Wednesday, May 09, 2012

မင်းတင်ထွန်းဦး အားရည်စူး၍ ရက်လည်ဆွမ်းကျွေး..

 မင်းတင်ထွန်းဦး အားရည်စူး၍ ရက်လည်ဆွမ်းကျွေး..



၆.၅.၂၀၁၂ နေ့စွဲတွင်  ရုတ်တရတ် ကွယ်လွန်သွားခဲ့သော ကိုးရီးယားနိုင်ငံရောက် မွန် အမျိုးသား မင်းတင်ထွန်းဦး (ခ) ရုတ်  အသက်(၃၀)နှစ် အား ရည်စူး၍ ရက်လည် ဆွမ်းကျွေးကို လာမည့်  ၁၂ . ၅. ၂၀၁၂ ရက်
နေ့ (စနေနေ့) တွင် ဘူဆန်မြို့ရှိ မြန်မာ့ ဘုန်းတော်ကြီးကျောင်းတွင် ဘုရား အမှူးရှိသော
သံဃာတော် အရှင်သူမြတ်များအား  နံနက် အာရုံ တွင် ဆွမ်း ကွမ်း နှင့် ဝထ္တုဒါန အစရှိသော လှူဒါန်းဖွယ်ရာ များအား ဆပ်ကပ်လှူဒါန်းပြီး ကောင်းမှု့ကုသိုလ် အစုစုတို့အား အမျှပေးဝေ ကြမည် ဖြစ်ပါသည်။ ထို့ကြောင့် ကိုးရီးယားနိုင်ငံရောက် ကိုတင်ထွန်းဦး ၏ မိတ်ဆွေသင်္ဂဟ အပေါင်းနှင့်  မြန်မာပြည်သူပြည်သားများ အပေါင်းတို့  ကြွရောက်၍ စုပေါင်း မေတ္တာ ပေးပို့ကြပါရန် လေးစားစွာဖြင့် ဖိတ်မန္တက ပြုအပ်ပါသည် ခင်ဗျား….။
 ကြွရောက်လာကြသော ဧသည့်ပုရိတ်သတ်များအား မြန်မာ ထမင်းဟင်းများဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်ပါသည်။   နံနက်ခင်းမှစ၍ နေ့လည် ၁၂ နာရီထိ

ကွယ်လွန်သူ မင်းတင်ထွန်းဦး ၏  ကိစ္စ အဝဝ အား ကူညီပေးခဲ့ကြသော ……..
 ဂကောံမန် ကိုဝ်ရိံယျာ( မွန်အသင်း -ကိုးရီးယား)အား၎င်း ၊ ဟဲဆောင်း ကုမ္မဏီ အား ၄င်း ၊ ဒေဝူးကုမ္မဏီ အား၎င်း ၊ မြန်မာသံရုံးမှ အရာရှိနှင့်တကွ ဝန်ထမ်းများအား၎င်း၊ ဒေဝူးကုမ္မဏီမှ မြန်မာ့ရွှေမိသားစု တို့အား၎င်း ၊ မြန်မာ့ အသင်း(ဘူဆန်) နှင့်တကွ အဖက်ဖက်မှ ကူညီပေးခဲ့ကြသော မိတ်ဆွေအပေါင်းတို့အား အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျား….
                                                          ကျန်ရစ်သူ မိတ်ဆွေ သူငယ်ချင်းများ


            
                                                                                                 လဝီ
                                                        

                                                                                         

Sunday, May 06, 2012

အထူးဝမ်းနည်းကြွေကွဲရခြင်း



       မွန်ပြည်နယ် လမိုင်းမြို့နယ်ခွဲ    မော့ကနင် ကျေးရွာ  နေ ဦးကွန်းလိန် +ဒေါ်ကွန်းရီ  တို့၏ သား တောင်ကိုးရီးယား နိုင်ငံရောက် မွန်အမျိုးသား ကိုတင်အောင်ထွန်း ( ခေါ်) ရုတ် အသက် ၃၀ နှစ် သည်    ၆.၅.၂၀၁၂ နံနက် ၆နာရီခန့်တွင် ရုတ်တရက် ကွယ်လွန်အနိစ္စရောက်ရှိသွားပါသည်။ ဖြစ်စဉ်မှာ ကိုတင်အောင်ထွန်း ခေါ်  ရုတ်သည်  အက်စီးဒင့်  ကြောင့်  ဆေးရုံတွင်  ဆေးကုသ နေသာ  ဦးလေးတော်စပ် သူ ကိုဇော်ဦး အား  လူနာစောင့်ဖြစ်   ပြုစု  နေစဉ် အတွင်း ရုတ်တရက် လဲကျ ကာ ကွယ်လွန်သွားခဲ့သည်ဟု သိရှိရပါသည်။
 ကျန်ရစ်သော   ကိုတင်အောင်းထွန်း ၏   ရုပ်ကလာပ် ကို ၈.၅.၂၀၁၂ (အင်္ဂါနေ့)   နံနက်  ၉း၃၀ အချိန်  ဘူဆန်မြို့ တွင်  မီးသဂြိုလ် မည်ဖြစ်ပါသည်  သို့ဖြစ်ပါ၍ ရပ်နီးရပ်ဝေးမှ  သူငယ်ချင်း  မိတ်ဆွေ  အပေါင်းတို့ ခင်ဗျား   ကိုတင်အောင်ထွန်း၏  နောက်ဆုံးခရီးကို  ဝိုင်းဝန်း၍  ပို့ဆောင်ကြပါရန်နှင့်  တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်း ကူညီပေးကြပါရန် တိုက်းတွန်းနှိုးဆော်အပ်ပါသည်။

