၂၀၁၂ သင်္ကြန်ပုံရိပ်များ..
Wednesday, April 18, 2012
၂၀၁၂ သင်္ကြန် သက်ကြီး ပုဇော်ပွဲ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးကာလ အခါသမယ တွင် ကိုးရီးယားရောက် မွန်လူမျိုးများ ၊
တိုင်းရင်းသား ညီအကိုများနှင့် ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့..... ကိုယ်၏ကျန်းမာခြင်း ၊ စိတ်၏
ချမ်းသာခြင်း...နှစ်ဖြာနဲ့ လိုအင်ဆန္ဒများ ပြီးပြည့်စုံကြပါစေကြောင်း နှင့် နှစ်သစ်တွင် ကျန်းမားချမ်းသာပြီး အလုပ်အကိုင်များ အဆင်ပြေစေပြီး..ဘေးအန္တာရာယ်များ ကင်းဝေးကာ.... ကိုးရီးယားတွင် ပျော်ရွှင်စွာ အလုပ်လုပ်နိုင်ကြပါစေလို့ ကျနော်တို့ ဂကောံမန်ကိုဝ်ရိံယျာ မှ ဆုမွန်ကောင်းများ ထပ်မံ တောင်းအပ်ပါသည်။
ကျနော်တို့ မွန်အသင်း(ကိုးရီးယား) သည်လည်း သင်္ကြန်အခါတွင် ကျနော်တို့မွန်လူမျိုး တို့၏
ရိုးရာ ယဉ်ကျေးမှု့တခုဖြင့်သော ပူဇော်ထိုက်သူကို ပူဇော်ခြင်း ဆိုသည့်အတိုင်း လူကြီးသူမများအား ဂါရဝတရား ရှေ့ထားပြီး ၁၄.၄.၂၀၁၂(စနေည )တွင် ကျနော်တို့၏ နာယကကြီး (နိုင်အောင်မြင့်) အား ပူဇော်ကန်တော့ ပြီးကုသိုလ်ယူခဲ့ကြသည်။
၁၅ ရက်နေ့ နေ့လည်မှာဖြင့်မြန်မာ အသင်း၏ဦးဆောင်မှု့ဖြင့် မွန်အသင်း အနေဖြင့် ရေကစားရန် ရောက်လာကြသော သူများအား အမောပြေ စေရန် အတွက် မဏ္ဍပ်တွင် မုန့် ၊ အအေးမျိုးစုံ တို့ဖြင့် တည်ခင်းကာ ကောင်းမှု့ကုသိုလ် ပြုခဲ့ကြသည်။ ကျနော်တို့၏ ကောင်းမှု့ ကုသိုလ်အစုစု ကို ကိုးရီးယားရောက် ကျနော်တို့ မွန်အမျိုးသားများနှင့်တကွ သတ္တဝါအားလုံး ထပ်တူထပ်မျှ ရကြပါစေ........သတည်း။
ဒါက တော့ နာယကကြီး နိုင်အောင်မြင့်အား ကန်တော့ စဉ် ပုံများ

Subscribe to:
Posts (Atom)