Wednesday, April 20, 2011

မွန်ဆရာတော်တပါးအား ဆွမ်းကျွေးအလှူ

ဆရာတော် ဥူးဓမ္မဝရ (ဘာပလိုင်ထုံ)၊

ကွာန်စောဝ်ဗလု၊ ပွိုင်ဍုင်ကျာ်ပိ

မွန်ကိုးရီးယားအသင်း၏ဥက္ကဌနဲာဂံင်ဆာန်ကဆရာတော်အားအမှတ်တရ(နာရီ)ကပ်လှူစဉ်
ဒု-ဥက္ကဌ နဲာထောန်ဝေန် ဆရာတော်အား ဝတ္ထုကမ္မ ကပ်လှူစဉ်

မွန်ကိုးရီးယားအသင်းသားများ ဆရာတော်အား ဆွမ်းကပ်လှူနေစဉ်
တရားနာနေစဉ်











ကိုထွန်းမြတ်အောင်၏ ဆွမ်းချက်ပြုတ်နေစဉ်

တောင်ကိုးရီးယားနိုင်ငံသို့ အမှတ်မထင် အလည်ကြွရောက်လာသော မွန်ဆရာတော် ဥူးဓမ္မဝရအား ကျွန်တော်တို့ မွန် ကိုးရီးယား အသင်းမှ ဆွမ်း၊ ကမ္မဝတ္ထု များ စသည်ဖြင့် ကိုးရီးယားရောက် မွန်အမျိုးသားများက စုပေါင်း အလှူဒါန တခု ပြုလုပ် နိုင်ခဲ့သည်.။ ဆရာတော် အား အန်ဆန်းမြို့ရှိ ကိုသားလေး (မော့ကနင်ရွာသစ်) ဆိုင်တွင် လည်း ပင့်ဖိတ်ကာ တရက်တာ ဆွမ်းကျွေးပြီး ဝတ္ထုကမ္မနှင့်တကွ ကပ်လှူခဲ့ပါသည်။ ထို့နောက် နိုင်တင်မွန်၊ နိုင်သူရိန် ၊ နိုင်ဇာနည် ၊ နိုင်ဝင်းထွဋ်နှင့် နိုင်ဗညားစိုးမွန်တို့က ဆရာတော်နှင့် တပည့် တယောက်အား ကိုးရီးနိုင်ငံရှိ ထင်ရှား နေရာများအား လိုက်လံပို့ဆောင်ခဲ့သည်။ ကျန်တော်တို့ မွန်ကိုးရီးယား အသင်း စသင်ဖွဲ့စည်းကတည်း က မွန်သံဃာတော်တပါးအား ပထမဦးစွာ ဆွမ်းဒါန ကပ်လှူနိုင်ခြင်းဖြစ်သည်။ ထိုမျှမက ကိုးရီးယားရောက် မွန်အမျိုးသားများ အကြောင်းအမျိုးမျိုးကြောင့် တည်းခိုရေး အခက်ခဲ ဖြစ်နေစဉ် တည်းခိုနိုင်အောင် ရည်ရွယ်၍ မွန်ကိုးရီးယား အသင်း အနေဖြင့် ဘူဖြောင်းမြို့တွင် အခန်းတခု ငှားရမ်းပေးထားတာ အခုဆို ၂ နှစ် မြောက်ခဲ့ပါပြီး.....
မွန်အခန်းတွင် မွန်ဆရာတော် တပါးအား အခုလိုဆွမ်း ကပ်လှူခွင့် နှင့် ပုရိတ်တရား
ကြားနာ ခွင့်ရသည်မှာ အင်မတန် ဝမ်းသာ ပိတိဖြစ်ရပါ၏။ ထို့ကြောင့် ကိုးရီးယားရောက် ကျနော်တို့ မွန်ညီအကိုများ နှင့်တကွ ၃၁ တွင် ကျင်လည်ကြကုန် သော သတ္တဝါတို့ အားလုံး ကျွန်တော်တို့ ပြုသော ကောင်းမှူကိုသိုလ် အစုစုတို့ကို သာဓု ခေါ်နိုင်ကြပါစေသော်....................

ကျေးဇူးတင်စွဖြင့်

မွန်ကိုးရီးယား အသင်း

No comments: