Monday, October 15, 2012
Saturday, October 13, 2012
Sunday, August 19, 2012
Monday, July 23, 2012
ရခိုင်ဒုက္ခသည်များ အတွက် အလှူတော်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျှက်ရှိသော ဘင်္ဂါလီ အရေးခင်းတွင် ဒုက္ခမျိုးစုံကြုံတွေ့ ခံစားနေကြသော ရခိုင်တိုင်းရင်းသား
ညီအကိုများအား စာနာထောက်ထားသောအားဖြင့် မွန်အသင်း (ကိုးရီးယား) က တဖက်တလှမ်းမှ ပါဝင်ကူညီ နိုင်ရန်အတွက် ကိုးရီးယားရောက် မွန်အမျိုးသား များအား စုပေါင်းပြီး အလှူငွေ ၁ ၁၂၃ ၀၀၀ ဝမ် ပေးအပ်လှူဒါန်းနိုင်ခဲ့သည်။
ထိုအလှူငွေကို ဒုက္ခမျိုးစုံ ကြံတွေ့ခံစားနေရသော ရခိုင်အမျိုးသားများထံသို့ (ရခိုင်အသင်း - ကိုးရီးယား) မှတဆင့် ပေးအပ်လှူဒါန်းခဲ့သည်။
ဒုက္ခရောက်နေကြသော ကျနော်တို့ ပြည်ထောင်စုပွား တိုင်းရင်းသား ညီအကိုများ အား အခုလို ကူညီထောက်ပံ့နိုင်အောင် ပါဝင်လှူဒါန်းပေးခဲ့သော
ကိုးရီးယားရောက် မွန်အမျိုးသား အပေါင်းတို့အား အထူးပင်ကျေးဇူး တင်ရှိပါကြောင်း......
ဂကောံမန် ကိုဝ်ရီယျာ
ချူ - လဝီ
Saturday, July 14, 2012
မွန်ဝတ်စုံအကြောင်းသိကောင်းစရာ (အကျဉ်း)
မွန်လူမျိုးတို့သည် ကိုယ့်ထီး ကိုယ့်နန်းနှင့် မင်းဧကရာဇ်၊ စစ်သေနာပတိ၊ က၀ိဆရာ၊ မှူးကြီး မတ်ရာ၊ သူဋ္ဌေး သူကြွယ်၊ နယ်စားမြို့စား၊ ပြည်သူများ လူတန်းစား အမျိုးမျိုး ရှိခဲ့ကြသည့် အားလျော်စွာ ၀တ်စား ဆင်ယင် မှုသည်လည်း လူတန်းစားကို လိုက်၍ ၀တ်စား ဆင်ယင်ခဲ့သည်မှာ ယုံမှား ဖွယ်ရာ မရှိပါ။ ကျဉ်းမြောင်းသော လူမျိုးရေးဝါဒီ ပဒေသရာဇ်မင်းတို့ အုပ်စိုးသော ခေတ်နှင့် နယ်ချဲ့တို့၏ လက်အောက်သို့ ရောက်ရသော ခေတ်တွင် မွန်လူမျိုးတို့၏ စာပေယဉ် ကျေးမှုသည်လည်း လွှမ်းမိုး ဖျက်ဆီးခြင်း ခံခဲ့ရသည်။ မြန်မာပြည် လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် မွန်ဒေသမှ ယက္ကန် လုပ်ငန်း ရှင်များသည် စီးပွားရေးအမြင်ဖြင့် ပိုမိုတွင်ကျယ်စွာ ရောင်းချနိုင်သော
မြန်မာ့ အ၀တ်အထည်ကိုသာ ယက်လုပ်ကြပြီး မွန်လူမျိုးတို့၏ ၀တ်စား ဆင်ယင်မှုကို လျစ်လျူရှုခဲ့ကြသည်။ ရာမည တိုင်းသားတို့သည် လွယ်ကူစွာ ရနိုင်သော အ၀တ်အထည် များကိုသာ ၀ယ်ယူ သုံးစွဲခဲ့ကြသဖြင့် မွန်တို့၏ အ၀တ်အထည် များကို ပိုမို၍ အ၀တ်နည်းလာကြသည်။ အမျိုးသား ၀တ်စုံကို ၀တ်ဆင်ရန် လိုအပ်သည့် အခါတွင် မည်သည့် ၀တ်စုံကို ၀တ်ဆင်ရမည်ကိုပင် မဝေခွဲနိုင်သော အခြေအနေသို့ ရောက်ခဲ့လေသည်။
http://www.phophtaw.org/burmese/index.php/feature/1871-2012-07-14-07-11-35.html

တက္ကသိုလ်၊ ကောလိပ်များရှိ တိုင်းရင်းသားလူမျိုးတိုင်းတွင် မိမိတို့ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီများ ရှိကြသည်။
ကော်မတီ တစ်ခုနှင့်တစ်ခု တွေ့ဆုံပွဲများ၊ စုပေါင်း ကျင်းပသော ပွဲများရှိကြသည်။ ပွဲတော်များတွင် တက္ကသိုလ် မွန်ကျောင်းသူ၊ ကျောင်းသားများသည် တခြားတိုင်းရင်းသား နည်းတူ မိမိတို့၏၀တ်စုံကို မ၀တ်ဆင်နိုင်ခဲ့ကြပေ။ ဥပမာ- 1971ခုနှစ် ရန်ကုန် တက္ကသိုလ်ပြည်ထောင်စု အလံ သယ်ယူပွဲတွင် မိမိတို့၏ ၀တ်စုံပြည့်ဖြင့် ပါဝင်မဆင်နွှဲနိုင်သော အခြေအနေသို့ ရောက်ခဲ့ရ၏။
