Sunday, May 06, 2012
အထူးဝမ်းနည်းကြွေကွဲရခြင်း
မွန်ပြည်နယ် လမိုင်းမြို့နယ်ခွဲ မော့ကနင် ကျေးရွာ နေ ဦးကွန်းလိန် +ဒေါ်ကွန်းရီ တို့၏ သား တောင်ကိုးရီးယား နိုင်ငံရောက် မွန်အမျိုးသား ကိုတင်အောင်ထွန်း ( ခေါ်) ရုတ် အသက် ၃၀ နှစ် သည် ၆.၅.၂၀၁၂ နံနက် ၆နာရီခန့်တွင် ရုတ်တရက် ကွယ်လွန်အနိစ္စရောက်ရှိသွားပါသည်။ ဖြစ်စဉ်မှာ ကိုတင်အောင်ထွန်း ခေါ် ရုတ်သည် အက်စီးဒင့် ကြောင့် ဆေးရုံတွင် ဆေးကုသ နေသာ ဦးလေးတော်စပ် သူ ကိုဇော်ဦး အား လူနာစောင့်ဖြစ် ပြုစု နေစဉ် အတွင်း ရုတ်တရက် လဲကျ ကာ ကွယ်လွန်သွားခဲ့သည်ဟု သိရှိရပါသည်။
ကျန်ရစ်သော ကိုတင်အောင်းထွန်း ၏ ရုပ်ကလာပ် ကို ၈.၅.၂၀၁၂ (အင်္ဂါနေ့) နံနက် ၉း၃၀ အချိန် ဘူဆန်မြို့ တွင် မီးသဂြိုလ် မည်ဖြစ်ပါသည် သို့ဖြစ်ပါ၍ ရပ်နီးရပ်ဝေးမှ သူငယ်ချင်း မိတ်ဆွေ အပေါင်းတို့ ခင်ဗျား ကိုတင်အောင်ထွန်း၏ နောက်ဆုံးခရီးကို ဝိုင်းဝန်း၍ ပို့ဆောင်ကြပါရန်နှင့် တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်း ကူညီပေးကြပါရန် တိုက်းတွန်းနှိုးဆော်အပ်ပါသည်။
ကိုတင်အောင်ထွန်းသည် ၂၀၀၆ ခုနှစ် ၈ လပိုင်းတွင် ကိုးရီးယားနိုင်ငံသို့ ရောက်ရှိလာပြီး အမိမြန်မာပြည်သို့ အပြီး ပြန်ရက် ၂ လပိုင်းမျှသာ လိုတော့သာ အချိန်တွင် အခုလိုမျိုး ရုတ်တရက် ကွယ်လွန်သွားခဲ့ သည်။
ကျနော်တို့ မွန်ကိုးရီးယားအသင်း (ဂကောံမန်ကိုဝ်ရိံယျာ) မှ ကျန်ရစ်သူ မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြွေကွဲရပါသည်။
အသေးစိပ် သိလိုသူများ နှင့် ကူညီလိုသူများ ဆက်သွယ်ရန်......
ကိုငွေဌေး (ကိုမဲ) Ph : 010 1897 4145
ကိုထွန်းဝင်း (ကိုဗလဲာ) Ph : 010 3026 6523
Wednesday, April 18, 2012
၂၀၁၂ သင်္ကြန် သက်ကြီး ပုဇော်ပွဲ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးကာလ အခါသမယ တွင် ကိုးရီးယားရောက် မွန်လူမျိုးများ ၊
တိုင်းရင်းသား ညီအကိုများနှင့် ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့..... ကိုယ်၏ကျန်းမာခြင်း ၊ စိတ်၏
ချမ်းသာခြင်း...နှစ်ဖြာနဲ့ လိုအင်ဆန္ဒများ ပြီးပြည့်စုံကြပါစေကြောင်း နှင့် နှစ်သစ်တွင် ကျန်းမားချမ်းသာပြီး အလုပ်အကိုင်များ အဆင်ပြေစေပြီး..ဘေးအန္တာရာယ်များ ကင်းဝေးကာ.... ကိုးရီးယားတွင် ပျော်ရွှင်စွာ အလုပ်လုပ်နိုင်ကြပါစေလို့ ကျနော်တို့ ဂကောံမန်ကိုဝ်ရိံယျာ မှ ဆုမွန်ကောင်းများ ထပ်မံ တောင်းအပ်ပါသည်။
ကျနော်တို့ မွန်အသင်း(ကိုးရီးယား) သည်လည်း သင်္ကြန်အခါတွင် ကျနော်တို့မွန်လူမျိုး တို့၏
ရိုးရာ ယဉ်ကျေးမှု့တခုဖြင့်သော ပူဇော်ထိုက်သူကို ပူဇော်ခြင်း ဆိုသည့်အတိုင်း လူကြီးသူမများအား ဂါရဝတရား ရှေ့ထားပြီး ၁၄.၄.၂၀၁၂(စနေည )တွင် ကျနော်တို့၏ နာယကကြီး (နိုင်အောင်မြင့်) အား ပူဇော်ကန်တော့ ပြီးကုသိုလ်ယူခဲ့ကြသည်။
၁၅ ရက်နေ့ နေ့လည်မှာဖြင့်မြန်မာ အသင်း၏ဦးဆောင်မှု့ဖြင့် မွန်အသင်း အနေဖြင့် ရေကစားရန် ရောက်လာကြသော သူများအား အမောပြေ စေရန် အတွက် မဏ္ဍပ်တွင် မုန့် ၊ အအေးမျိုးစုံ တို့ဖြင့် တည်ခင်းကာ ကောင်းမှု့ကုသိုလ် ပြုခဲ့ကြသည်။ ကျနော်တို့၏ ကောင်းမှု့ ကုသိုလ်အစုစု ကို ကိုးရီးယားရောက် ကျနော်တို့ မွန်အမျိုးသားများနှင့်တကွ သတ္တဝါအားလုံး ထပ်တူထပ်မျှ ရကြပါစေ........သတည်း။
ဒါက တော့ နာယကကြီး နိုင်အောင်မြင့်အား ကန်တော့ စဉ် ပုံများ
မာံလဝီ