  ကိုတင်အောင်ထွန်းသည်  ၂၀၀၆ ခုနှစ် ၈ လပိုင်းတွင်   ကိုးရီးယားနိုင်ငံသို့ ရောက်ရှိလာပြီး  အမိမြန်မာပြည်သို့  အပြီး ပြန်ရက် ၂ လပိုင်းမျှသာ  လိုတော့သာ အချိန်တွင်  အခုလိုမျိုး ရုတ်တရက် ကွယ်လွန်သွားခဲ့ သည်။
               ကျနော်တို့ မွန်ကိုးရီးယားအသင်း  (ဂကောံမန်ကိုဝ်ရိံယျာ) မှ ကျန်ရစ်သူ မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြွေကွဲရပါသည်။

အသေးစိပ် သိလိုသူများ နှင့် ကူညီလိုသူများ ဆက်သွယ်ရန်......

                            ကိုငွေဌေး (ကိုမဲ)  Ph : 010 1897 4145

                             ကိုထွန်းဝင်း (ကိုဗလဲာ) Ph : 010 3026 6523

Wednesday, April 18, 2012

2012 သင်္ကြန်ပုံရိပ်များ...

၂၀၁၂ သင်္ကြန်ပုံရိပ်များ..




မာံလဝီ

၂၀၁၂ သင်္ကြန် သက်ကြီး ပုဇော်ပွဲ

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးကာလ အခါသမယ တွင် ကိုးရီးယားရောက် မွန်လူမျိုးများ ၊
တိုင်းရင်းသား ညီအကိုများနှင့် ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့..... ကိုယ်၏ကျန်းမာခြင်း ၊ စိတ်၏
ချမ်းသာခြင်း...နှစ်ဖြာနဲ့ လိုအင်ဆန္ဒများ ပြီးပြည့်စုံကြပါစေကြောင်း နှင့်
နှစ်သစ်တွင် ကျန်းမားချမ်းသာပြီး အလုပ်အကိုင်များ အဆင်ပြေစေပြီး..ဘေးအန္တာရာယ်များ ကင်းဝေးကာ.... ကိုးရီးယားတွင် ပျော်ရွှင်စွာ အလုပ်လုပ်နိုင်ကြပါစေလို့ ကျနော်တို့ ဂကောံမန်ကိုဝ်ရိံယျာ မှ ဆုမွန်ကောင်းများ ထပ်မံ တောင်းအပ်ပါသည်။

ကျနော်တို့ မွန်အသင်း(ကိုးရီးယား) သည်လည်း သင်္ကြန်အခါတွင် ကျနော်တို့မွန်လူမျိုး တို့၏
ရိုးရာ ယဉ်ကျေးမှု့တခုဖြင့်သော ပူဇော်ထိုက်သူကို ပူဇော်ခြင်း ဆိုသည့်အတိုင်း လူကြီးသူမများအား ဂါရဝတရား ရှေ့ထားပြီး ၁၄.၄.၂၀၁၂(စနေည )တွင် ကျနော်တို့၏ နာယကကြီး (နိုင်အောင်မြင့်) အား ပူဇော်ကန်တော့ ပြီးကုသိုလ်ယူခဲ့ကြသည်။
၁၅ ရက်နေ့ နေ့လည်မှာဖြင့်မြန်မာ အသင်း၏ဦးဆောင်မှု့ဖြင့် မွန်အသင်း အနေဖြင့် ရေကစားရန် ရောက်လာကြသော သူများအား အမောပြေ စေရန် အတွက် မဏ္ဍပ်တွင် မုန့် ၊ အအေးမျိုးစုံ တို့ဖြင့် တည်ခင်းကာ ကောင်းမှု့ကုသိုလ် ပြုခဲ့ကြသည်။ ကျနော်တို့၏ ကောင်းမှု့ ကုသိုလ်အစုစု ကို ကိုးရီးယားရောက် ကျနော်တို့ မွန်အမျိုးသားများနှင့်တကွ သတ္တဝါအားလုံး ထပ်တူထပ်မျှ ရကြပါစေ........သတည်း။
ဒါက တော့ နာယကကြီး နိုင်အောင်မြင့်အား ကန်တော့ စဉ် ပုံများ



မာံလဝီ