မွန်အမျိုးသားများ၊ မွန်ရဟန်းတော်များ၊ ကျောင်းသူ ကျောင်းသားများ၊ မွန်လူငယ်များသည် မွန်ဝတ်စုံဖြစ်မြောက်လာအောင် တက္ကသိုလ်မွန်ကျောင်းသူ၊ ကျောင်းသားများသို့ စာနှင့်တစ်ဖုံ၊ လူနှင့် တစ်မျိုးတောင်း ဆိုလာကြသည်။

အမျိုးသား ၀တ်စုံ ထုတ်ဖော်ဖြစ်မြောက်ရေး ကော်မတီကို (21.8.1971) စနေနေ့တွင် ရွှေတိဂုံဘုရားလမ်း၊ မွန်ပိဋကတ်တိုက်တွင် တက္ကသိုလ်၊ ကောလိပ် ကျောင်းသူကျောင်းသားများ၊
ကျောင်းသားဟောင်းများ ဦးစီး၍ ဖွဲ့စည်းလိုက်သည်။
(21.8.1971)ပထမအကြိမ်အစည်းအဝေးတွင် -
- မွန်လူမျိုးတို့၏ ရှေးဟောင်း အ၀တ်အစားနှင့် ယနေ့ အ၀တ်အစားများကို အထောက်အထား ပစ္စည်းအဖြစ်အသုံးပြုရန် မွန်ဒေသစုံသို့သွားရောက်
စုဆောင်းရန်။
- မွန်ဒေသကို ရောက်ရာတွင် တွေ့ရှိရသောပစ္စည်းများကို အကြောင်းအရာကိုသိရှိသော ပုဂ္ဂိုလ်များထံတွင် မေးမြန်းလေ့လာရန်။
- မွန်တို့၏၀တ်စားဆင်ယင်မှုအကြောင်းကို တတ်သိပုဂ္ဂိုလ်များနှင့်ဆွေးနွေးရန်။
- (5.9.1971)တွင် အစည်းအဝေးပြန်ခေါ်ပြီး ရရှိထားသောအချက်အလက်များကို ဆွေးနွေးရန်။
- ရရှိထားသောအဖြေများကိုပေါင်းစပ်ပြီး မွန်ဝတ်စုံအကြမ်းသဘောရွေးချယ်သတ်မှတ်ရန်။
- (12.9.1971)တွင် မွန်လူကြီးများ၊ လူငယ်လူလတ်၊ ရဟန်းတော်များ၊ ဆရာဆရာမများ၊ တက္ကသိုလ်ကျောင်းသား/သူများကိုဖိတ်ခေါ်ပြီး မွန်ဝတ်စုံကို သတ်မှတ်အတည်ပြုရန်။
ကော်မတီအဖွဲ့သည် ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး၊ ပေါင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ကရင်ပြည်နယ် ကော့ဗိန်းရွာမှ ပစ္စည်း အထောက်အထား အချက်အလက်များကို ဆည်းပူးလေ့လာ ခဲ့ကြပါသည်။
ရှေးခေတ် မွန်အ၀တ်အစားများ၊ နတ်ဝတ်နတ်စား၊ ပုဝါ၊ မွန်နှစ်နံစပ်လုံချည် ထမီများ ရရှိခဲ့ကြသည်။ ကော်မတီဝင်များ လုံချည်၊ ထမီများကို သုတေသနပြုရာတွင် အနီရောင်သည် အပေါ်လွင်ဆုံး အရောင်ဖြစ်သည်ကို တွေ့ရသည်။လုံချည်တွင် အနီရောင်ခံပေါ်တွင် အဖြူရောင်အစင်းဖြင့် အကွက်များဖော်ထားခြင်းနှင့် ထမီတွင် အနီရောင်ခံပေါ်တွင် အနက်ရောင်အစင်းများဖြင့်အကွက်ဖော်
ထားသည်ကို တွေ့ရသည်။ရှေးခေတ်မွန်အမျိုးသားတို့ ရှပ်အင်္ကျီကို မ၀တ်ဆင်မီတွင် တိုက်ပုံနှင့်ဆင်သော အင်္ကျီတစ်မျိုးဝတ်ဆင် သည်ကိုတွေ့ရသည်။ တိုက်ပုံကဲ့သို့လက်ပွကျယ်၍ အဆုံးလက်ကောက်ဝတ်တွင် တိုက်ပုံမှာကဲ့သို့ လက်ခေါက်ထားခြင်းမရှိပေ။
လည်ပင်းတွင် စတစ်ကော်လာကဲ့သို့ ကော်လာတိုရှိသည်။ တခြားတိုက်ပုံများကဲ့သို့ကြယ်သီးမတပ်ရင်ဖွင့်ဝတ်ဆင်၍ မရသဖြင့် အမြဲတစေကြိုးချည်၍စေ့ထားရသည်။ ယင်းတိုက်ပုံတွင် အောက်အိပ်နှစ်လုံးသာပါသည်။
ရှေးခေတ်မွန်အမျိုးသမီးဝတ်စုံမှာ ယနေ့ခေတ်အထိ အများဆုံးအဖြူရောင်ကိုဝတ်ဆင်ကြသည်။ ရှေးခေတ်အင်္ကျီသည် ရင်ခွဲမဟုတ်ဘဲခေါင်းမှစွပ်ရ၀တ်ဆင်ရသည်။ လည်ဝိုက်ပုံသဏ္ဍာန်နှင့် (V) သဏ္ဍာန်ရှိသည်။ ကြယ်သီးနှင့်ချည်စရာကြိုးများ
