၆.၅.၂၀၁၂ နေ့စွဲတွင်
ရုတ်တရတ် ကွယ်လွန်သွားခဲ့သော ကိုးရီးယားနိုင်ငံရောက် မွန် အမျိုးသား
မင်းတင်ထွန်းဦး (ခ) ရုတ် အသက်(၃၀)နှစ်
အား ရည်စူး၍ ရက်လည် ဆွမ်းကျွေးကို လာမည့်
၁၂ . ၅. ၂၀၁၂ ရက်
နေ့ (စနေနေ့) တွင် ဘူဆန်မြို့ရှိ မြန်မာ့
ဘုန်းတော်ကြီးကျောင်းတွင် ဘုရား အမှူးရှိသော
သံဃာတော် အရှင်သူမြတ်များအား
နံနက် အာရုံ တွင် ဆွမ်း ကွမ်း နှင့် ဝထ္တုဒါန အစရှိသော လှူဒါန်းဖွယ်ရာ
များအား ဆပ်ကပ်လှူဒါန်းပြီး ကောင်းမှု့ကုသိုလ် အစုစုတို့အား အမျှပေးဝေ ကြမည်
ဖြစ်ပါသည်။ ထို့ကြောင့် ကိုးရီးယားနိုင်ငံရောက် ကိုတင်ထွန်းဦး ၏ မိတ်ဆွေသင်္ဂဟ အပေါင်းနှင့် မြန်မာပြည်သူပြည်သားများ အပေါင်းတို့ ကြွရောက်၍ စုပေါင်း မေတ္တာ ပေးပို့ကြပါရန်
လေးစားစွာဖြင့် ဖိတ်မန္တက ပြုအပ်ပါသည် ခင်ဗျား….။
ကြွရောက်လာကြသော
ဧသည့်ပုရိတ်သတ်များအား မြန်မာ ထမင်းဟင်းများဖြင့် တည်ခင်းဧည့်ခံမည်
ဖြစ်ပါသည်။ နံနက်ခင်းမှစ၍ နေ့လည် ၁၂ နာရီထိ
ကွယ်လွန်သူ မင်းတင်ထွန်းဦး ၏ ကိစ္စ အဝဝ အား ကူညီပေးခဲ့ကြသော ……..
ဂကောံမန် ကိုဝ်ရိံယျာ(
မွန်အသင်း -ကိုးရီးယား)အား၎င်း ၊ ဟဲဆောင်း ကုမ္မဏီ အား ၄င်း ၊ ဒေဝူးကုမ္မဏီ အား၎င်း
၊ မြန်မာသံရုံးမှ အရာရှိနှင့်တကွ ဝန်ထမ်းများအား၎င်း၊ ဒေဝူးကုမ္မဏီမှ
မြန်မာ့ရွှေမိသားစု တို့အား၎င်း ၊ မြန်မာ့ အသင်း(ဘူဆန်) နှင့်တကွ အဖက်ဖက်မှ
ကူညီပေးခဲ့ကြသော မိတ်ဆွေအပေါင်းတို့အား အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျား….
ကျန်ရစ်သူ မိတ်ဆွေ သူငယ်ချင်းများ
ကျန်ရစ်သူ မိတ်ဆွေ သူငယ်ချင်းများ
လဝီ
No comments:
Post a Comment