ပါဝင်နိုင်မည်လား။

မွန်စာပေနှင့်ယဉ်ကျေးမှု၏နောက်ဆုံး အုတ်တံတိုင်းသည် မွန်သံဃာများဖြစ်ပါသည်။

ကင်မွန်းချုံဒေသ၏မွန်ဘာသာစကား မွန်စာတို့၏အုတ်တံတိုင်းသည် ကင်မွန်းချုံဒေသရှိ မွန်လူမျိုးကြီး၊ လူလတ်၊ လူငယ်နှင့် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်နှင့်မွန်ပြည်နယ်များ) မွန်သံဃာတော်များတွင် တာဝန်ရှိသည်ဟု ယူဆမိပါသည်။

သို့ဆိုလျှင် ကင်မွန်းချုံဒေသရှိ မွန်လူမျိုး (၃၀၀၀) ကျော်အား မွန်စကား မွန်စာ တတ်မြောက်ရန် ရေရှည်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

နည်းလမ်းရှာဖွေကြစို့ 

* မွန်ပညာရေးဒါနရံပုံငွေရရှိရေး။
* မျိုးချစ်မွန်သံဃာတော်များ ပေါ်ထွက်ရေး။
* မျိုးချစ်မွန်ကျောင်းဆရာများရရှိရေး။
* မွန်တစ်မျိုးသားလုံး ဤအဖြစ်မျိုး မကြုံတွေ့စေရန် မည်သို့ဆောင်ရွက်ရမည်နည်း။
* မွန်မျိုးချစ်စိတ်ဓာတ်ရှိနေသော (ရွာသားတိုင်း၏ မှတ်ပုံတင်တွင် လူမျိုး ဖော်ပြရာတွင် မွန်ဟုဖော်ပြထားသည်) ကင်းမွန်းချုံဒေသရှိ မွန်များအာ မွန်စကား မွန်စာ ပြန်လည်တတ်မြောက်လာစေရန် မွန်တိုင်းရင်းသားအားလုံး ၀ိုင်းဝန်းကူညီပံ့ပိုးကြရန် လိုပါသည်။
* ဓနအင်အား၊ ကာယအား၊ အကြံညာဏ်အားရှိသော မွန်သံဃာတော်များ မွန်မျိုးချစ်တိုင်းရင်းသားများ ပေါ်ပေါက်နိုင်ပါစေ။

ဆုတောင်လျှက်
နိုင်မင်းသောင်းသျှင်
ဥက္ကဋ္ဌ
မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
ဖုံး ၄၀၀၃၄၆၊ ၃၇၅၅၉၀

မှတ်ချက်။ ။ http://mondating.ning.com/?xg_source=msg_mes_network မှ
ပြန်လည်ကူးယူတင်ပြ ခြင်းဖြစ်သည်။ ထို့အတူ နိုင်မင်းသောင်းသျှင် အား ဤ နေရာမှ
ကျနော် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုက်ပါရစေဗျ....

Monday, July 12, 2010

ဒေါက်တာနိုင်ပန်းလှ စာအုပ်နှစ်အုပ်အား အင်္ဂလိပ်ဘာသာဖြစ် ထုတ်ဝေမည်


ဒေါက်တာနိုင်ပန်းလှ စာအုပ်နှစ်အုပ်အား

အင်္ဂလိပ်ဘာသာဖြစ် ထုတ်ဝေမည်




ဆရာကြီး ဒေါက်တာ နိုင်ပန်းလှ မကွယ် လွန်ခင် အင်္ဂလိပ် ဘာသာနဲ့ ရေးသားခဲ့ တဲ့ စာအုပ်နှစ် အုပ်ကို လောကအလင်း စာပေတိုက် ကနေ ဒီနှစ် စက်တင်ဘာ နဲ့ အောက်တိုဘာလ တို့မှာ ထုတ်ဝေသွား မယ်လို့ သိရပါတယ်။ ထုတ်ဝေ သွားမယ့် စာအုပ် နှစ်အုပ် မှာ “A Short Mon History ” နဲ့ “ Archaeological Aspects on Old Pyu Mon Myanmar” တို့ဖြစ် ပြီး ပထမ တစ်အုပ်ကို စက်တင်ဘာလ ထဲမှာ ထုတ်ဝေ သွားမှာ ဖြစ်ပြီး ဒုတိယ တစ်အုပ် ကိုတော့ နိုဝင်ဘာလ အတွင်း ထွက်ရှိ နိုင်ရန် ခန့်မှန်း ထားကြောင်း လောက အလင်း စာအုပ်တိုက် မှ စီစဉ်သူ မောင်ဇေယျက ပြောကြား ပါသည်။ "ကျွန်တော်တို့ လောက အလင်း စာအုပ် တိုက်က ဆရာကြီး ဒေါက်တာ နိုင်ပန်းလှ ရှိစဉ် တုန်းက စာအုပ် နှစ်အုပ် ထုတ်ဝေဖို့ တောင်း ထားတယ်။ စာအုပ် နှစ်အုပ် စလုံး စိစစ်ရေးက ကျပြီးပြီ။ ထုတ်ဝေဖို့ ပြင်ဆင် နေတယ်" လို့ သူက ဆိုပါတယ်။