မလိုချေ။ ကရင်အမျိုးသမီးများကဲ့သို့အစင်းအကြောင်းဖော်ထားခြင်းမရှိချေ။ လက်မှာလက်ရှည်ဖြစ်သည်။
(12.9.1971)တနင်္ဂနွေနေ့ ကော်မတီအစည်းအဝေးတစ်ရပ်ကို မွန်ပိဋကတ်တိုက်တွင်ကျင်းပပြန်၏။ အစမ်းသဘောဝတ်စုံကို တက်ရောက်ကြသော ပုဂ္ဂိုလ်များလက်ခံကြ၏။ အမျိုးသားတိုက်ပုံ၏ပုံသဏ္ဍာန်ကို မကန့်ကွက်လိုသော်လည်း အရောင်
ကိုမူ ရဟန်းတော်များ မွန်လူကြီးများက ကန့်ကွက်ကြသည်။ သတ်မှတ်ထားသော အနက်ရောင်သည် မွန်တို့၏ အယူအဆအရ မင်္ဂလာမရှိသောအရောင်ဖြစ်သည်။ ရှေ့တိုက်ပုံကဲ့သို့ အဖြူရောင်တွင် အနီရောင်အစင်းဖြင့် လေးထောင့်အကွက်ကြီး
ဖော်ထားသော အစဖြင့် ချုပ်လုပ်ဝတ်ဆင်ရန် သဘောတူခဲ့ကြသည်။
အစည်းအဝေးမှသတ်မှတ်သော
မွန်အမျိုးသားဝတ်စုံမှာ >> အင်္ကျီအတွင်း ရှပ်အင်္ကျီယူပြီး အပြင်တိုက်ပံအတွက် အဖြူရောင်ပေါ်တွင် တစ်လက်မကွာ အနီတစ်ကြောင်း၊ လည်တွင် လက်မ၀က်ခန့်ဗျက်ချုပ်မည်။ လက်ကိုမခေါက်ပဲဆန့်ထားမည်။
အောက်အိပ်နှစ်လုံးပါမည်။ ကြိုးလေးကြောင်းတပ်မည်။ လျှာမပါချေ။ လုံချည်မှာ အနီရောင်ခံမည်။ အဖြူအကွက်ဖော်မည်။ အောက်ဆုံးအနားအဖြူ 1/4 လက်မထားမည်။ အနား၏အပေါ်တွင် အနီကွက်တစ်လက်မခွဲခန့် ပတ်ထားမည်။
အလယ်တွင် နှစ်နံစပ်သဘောဆောင်ရန် အောက်အနား
အဖြူအစင်းလက်မ၀က်ခန့် ပတ်ထားမည်။

မွန်အမျိုးသမီး ၀တ်စုံမှာ >> အင်္ကျီကို အဖြူရောင်၊ Vသဏ္ဍာန်
လည်ဝိုက်၊ ရင်စေ့၊ ကြိုးငါးချောင်းတပ်ရန်၊ လက်ရှည်၊
အောက်အနားအနည်းငယ်ပိုရှည်ရန်၊ ထမီ မှာ အနီရောင်ခံ၊ ကြက်ခြေခတ်အနက်ကွက်၊
ရောင်စုံအစင်းပတ်(6)လက်မ၊
အနီရောင်နှင့်အဖြူရောင်ယှက်ထားသော ဗြောင် 15 လက်မအောက်ဆုံးအနား၊ အနီခံအနက်ကွက် 21လက်မ၊ ရောင်စုံအစင်း 6လက်မ၊ အနီဖြူရောင်ဗြောင် 15 လက်မ၊ စုစုပေါင်း 42 လက်မ၊ ထပ်ဆင့်။
တက်ရောက်သူအားလုံးက ၀တ်စုံအားအတည်ပြုသတ်မှတ်ပြီး အစည်းအဝေးကိုအောင်မြင်စွာရုပ်သိမ်းခဲ့သည်။
မွန်ဝတ်စုံကို (10.10.1971)တနင်္ဂနွေနေ့ ရန်ကုန်တက္ကသိုလ် မွန်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတွင် စတင်ဝတ်ဆင်ခဲ့ကြသည်။
(12.10.1971)ရက်နေ့ ရန်ကုန်သို့ရောက်ရှိလာသော ကမ္ဘာလှည့် ဂျပန်လူငယ်များ ကြိုဆိုတွေ့ဆုံပွဲတွင် ယင်းသတ်မှတ်ထားသော ၀တ်စုံဖြင့် မွန်ကျောင်းသူကျောင်းသားများ သွားရောက်တွေ့ဆုံခဲ့ကြသည်။

(23.10.1971)ရက်နေ့
ရန်ကုန်တက္ကသိုလ်တိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုဆပ်ကော်မတီများမိတ်ဆက်ပွဲအခမ်းအနားကို မွန်ကျောင်းသူကျောင်းသား၊
ဆရာဆရာမများ အမျိုးသားဝတ်စုံကို တင့်တယ်စွာ ၀တ်ဆင်နိုင်ခဲ့ကြ၏။
ညီရင်းအစ်ကိုများနှင့်
မိတ်ဆက်နိုင်ခဲ့ကြ၏။ 1972ခုနှစ် တက္ကသိုလ်မွန်ပြက္ခဒိန်တွင်လည်း ယင်းမွန်ဝတ်စုံဖြင့် ၀တ်ဆင်ထားသော မွန်ကျောင်းသူကျောင်းသားများ၏ ပုံကိုထည့်သွင်းခဲ့ကြသည်။
မိတ်ဆက်နိုင်ခဲ့ကြ၏။ 1972ခုနှစ် တက္ကသိုလ်မွန်ပြက္ခဒိန်တွင်လည်း ယင်းမွန်ဝတ်စုံဖြင့် ၀တ်ဆင်ထားသော မွန်ကျောင်းသူကျောင်းသားများ၏ ပုံကိုထည့်သွင်းခဲ့ကြသည်။