Thursday, March 01, 2012
မွန်ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရန်အတွက် အလှူတော်

သို့/
လေးစားရပါသော ကီုးရီးယားရောက် မွန်အမျိုးသား ညီအကို အပေါင်းတို့ခင်ဗျား…..
မော်လမြိုင်မြို့ မြိုင်သာယာရပ် ရှင်စောပုလမ်းတွင် မွန်ဗုဒ္ဒတက္ကသိုလ် တည်ဆောက်မည်
ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ မွန်သံဃာတော်များ အဆင့်မြင့် ဗုဒ္ဒစာပေများ လွယ်ကူစွာသင်ကြား
နိုင်စေနိုင်ရန် ၊ အမျိုး ဘာသာ ၊ သာသနာ အကျိုး ၊ သယ်ပိုးနိုင်ရန်အတွက် ရည်ရွယ်၍
ကိုးရီးယားရောက် မွန်အမျိုးသား ညီအကိုများ အနေဖြင့် မိမိတို့၏ ချွေးနဲ့စာ (လုပ်အားခ ) ထဲမှ
နည်းများမဆို စေတနာ သဒ္ဒါ ထက်သန်စွာဖြင့် ကုသိုလ်ယူ ပါဝင်လှူဒါန်း နိုင်ကြပါကြောင်း
နိဗ္ပာန် အကျိုး မျှော်ကိုး၍ တိုက်းတွန်းနှိုးဆော် အပ်ပါသည် ။
စေတနာ ရှင်များ လှူဒါန်းလိုပါက အောက်ပါ ဘဏ်အကောင့် နှင့် လူပုဂ္ဂိုလ်များထံသို့
ဆက်သွယ် လှူဒါန်းနိုင် ပါကြောင်း…နှင့် အလှူတော်ငွေ များကို 30.3.2012 နေ့စွဲတွင်
နောက်ဆုံး နေ့အဖြစ် သတ်မှတ်ထားပါသည်။
(၁) နိုင်ညီညီ … 010 2623 6153 민틴산 (IBK) BANK - 631006 98 601016
(၂) နိုင်ထွန်းဝင်း …010 3026 6523 TUN WIN (NH BANK – 3510 1611 33613 )
(၃) နိုင်ချမ်းထိုက် …010 2856 1654 민챙타이 - 352 0055 2699 23 ..농 협 BANK
(၄)နိုင်အုံးမြင့် …. 010 8691 5805 (SHIN HAN) BANK – 1103 4990 7269
(၅)နိုင်လဝီ .. 010 2556 8339 MAUNG LWE AUNG (NH BANK - 171890 51 019713 )
(၆)နိုင်ရွှေဘ … 010 5826 5551 TIN OO (WORRI BANK - 100 2644 151 306
(monkorea.2007@GMAIL.COM
ဂကောံမန်ကိုဝ်ရီယျာ
LAWI’s

Subscribe to:
Posts (Atom)