Sunday, May 06, 2012
အထူးဝမ်းနည်းကြွေကွဲရခြင်း
မွန်ပြည်နယ် လမိုင်းမြို့နယ်ခွဲ မော့ကနင် ကျေးရွာ နေ ဦးကွန်းလိန် +ဒေါ်ကွန်းရီ တို့၏ သား တောင်ကိုးရီးယား နိုင်ငံရောက် မွန်အမျိုးသား ကိုတင်အောင်ထွန်း ( ခေါ်) ရုတ် အသက် ၃၀ နှစ် သည် ၆.၅.၂၀၁၂ နံနက် ၆နာရီခန့်တွင် ရုတ်တရက် ကွယ်လွန်အနိစ္စရောက်ရှိသွားပါသည်။ ဖြစ်စဉ်မှာ ကိုတင်အောင်ထွန်း ခေါ် ရုတ်သည် အက်စီးဒင့် ကြောင့် ဆေးရုံတွင် ဆေးကုသ နေသာ ဦးလေးတော်စပ် သူ ကိုဇော်ဦး အား လူနာစောင့်ဖြစ် ပြုစု နေစဉ် အတွင်း ရုတ်တရက် လဲကျ ကာ ကွယ်လွန်သွားခဲ့သည်ဟု သိရှိရပါသည်။
ကျန်ရစ်သော ကိုတင်အောင်းထွန်း ၏ ရုပ်ကလာပ် ကို ၈.၅.၂၀၁၂ (အင်္ဂါနေ့) နံနက် ၉း၃၀ အချိန် ဘူဆန်မြို့ တွင် မီးသဂြိုလ် မည်ဖြစ်ပါသည် သို့ဖြစ်ပါ၍ ရပ်နီးရပ်ဝေးမှ သူငယ်ချင်း မိတ်ဆွေ အပေါင်းတို့ ခင်ဗျား ကိုတင်အောင်ထွန်း၏ နောက်ဆုံးခရီးကို ဝိုင်းဝန်း၍ ပို့ဆောင်ကြပါရန်နှင့် တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်း ကူညီပေးကြပါရန် တိုက်းတွန်းနှိုးဆော်အပ်ပါသည်။
ကိုတင်အောင်ထွန်းသည် ၂၀၀၆ ခုနှစ် ၈ လပိုင်းတွင် ကိုးရီးယားနိုင်ငံသို့ ရောက်ရှိလာပြီး အမိမြန်မာပြည်သို့ အပြီး ပြန်ရက် ၂ လပိုင်းမျှသာ လိုတော့သာ အချိန်တွင် အခုလိုမျိုး ရုတ်တရက် ကွယ်လွန်သွားခဲ့ သည်။
ကျနော်တို့ မွန်ကိုးရီးယားအသင်း (ဂကောံမန်ကိုဝ်ရိံယျာ) မှ ကျန်ရစ်သူ မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြွေကွဲရပါသည်။
အသေးစိပ် သိလိုသူများ နှင့် ကူညီလိုသူများ ဆက်သွယ်ရန်......
ကိုငွေဌေး (ကိုမဲ) Ph : 010 1897 4145
ကိုထွန်းဝင်း (ကိုဗလဲာ) Ph : 010 3026 6523
Subscribe to:
Post Comments (Atom)
No comments:
Post a Comment