အထက်ဖော်ပြပါကြိုးပမ်း အားထုတ်မှုတို့သည်
ရေရှည်ခိုင်မာသော ၀တ်စုံမရှိသည့် မွန်လူမျိုးများအတွက် ၀တ်စုံတစ်စုံ
မားမား မတ်မတ်ပေါ်ထွက်လာခဲ့ပါသည်။ မွန်လူမျိုးထု တစ်ရပ်လုံးသည်လည်း
တာဝန်သိသိနှင့် မွန်အမျိုးသားဝတ်စုံကို ကျယ်ပြန့်စွာ
ဝတ်ဆင်လာရန်ဆောင်ရွက်ခြင်း၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း
တို့သည် မွန်လူမျိုးများအတွက် မည်မျှတန်ဘိုးရှိသည်။ အကျိုးရှိသည်ကို နားလည်
သဘောပေါက်ရန် အထူးလိုအပ်လှပါသည်။ ထို့ကြောင့် မွန်အမျိုးသား၊
အမျိုးသမီးများသည် မိမိတို့၏ အမျိုးဘာသာ သာသနာနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို တန်ဘိုးထားကြပါ။ မြတ်နိုးကြပါ။ ခင်တွယ်ကြပါ။ ၀တ်ဆင်ကြပါလို့ တိုက်တွန်းအားပေးစကား ပြောကြားလိုက်ရပါသည်။
ဗညားအောင်မိုး (ဆေးတက္ကသိုလ်) တက္ကသိုလ်မွန်မဂ္ဂဇင်း
ဆောင်းပါး မှ ကောက်နုတ်တင်ပြပါသည်။
ဗညားအောင်မိုး (ဆေးတက္ကသိုလ်) တက္ကသိုလ်မွန်မဂ္ဂဇင်း
ဆောင်းပါး မှ ကောက်နုတ်တင်ပြပါသည်။
Banya Htoulay
— with Ngwemoe Moe, ဗညာ ဆာန်, Min Nyan Thar and 47 others
http://www.phophtaw.org/burmese/index.php/feature/1871-2012-07-14-07-11-35.html
Wednesday, May 30, 2012
Honsawatio 255 (Mon Korea).mp4
ကဆုန်လဆုပ် ၈ ရက်တွက်ကျရောက်သော 255နှစ်မြောက် မွန်နိုင်ငံတော်ကြီး ဟံသာဝတီပြည် ကျဆုံးခြင်းအတွက် ဝမ်းနည်းခြင်းအထိမ်းမှတ်ကို ကိုးရီးယားနိုင်ငံရောက် မွန်အမျိုးသားများကလည် အောက်မေ့ခြင်းအခမ်းနား ကို (ဂကောံမန်ကိုဝ်ရိံယျာ)မွန်ကီုးရီးယားအသင်းမှ ကြီးမှူး ကျင်းပခဲ့သည်။..ထိုအခမ်းနားကို ၁၂.၅.၂၀၁၂ ည ၁၀ နာရီတိတိတွင် အခမ်းနားစတင်ဖွင့်လှစ်ခဲ့ပြီး အခမ်းနားမှူးဖြင့် မွန်ကိုးရီးယားအသင်းမှ အမှုဆောင် နိုင်လဝီအောင် တာဝန်ယူခဲ့ပေးခဲ့ပြီး ဘုရား၊ တရား ၊သံဃာတော်များအား အာရုံပြုပြီး နမောသတ ဂါထာတြော်ဖင့် ၃ ကြိမ်ရွတ်ဆိုပြီး အခမ်းနားကိုစတင်ဖွင့်သည်။
ကျဆုံးလေပြီးသော သံဃအာဇာနည် လူအာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း နှင့်ပစ္စုပ္ပန် ရှိ သံဃာ့အာဇာနည် များနှင့်လူအာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်ဂါရဝပြုခြင်း ၊ထို့နောက် ဝမ်းနည်းခြင်း အထိမ်းအမှတ်တွက် ၃ မိနစ်ခန့် မျက်လုံးစုံမှိတ် အာရုံပြုပြီး ခေတ္တ တိတ်ဆိတ်စွာ ငြိမ်သက်ပြီး မေတ္တာပို့ ဆုတောင်းကြသည်။..အစီစဉ်အရ ဂကောံမန်ကိုဝ်ရိံယျာ အသင်းမှ ဥက္ကဌ နိုင်ကောင်းချမ်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျနော်တို့ မွန်လူမျိုးတွေ ကျဆုံးခဲ့ပုံများ ညှင်းဆဲ ခံခဲ့ရပုံများ အရှင်လတ်လတ် သတ်ဖြတ်ခ့ခဲ့ရသော ပညာရှိသံဃာတော်များ နှင့်လူများ အတွက် အင်မတန်မှ ကြွေကွဲဖွယ်ရာများအကြောင်း စာပေ များ ဖျက်ဆီးခံခဲ့ရမှု့များအကြောင်းကို ရင်ထုမနာဖြစ်ခဲ့ရပုံများဟာ…ပုံပြင်တပုဒ်မဟုတ်ခဲ့ဘူး အမှန်စင်စစ် ရာဇဝင် သာဖြစ်ကြောင်း အတိတ်က