' A Short Mon History က မွန် သမိုင်း အကျဉ်းချုပ်ပါ။ ရှေးဟောင်း သုတေသန အထောက် အထား၊ ဘာသာ ဗေဒ အထောက် အထား တွေနဲ့ ရေးထား တဲ့ သုတေသန စာတမ်းပါ။ တစ်ခါမှ တော့ ပုံနှိပ်ပြီးသား မရှိသေးဘူး။ ဆရာကြီး ဖတ်ထားတဲ့ စာတမ်းတွေပေါ့။ အဲဒီ စာတမ်းမှာ မွန်လူမျိုးတွေ ဘယ်နေရာ ကနေ စပြီး ပြောင်းရွှေ့ လာတယ် ဆိုတဲ့ အကြောင်း၊ အောက်မြန်မာပြည် ရာမည ဒေသမှာ သုဝဏ္ဏဘူမိ တည်ထောင်တဲ့ အကြောင်း၊ မွန် လူမျိုးတွေရဲ့ သမိုင်းကြောင်းကို အထောက် အထား တွေနဲ့ ရေးထား တာကို ထုတ်ဝေ မှာပါ" လို့ မောင်ဇေယျက ရှင်းပြပါတယ်။

“Archaeological Aspects on Old Pyu Mon Myanmar” စာအုပ် က တော့ ဆရာ နိုင်ပန်းလှ ၁၉၈၀ ၀န်း ကျင် ကThe Working People's Daily နဲ့ Guardian အင်္ဂလိပ် သတင်းစာ တွေမှာ ရေးခဲ့တဲ့ ရှေးဟောင်း သုတေသနနဲ့ ဆိုင်တဲ့ ဆောင်းပါး တွေကို ပြန်စုစည်းပြီး လုံးချင်း စာအုပ် အနေနဲ့ ထုတ်ဝေမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

"ကျွန်တော် တို့ ဒီစာအုပ် တွေ ထုတ် တဲ့ ရည်ရွယ် ချက်က ဆရာကြီးက မြန်မာ လိုရော၊ အင်္ဂလိပ် လိုရော စာအုပ် တွေ ရေးခဲ့တယ်။ မြန်မာလို ရေးတာ ကတော့ ပြည်တွင်း မှာ လူသိများ ပေမယ့် အင်္ဂလိပ်လို ရေးတာ ကတော့ စာအုပ် မဖြစ်သေးဘူး။ ဒါကြောင့် ကိုယ့်ပြည်တွင်းမှာပဲ ဒေါက်တာ နိုင်ပန်းလှ အင်္ဂလိပ်လို ရေးတယ် ဆိုတာ သိစေချင်တဲ့ အတွက် အခုလို ထုတ်ဖြစ်တာပါ"လို့ မောင်ဇေယျက ပြောပြကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားသည်။

မှတ်ချက်။ ။ ဟံသာဝတီမှ ကူးယူဖော်ပြခြင်းဖြစ်သည်။ မူရင်းဖတ်ချင်ရင် ဒီမှာ သွားရောက်ဖတ်ရှု့နိုင်ပါကြောင်း....

