Saturday, February 04, 2012
(65)th Mon National Day Korea....(၂)
ဗွီဒီယို နှင့်တည်းဖြတ်ပေးသော ကိုစနေသားအား အထူးပင် ကျေးဇူးတင်ပါသည်
Lawi
မရနုက်ကု(၆၅) ဝါ တၝဲကောန်ဂကူမန်..
တၝဲကောန်ဂကူမန်..
ကင်မရာနှင့် တည်းဖြတ်ပေးသော ကိုစနေသားအား ကျေးဇူးတင်ရှိပါသည်။
Lawi
Sunday, November 27, 2011
မွန်အမျိုးသား အလံတော်သီးချင်း
ူLawi'
Tuesday, September 20, 2011
မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ အစည်းဝေး
မွန်အသင်း(ကိုးရီးယား) ၏ ဦးဆောင်မှု့ဖြင့်(၆၅)ကြိမ်မြောက်မွန်အမျိုးသားနေ့
ကျင်းပရန် ခေါင်းစီးဖြင့်.. အစည်းဝေးတရပ် ကို ( ၂၀၁၁.၀၉.၁၁) နေ့စွဲတွင် ဘူဖြောင်းမြို့ရှိ မွန်အခန်းတွင် ဒေသ စံတော်ချိန် ညနေ ၅ နာရီတွင် ကျင်းပခဲ့
သည်။ ထို့အစီးဝေးသို့ ကိုးရီးယားရောက် မျိုးချစ်မွန်လူကြီးလူငယ် ၂၄ ဦး တက်ရောက်ခဲ့သည်။ အစည်းဝေးတွင် ဦးစွာပထမ အနေဖြင့် တက်ရောက်
လာလူများက မိမိတို့၏ အမျိုးသားအလံကို အလေးပြု ခြင်း ကျဆုံးပြီးလေ
သော အာဇာနည်ကြီးများ… သက်ရှိထင်ရှား အာဇာနည် ခေါင်းဆောင်များ
အား သတိတရအောက်မေ့ခြင်းဖြင့် ခေတ္တ ငြိမ်သက်ခြင်းဖြင့် အစည်းဝေးကို
စတင်ခဲ့၏….. ထိုအစည်းဝေးတွင် နိုင်ညီညီ(ကြီးကြပ်ရေးမှူး )က အခန်းနား
မှူးအဖြင့် တာဝန်ယူပေးခဲ့သည်။ အစီစဉ် အရ…..
(၁) ဥက္ကဋ္ဌ) နိုင်ကောင်းချမ်း မှ မွန်အသင်း (ကိုးရီးယား) ကို လူငယ်တစုမှ
ကိုးရီးယားနိုင်ငံတွင် မွန်အမျိုးသားနေ့ကျင်းပ နိုင်အောင်ရည်ရွယ်ကစိတ်အား
ထက်သန်စွာဖြင့် ကနဦး စတင်ဖွဲ့စည်းခဲ့ပုံများနှင့် အသင်း၏ရည်ရွယ်ချက်များ .… အသင်း၏ ၅နှစ်တာသက်တမ်းတလျှောက်တွင် ကြုံဆုံခဲ့တဲ့အခက်ခဲများ...
ဝေဖန်ပုတ်ခတ်မှု့များ အားကြံ့ကြံ့ခံကာ နှစ်စဉ် ကိုးရီးယားနိုင်ငံတွင် မိမိတို့၏
အမျိုးသားအလံ လွှင့်ထူကာ အမျိုးသားနေ့ကို နှစ်စဉ်ကျင်းပ လာနိုင်ခဲ့ပြီး
နောင်လဲ နှစ်တိုင်းဆက်လက် ကျင်းပနိုင်အောင် ကိုးရီးယား မွန်အမျိုးသား
တိုင်းမှာ တာဝန်ရှိ ကြောင်းနှင့် တာဝန်ယူပေးကြစေလိုပါကြောင်း…. အခုဆို
မိမိတို့က သက်တမ်းကုန်လို့ အမိမြေသို့ ပြန်ရတော့မည့်လူများဖြစ်သော
ကြောင့် လူသစ်များ ဆက်လက်တာဝန်ယူစေလိုကြောင်း…နှင့် (အများအမြင်
မှားယွင်းမှု့များ..ဝေဖန်မှု့များ ) မေးမြန်းလာသောမေးခွန်းများကို အကျည်းချုံး
ပြောကြားသွားသည်။ (၂) နိုင်ထွန်းဝင်း(ဒု-ဥက္ကဋ္ဌ) က အသင်း၏ ဝင်ငွေ
ထွက်ငွေ စာရင်းများနှင့် လက်ကျန်ငွေ များ ကိုရှင်းပြပြီး…မွန်အသင်း ၏လက်
ရှိအခက်ခဲများအကြောင်းအတွက်ဝိုင်းဝန်းဆွေးနွေးသွားသည်။
ထို့နောက် နိုင်ဗညားမွန်(အကြံပေး) မှ အသင်း ရေရှည် ရပ်တည်နိုင်ရန်
အတွက် အသင်းရန်ပုံငွေ များရရှိနိုင်နှင့် ကိုးရီးယားရောက် မွန်အမျိုးသားများ
အနေဖြင့် စည်းလုံးမှု့ရှိသင့်ကြောင်း စသည့်အကြောင်းရာများ အကြံပေးသွား
သည်။ အစီစဉ်များအရ နိုင်ချမ်းထိုင် (အတွင်းရေး-၁) ၊ နိုင်ဗညားစိုးမွန်(မှူး-၂) နှင့် နိုင်သားလေး (စည်းရုံးရေးမှူး) တို့ကလည်း မိမိတို့ အမြင်များနှင့်
(၆၅)ကြိမ်မြောက်မွန်အမျိုးသားနေ့ ကို အရင်နှစ်တွေထက်ပိုပြီး ကျယ်ပြန့်လာ
အောင် ပိုကောင်းလာအောင် နှင့် အရင့်အရင် နှစ်က ရရှိလာတဲ့ အတွေ့အကြုံ
ကိုသင်ခန်းစာ ယူပြီး ဒီနှစ်မှာ အကောင်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင်နိုင်
ရန်အတွက် ဆွေးနွေးသွားသည်။ ထို့နောက် တက်ရောက်လာသူများက မိမိတို့၏ အမြင်များအတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာဖြင့်..အကြံဥာဏ်
များ မွန်အသင်း(ကိုးရီးယား ) ခိုင်မြဲအောင် တည်တန့်အောင်..မိမိတို့ ကျရာ
တက်နိုင်တဲ့ဘက်မှ တာဝန်ယူကာ ပုခုံးလွှဲပြီး တာဝန်ယူသွားမည်ဖြစ်ပါ
ကြောင်း..... အဲဒီနောက်မှာတော့…(၆၅)ကြိမ်မြောက် မွန်အမျိုးသားနေ့ အတွက် အင်္ကျီဒီဇိုင်း များ…အခန်းနား ဘတ်ဂရောင်းများ…ကျင်းပမည့်နေရာ
ခန်းမ နေ့ရက် များအကြောင်း…ရွေးချယ် ခဲ့ပြီး….အစည်းဝေးကို ရုပ်သိမ်း
လိုက်သည်ဖြစ်သည်။…..
Lawi Oung
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)