ဖြစ်ရပ်များကို နမူနာယူပြီး တဦးနှင့်တဦး ညီညွတ်ကြဖို့ ရှေ့ဆက်ပြီး လူမျိုးမပျောက်ပျက်အောင် စာပေ ယဉ်ကျေးမှုများ မပျောက်ပျက်အောင် အတူတကွ ဂရုတစိုက်နဲ့ လက်တွဲပြီး ဒီ့ထက်ပိုပြီး အလုပ်ပိုလုပ် ကြရန် တက်ရောက်လာသော အသင်းသားများအား အသိပေးပြောကြားသွားသည်။ ထို့နောက် အစီစဉ်အရ ဂကောံမန်ကိုဝ်ရိံယျာ မှ အထွေထွေကြီးကြပ်ရေးမှူး နိုင်ညီညီမှ သူ့အနေကတော့ တက်ရောက်လာသော သူများအား အခုလိုတွေ့ဆုံခွင့်နှင့် စကားပြောကြားခွင့်ရတာကို အင်မတန်မှ ဝမ်းသာပိတီဖြစ်ရပါကြောင်း ….အခုလို မွန်တို့၏ သမိုင်းအထင်ကရနေ့ရက်များကို နောင်လာနောက်သား ညီငယ်တွေ အမှတ်ရနေလေအောင် မမေ့ပျောက်ရလေအောင် အမျိုးသားရေး အသိစိတ်ဓါတ် ပိုမို နိုးကြားလာအောင် အတွက် ဒီိနေ့လို အထိမ်းအမှတ်နေ့ မျိုးကို နှစ်စဉ်နှစ်တိုင်း အသင်းမှ ဒီထက်ပိုမိုကျယ်ပြန့်အောင် ကျင်းပနိုင်ရန်လိုအပ်ကြောင်း မွန်ကိုးရီးယား အသင်းအနေနဲ့ ဟံသာဝတီပျက်သုဉ်းခြင်း အထိမ်းအမှတ်ကို ယခုပါဆို ၂ ကြိမ်သာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဒီတကြိမ်သာ မွန်အခန်းတွင် ပထမဦးဆုံးကျင်းပနိုင်ခြင်းဖြစ်သည် ထို့ကြောင့်နောက့်နောင်များတွင်လည်း ဆက်လက်ကျင်းပနိုင်ရန်အတွက် ကိုးရီးယားရောက်မွန်အမျိုးသားများ အားလုံးတွင်တာဝန်ရှိကြောင်းနှင့် ကိုယ်တက်နိုင်တဲ့အပိုင်းကနေ တာဝန်ကိုယ်စီ ယူပေးကြရန် နှင်း အားလုံးဝိုင်းဝန်ကူညီပေးကြပါရန်…အထူးပင်မေတ္တာရပ်ခံပါကြောင်းပြောကြားရင်း နိဂုံးချုပ်ပြောကြားသွားသည်။..အဲဒီနောက်မှာတော့ ၂၅၅နှစ်ပြည့် ဟံသာဝတီပြည် ပျက်သုဉ်းခြင်း အခမ်းနားသို့ အလုပ်အချိန်မအားလပ်ရတဲ့ကြားကနေ တက်ရောက်လာပေးသော ဧည့်ပုရိတ်သတ်များအား ကံစမ်းမဲ ဖေါက်ပြီး ကံထူးရှင်းများရွေးချယ်ပေးရာတွင် တတိယဆု အတွက် နိုင်အောင်သက်စံ(မုဒုံ) ၊ ဒုတိယဆု အတွက် နိုင်မျိုးနိုင်(ကမာဝက်)နှင့် ပထမ ဆုအတွက် နိုင်သားအောင် (သောင်ပြင်) တို့က အသီးသီး အမှတ်တရလက်ဆောင်များ ဆွတ်ခူးရရှိသွားပါသည်။
အစီစဉ်နံပါတ်(၆) အရ မွန်ဗုဒ္ဒတက္ကသိုလ်တည်ဆောက် ရန်အတွက် ကိုးရီးရောက်မွန်လူမျိုး အလှူရှင်များ ၊ အခြားအလှူရှင်များထံမှ အလှူငွေများကို မွန်ကိုးရီးယားအသင်း က တာဝန်ရှိသူများ ပေးအပ် ခြင်း နှင့် ထိုအလှူငွေများကို မွန်ကိုးရီးယားအသင်း ဥက္ကဌ နှင့် ကြီးကြပ်ရေးမှူး နိုင်ညီညီတို့က အလှူငွေအတွက် တာဝန်ခံ နိုင်လဝီအောင် အား ထပ်မံ လွှဲပြောင်းပေးခြင်း ဖြစ်သည၊် ကိုးရီးယားမှ အလှူရှင်များအားလုံး စုစုပေါင်း အလှူငွေပေါင်း သိန်း ပေါင်း 5 925 581 ဝမ်တို့ ရရှိသည်။
ထို့နောက် ည ၁၂ နာရီတိတိတွင် 255နှစ်ပြည့်မြောက် မွန်နိုင်ငံတော်ကြီး ဟံသာဝတီပြည် ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းနား ကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းကို ကြောငြာပြီး အခမ်းနားကို ရုပ်သိမ်းပြီး အခမ်းနားသို့တက်ရောက် လာသော ဧည့်ပုရိတ်သတ်များအား
ညစာ ဖြင့် တည်ခင်းဧည့်ခံသည်။