Tuesday, March 02, 2010

ဝမ်းနည်းကြွေကွဲခြင်း(သို့) ကိုအေးမင်းထွန်း၏ဖြစ်ရပ်

ကိုအေးမင်းထွန်း(ခ)အိုးရှင်း အသက်(၂၇)နှစ်

တောင်ကိုးရီးယားနိုင်ငံရောက် (မွန်အမျိုးသား)အလုပ်သမားတဦးသည်၊(၂၈.၂.၂၀၁၀)တနင်္ဂနွေနေ့၊နံနက်ပိုင်း တွင်ရုတ်တရက်ကွယ်လွန်သွားခဲ့သည်။အဆိုပါသေဆုံးသူ၏အမည်မှာ ကိုအေးမင်းထွန်း(ခေါ်)အိုးရှင်း အသက်(၂၇) နှစ်ဖြစ်ပြီးမွန်ပြည်နယ်
ရေးမြို့နယ်၊လမိုင်းဇာတိဖြစ်သည်။ကိုအေးမင်းထွန်းဟာ
(Uijeongbu) ဖိုချောန်မြို့တွင် တရားဝင်အလုပ်လုပ်နေသူဖြစ်ပြီး၊
အလုပ်ပိတ်ရက်တွင်(Gwangju)ဂွါန်ဂျူးလေးရှိ သူငယ်ချင်းများထံသို့ အလည်သွားရင်း ယခုလိုရုတ်တရက်သေဆုံးသွားသည်။ဖြစ်စဉ်မှာ အခင်းဖြစ်ပွားရာသို့ (၂၇.၂.၂၀၁၀)စနေနေ့ည(၁၂) နာရီခန့်တွင်
ရောက်ရှိလားပြီး၊သူငယ်ချင်းမှာနှင့်အတူအိပ်စက်ကာ၊မနက် (၄) နာရီ
ဝန်းကျင်လောက်တွင်အပေါ့ထသွားရင်း အိပ်ခန်းအောက်ထပ်သို့
မတော်တဆပြုတ်ကျပြီးသေဆုံးသွားခြင်းဖြစ်သည်။အတူအိပ်နေတဲ့
သူငယ်ချင်းများကသူသေဆုံးနေသည်ကိုနံနက်မိုး
လင်း (၈) နာရီဝန်းကျင်လောက်မှ တွေ့ကြသည်။ယခုအခါတွင်
ကိုအေးမင်းထွန်း (ခ)အိုးရှင်း၏ဈာပနကိစ္စ၊သေမူကိစ္စနှင့်အခြားလုပ်
ဆောင်စရာကိစ္စအဝဝတို့ကို မြန်မာအသင်း အသိုင်းဝိုင်းနှင့် သူငယ်ချင်းများတစုကတာဝန်ယူကာလုပ်ဆောင်
ပေးလျှက်ရှိသည်။ ကျန်ရစ်သူ သူငယ်ချင်းများက ကိုအေးမင်းထွန်းအား ရည်စူး၍ (၇.၃.၂၀၁၀) တနင်္ဂနွေနေ့တွင် ဖူချွန်းမြို့၊ ဆော့ဂွန်ဆာဘုန်းကြီးကျောင်းတွင်အာရုံဆွမ်းဆပ်ကပ်လှူဒါန်းကာကုသိုလ်ကောင်းမူ
်အစုစုတို့အား အမျှပေးဝေကာ၊ နေ့လည်(၁၂)နာရီခွဲအချိန်မှာ ဆော့ဂွန်ဆာဘုန်းကြီးကျောင်းမှတဆင့် သုသာန်သို့သွားပြီး ကြွင်းကျန်ရုပ်ကလာပ်ကိုမီးသင်္ဂြိုလ်မည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ကိုးရီးယားတွင်ရောက်ရှိနေ
သောကိုးအေးမင်းထွန်း၏သူငယ်ချင်းအပေါင်းအသင်းများ၊မွန်လူမျိုးများနှင့်(ရွှေ)မြန်မာညီအကိုမောင်နမများ
အားလုံး ခင်ဗျား..၄င်းအား ဂရုဏာထားသောအားဖြင့် အထက်ပါအစီအစဉ်အတိုင်း ကြွရောက်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်မန္တက ပြုအပ်ပါသည်။
မှတ်ချက် ။ ။ ။မွန်ကိုးရီးယား အသင်းမှသည် ကျနော်တို့ အသင်းဝင် ကိုအေးမင်းထွန်း ကွယ်လွန်ခြင်းအတွက်
ကျန်ရစ်သူမိသားစုများနှင့်ထပ်တထူမျှ ဝမ်းနည်းကြွေကွဲရပါသည်။
ထိုကြောင့် ကိုးရီးယားရောက်မွန်အမျိုးသားမျာခင်ဗျား...မိမိတို့တက်နိုင်သည့်အပိုင်းမှ စာနာထောက်သောအား
ဖြင့် မိမိတို့တက်နိုင်သည့်အပိုင်းမှ ဝိုင်းဝန်း၍ အကူညီပေးကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။
ဂကောံမန်ကိုဝ်ရီယျာ