ထိုအခမ်းနား ဖြစ်မြောက်ရန်အတွက် စာလုံးဒီဇိုင်းများ တာဝန်ယူပေးသော နိုင်မျိုးကျော်ထိုက်၊ လိုအပ်သော ပစ္စည်းများအား ဝယ်ယူစုဆောင်းပေးသော နိုင်ရွှေဘ ၊ အခမ်းနားသို့ကြွရောက်လာပေးသော ပုရိသတ်များအား ဧည့်ခံရေးအတွက် တာဝန်ယူပေးသော နိုင်ဝင်းဗိုလ် နှင့် မှတ်တမ်းဓါတ်ပုံအတွက် နိုင်အဘစ် နှင့် နိုင်ဇာနည်တို့လည်းကောင်း အဝေးမှ လူကိုယ်တိုင် မလာရောက်နိုင်ပေမယ့် ဖုန်း မက်ဆေ့ခ်ျတို့မှတဆင့် အားပေး ခဲ့ကြသော ညီအကိုများအားလုံး နှင့်တကွ အထွေထွေတာဝန်ယူ ကူညီပေးသော သူများအားလုံးနှင့် ကြွရောက်လာသော သူများအားလုံးကို ကျနော်တို့ မွန်ကိုးရီးယား အသင်းမှ အထူးပင်ကျေးဇူးတင်ကြောင်းနှင့် တလေးတစားမှတ်တမ်းတင်အပ်ပါသည်။
မာံလဝီ
Thursday, May 24, 2012
TIN TUN OO's မှတ်တမ်း
ကိုတင်ထွန်းဦး၏ နာရေးတွင် မိတ်ဆွေသူငယ်ချင်းများမှ စုစုပေါင်း အကူငွေ ဝမ် သိန်း ၇၀ ရရှိပြီး
သူ့အတွက်ရည်စူးကာ ကောင်းမှု့ကုသိုလ် နှင့်အခြားသော အသုံးစရိတ်စုစုပေါင်း ဝမ် ၂၉ သိန်း ကုန်ကျခဲ့ပြီး
ကျန်ငွေ ဝမ် ၄၁ သိန်း ကို သူ မဆုံးပါး ခင်က သူဖြစ်ချင်သော လှူချင်နေသော သူ့ရွာက ဆောက်လုပ်ဆဲ ဘုန်းကြီးကျောင်းတွင် ကျန်ရစ်သူ သူ့မိသားစု မှတဆင့် ထည့်ဝင်လှုဒါန်းပေးလိုက်သည်။
ကိုတင်ထွန်းဦး ၏ ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်းနှင့် ကျနော်တို့၏ြ ပုသမျှကောင်းမှု့ကိစ္စအဝဝအား သာဓု ခေါ်နိုင်ပါစေဗျ..ကိုတင်ထွန်းဦးတယောက် ကောင်းရာသုဂတိ လားပါစေဗျ..
ကိုတင်ထွန်းဦး ၏ နာရေးကိစ္စ အဝဝအား အကူညီပေးကြခဲ့သော အသင်းအဖွဲ့များအားလည်း သူငယ်ချင်း မိတ်ဆွေများအားလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။ (ကျန်ရစ်သူ သူငယ်ချင်းများ)
ဂကောံမန်ကိုဝ်ရိယျာ
လဝီ
Wednesday, May 09, 2012
မင်းတင်ထွန်းဦး အားရည်စူး၍ ရက်လည်ဆွမ်းကျွေး..
မင်းတင်ထွန်းဦး အားရည်စူး၍ ရက်လည်ဆွမ်းကျွေး..
၆.၅.၂၀၁၂ နေ့စွဲတွင်
ရုတ်တရတ် ကွယ်လွန်သွားခဲ့သော ကိုးရီးယားနိုင်ငံရောက် မွန် အမျိုးသား
မင်းတင်ထွန်းဦး (ခ) ရုတ် အသက်(၃၀)နှစ်
အား ရည်စူး၍ ရက်လည် ဆွမ်းကျွေးကို လာမည့်
၁၂ . ၅. ၂၀၁၂ ရက်
နေ့ (စနေနေ့) တွင် ဘူဆန်မြို့ရှိ မြန်မာ့
ဘုန်းတော်ကြီးကျောင်းတွင် ဘုရား အမှူးရှိသော
သံဃာတော် အရှင်သူမြတ်များအား
နံနက် အာရုံ တွင် ဆွမ်း ကွမ်း နှင့် ဝထ္တုဒါန အစရှိသော လှူဒါန်းဖွယ်ရာ
များအား ဆပ်ကပ်လှူဒါန်းပြီး ကောင်းမှု့ကုသိုလ် အစုစုတို့အား အမျှပေးဝေ ကြမည်
ဖြစ်ပါသည်။ ထို့ကြောင့် ကိုးရီးယားနိုင်ငံရောက် ကိုတင်ထွန်းဦး ၏ မိတ်ဆွေသင်္ဂဟ အပေါင်းနှင့် မြန်မာပြည်သူပြည်သားများ အပေါင်းတို့ ကြွရောက်၍ စုပေါင်း မေတ္တာ ပေးပို့ကြပါရန်
လေးစားစွာဖြင့် ဖိတ်မန္တက ပြုအပ်ပါသည် ခင်ဗျား….။
ကြွရောက်လာကြသော
ဧသည့်ပုရိတ်သတ်များအား မြန်မာ ထမင်းဟင်းများဖြင့် တည်ခင်းဧည့်ခံမည်
ဖြစ်ပါသည်။ နံနက်ခင်းမှစ၍ နေ့လည် ၁၂ နာရီထိ
ကွယ်လွန်သူ မင်းတင်ထွန်းဦး ၏ ကိစ္စ အဝဝ အား ကူညီပေးခဲ့ကြသော ……..
ဂကောံမန် ကိုဝ်ရိံယျာ(
မွန်အသင်း -ကိုးရီးယား)အား၎င်း ၊ ဟဲဆောင်း ကုမ္မဏီ အား ၄င်း ၊ ဒေဝူးကုမ္မဏီ အား၎င်း
၊ မြန်မာသံရုံးမှ အရာရှိနှင့်တကွ ဝန်ထမ်းများအား၎င်း၊ ဒေဝူးကုမ္မဏီမှ
မြန်မာ့ရွှေမိသားစု တို့အား၎င်း ၊ မြန်မာ့ အသင်း(ဘူဆန်) နှင့်တကွ အဖက်ဖက်မှ
ကူညီပေးခဲ့ကြသော မိတ်ဆွေအပေါင်းတို့အား အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျား….
ကျန်ရစ်သူ မိတ်ဆွေ သူငယ်ချင်းများ
ကျန်ရစ်သူ မိတ်ဆွေ သူငယ်ချင်းများ
လဝီ
Sunday, May 06, 2012
အထူးဝမ်းနည်းကြွေကွဲရခြင်း
မွန်ပြည်နယ် လမိုင်းမြို့နယ်ခွဲ မော့ကနင် ကျေးရွာ နေ ဦးကွန်းလိန် +ဒေါ်ကွန်းရီ တို့၏ သား တောင်ကိုးရီးယား နိုင်ငံရောက် မွန်အမျိုးသား ကိုတင်အောင်ထွန်း ( ခေါ်) ရုတ် အသက် ၃၀ နှစ် သည် ၆.၅.၂၀၁၂ နံနက် ၆နာရီခန့်တွင် ရုတ်တရက် ကွယ်လွန်အနိစ္စရောက်ရှိသွားပါသည်။ ဖြစ်စဉ်မှာ ကိုတင်အောင်ထွန်း ခေါ် ရုတ်သည် အက်စီးဒင့် ကြောင့် ဆေးရုံတွင် ဆေးကုသ နေသာ ဦးလေးတော်စပ် သူ ကိုဇော်ဦး အား လူနာစောင့်ဖြစ် ပြုစု နေစဉ် အတွင်း ရုတ်တရက် လဲကျ ကာ ကွယ်လွန်သွားခဲ့သည်ဟု သိရှိရပါသည်။
ကျန်ရစ်သော ကိုတင်အောင်းထွန်း ၏ ရုပ်ကလာပ် ကို ၈.၅.၂၀၁၂ (အင်္ဂါနေ့) နံနက် ၉း၃၀ အချိန် ဘူဆန်မြို့ တွင် မီးသဂြိုလ် မည်ဖြစ်ပါသည် သို့ဖြစ်ပါ၍ ရပ်နီးရပ်ဝေးမှ သူငယ်ချင်း မိတ်ဆွေ အပေါင်းတို့ ခင်ဗျား ကိုတင်အောင်ထွန်း၏ နောက်ဆုံးခရီးကို ဝိုင်းဝန်း၍ ပို့ဆောင်ကြပါရန်နှင့် တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်း ကူညီပေးကြပါရန် တိုက်းတွန်းနှိုးဆော်အပ်ပါသည်။
ကိုတင်အောင်ထွန်းသည် ၂၀၀၆ ခုနှစ် ၈ လပိုင်းတွင် ကိုးရီးယားနိုင်ငံသို့ ရောက်ရှိလာပြီး အမိမြန်မာပြည်သို့ အပြီး ပြန်ရက် ၂ လပိုင်းမျှသာ လိုတော့သာ အချိန်တွင် အခုလိုမျိုး ရုတ်တရက် ကွယ်လွန်သွားခဲ့ သည်။
ကျနော်တို့ မွန်ကိုးရီးယားအသင်း (ဂကောံမန်ကိုဝ်ရိံယျာ) မှ ကျန်ရစ်သူ မိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြွေကွဲရပါသည်။
အသေးစိပ် သိလိုသူများ နှင့် ကူညီလိုသူများ ဆက်သွယ်ရန်......
ကိုငွေဌေး (ကိုမဲ) Ph : 010 1897 4145
ကိုထွန်းဝင်း (ကိုဗလဲာ) Ph : 010 3026 6523
Wednesday, April 18, 2012
၂၀၁၂ သင်္ကြန် သက်ကြီး ပုဇော်ပွဲ
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးကာလ အခါသမယ တွင် ကိုးရီးယားရောက် မွန်လူမျိုးများ ၊
တိုင်းရင်းသား ညီအကိုများနှင့် ကမ္ဘာသူ ကမ္ဘာသားအပေါင်းတို့..... ကိုယ်၏ကျန်းမာခြင်း ၊ စိတ်၏
ချမ်းသာခြင်း...နှစ်ဖြာနဲ့ လိုအင်ဆန္ဒများ ပြီးပြည့်စုံကြပါစေကြောင်း နှင့် နှစ်သစ်တွင် ကျန်းမားချမ်းသာပြီး အလုပ်အကိုင်များ အဆင်ပြေစေပြီး..ဘေးအန္တာရာယ်များ ကင်းဝေးကာ.... ကိုးရီးယားတွင် ပျော်ရွှင်စွာ အလုပ်လုပ်နိုင်ကြပါစေလို့ ကျနော်တို့ ဂကောံမန်ကိုဝ်ရိံယျာ မှ ဆုမွန်ကောင်းများ ထပ်မံ တောင်းအပ်ပါသည်။
ကျနော်တို့ မွန်အသင်း(ကိုးရီးယား) သည်လည်း သင်္ကြန်အခါတွင် ကျနော်တို့မွန်လူမျိုး တို့၏
ရိုးရာ ယဉ်ကျေးမှု့တခုဖြင့်သော ပူဇော်ထိုက်သူကို ပူဇော်ခြင်း ဆိုသည့်အတိုင်း လူကြီးသူမများအား ဂါရဝတရား ရှေ့ထားပြီး ၁၄.၄.၂၀၁၂(စနေည )တွင် ကျနော်တို့၏ နာယကကြီး (နိုင်အောင်မြင့်) အား ပူဇော်ကန်တော့ ပြီးကုသိုလ်ယူခဲ့ကြသည်။
၁၅ ရက်နေ့ နေ့လည်မှာဖြင့်မြန်မာ အသင်း၏ဦးဆောင်မှု့ဖြင့် မွန်အသင်း အနေဖြင့် ရေကစားရန် ရောက်လာကြသော သူများအား အမောပြေ စေရန် အတွက် မဏ္ဍပ်တွင် မုန့် ၊ အအေးမျိုးစုံ တို့ဖြင့် တည်ခင်းကာ ကောင်းမှု့ကုသိုလ် ပြုခဲ့ကြသည်။ ကျနော်တို့၏ ကောင်းမှု့ ကုသိုလ်အစုစု ကို ကိုးရီးယားရောက် ကျနော်တို့ မွန်အမျိုးသားများနှင့်တကွ သတ္တဝါအားလုံး ထပ်တူထပ်မျှ ရကြပါစေ........သတည်း။
ဒါက တော့ နာယကကြီး နိုင်အောင်မြင့်အား ကန်တော့ စဉ် ပုံများ

Thursday, March 01, 2012
မွန်ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရန်အတွက် အလှူတော်
မွန်ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရန်အတွက် အလှူတော်
သို့/
လေးစားရပါသော ကီုးရီးယားရောက် မွန်အမျိုးသား ညီအကို အပေါင်းတို့ခင်ဗျား…..
မော်လမြိုင်မြို့ မြိုင်သာယာရပ် ရှင်စောပုလမ်းတွင် မွန်ဗုဒ္ဒတက္ကသိုလ် တည်ဆောက်မည်
ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ မွန်သံဃာတော်များ အဆင့်မြင့် ဗုဒ္ဒစာပေများ လွယ်ကူစွာသင်ကြား
နိုင်စေနိုင်ရန် ၊ အမျိုး ဘာသာ ၊ သာသနာ အကျိုး ၊ သယ်ပိုးနိုင်ရန်အတွက် ရည်ရွယ်၍
ကိုးရီးယားရောက် မွန်အမျိုးသား ညီအကိုများ အနေဖြင့် မိမိတို့၏ ချွေးနဲ့စာ (လုပ်အားခ ) ထဲမှ
နည်းများမဆို စေတနာ သဒ္ဒါ ထက်သန်စွာဖြင့် ကုသိုလ်ယူ ပါဝင်လှူဒါန်း နိုင်ကြပါကြောင်း
နိဗ္ပာန် အကျိုး မျှော်ကိုး၍ တိုက်းတွန်းနှိုးဆော် အပ်ပါသည် ။
စေတနာ ရှင်များ လှူဒါန်းလိုပါက အောက်ပါ ဘဏ်အကောင့် နှင့် လူပုဂ္ဂိုလ်များထံသို့
ဆက်သွယ် လှူဒါန်းနိုင် ပါကြောင်း…နှင့် အလှူတော်ငွေ များကို 30.3.2012 နေ့စွဲတွင်
နောက်ဆုံး နေ့အဖြစ် သတ်မှတ်ထားပါသည်။
(၁) နိုင်ညီညီ … 010 2623 6153 민틴산 (IBK) BANK - 631006 98 601016
(၂) နိုင်ထွန်းဝင်း …010 3026 6523 TUN WIN (NH BANK – 3510 1611 33613 )
(၃) နိုင်ချမ်းထိုက် …010 2856 1654 민챙타이 - 352 0055 2699 23 ..농 협 BANK
(၄)နိုင်အုံးမြင့် …. 010 8691 5805 (SHIN HAN) BANK – 1103 4990 7269
(၅)နိုင်လဝီ .. 010 2556 8339 MAUNG LWE AUNG (NH BANK - 171890 51 019713 )
(၆)နိုင်ရွှေဘ … 010 5826 5551 TIN OO (WORRI BANK - 100 2644 151 306
(monkorea.2007@GMAIL.COM
ဂကောံမန်ကိုဝ်ရီယျာ
LAWI’s

Saturday, February 04, 2012
(65)th Mon National Day Korea....(၂)
ဗွီဒီယို နှင့်တည်းဖြတ်ပေးသော ကိုစနေသားအား အထူးပင် ကျေးဇူးတင်ပါသည်
Lawi
မရနုက်ကု(၆၅) ဝါ တၝဲကောန်ဂကူမန်..
တၝဲကောန်ဂကူမန်..
ကင်မရာနှင့် တည်းဖြတ်ပေးသော ကိုစနေသားအား ကျေးဇူးတင်ရှိပါသည်။
Lawi
Subscribe to:
Posts (Atom)