Wednesday, May 30, 2012

Honsawatio 255 (Mon Korea).mp4




ကဆုန်လဆုပ် ၈ ရက်တွက်ကျရောက်သော 255နှစ်မြောက် မွန်နိုင်ငံတော်ကြီး ဟံသာဝတီပြည် ကျဆုံးခြင်းအတွက် ဝမ်းနည်းခြင်းအထိမ်းမှတ်ကို  ကိုးရီးယားနိုင်ငံရောက် မွန်အမျိုးသားများကလည် အောက်မေ့ခြင်းအခမ်းနား ကို (ဂကောံမန်ကိုဝ်ရိံယျာ)မွန်ကီုးရီးယားအသင်းမှ ကြီးမှူး ကျင်းပခဲ့သည်။..ထိုအခမ်းနားကို ၁၂.၅.၂၀၁၂ ည ၁၀ နာရီတိတိတွင် အခမ်းနားစတင်ဖွင့်လှစ်ခဲ့ပြီး အခမ်းနားမှူးဖြင့်  မွန်ကိုးရီးယားအသင်းမှ အမှုဆောင် နိုင်လဝီအောင်  တာဝန်ယူခဲ့ပေးခဲ့ပြီး ဘုရား၊ တရား ၊သံဃာတော်များအား အာရုံပြုပြီး နမောသတ ဂါထာတြော်ဖင့် ၃ ကြိမ်ရွတ်ဆိုပြီး အခမ်းနားကိုစတင်ဖွင့်သည်။
ကျဆုံးလေပြီးသော သံဃအာဇာနည် လူအာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း နှင့်ပစ္စုပ္ပန် ရှိ သံဃာ့အာဇာနည် များနှင့်လူအာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွှတ်ဂါရဝပြုခြင်း ၊ထို့နောက် ဝမ်းနည်းခြင်း အထိမ်းအမှတ်တွက် ၃ မိနစ်ခန့် မျက်လုံးစုံမှိတ် အာရုံပြုပြီး ခေတ္တ တိတ်ဆိတ်စွာ ငြိမ်သက်ပြီး မေတ္တာပို့ ဆုတောင်းကြသည်။..အစီစဉ်အရ ဂကောံမန်ကိုဝ်ရိံယျာ အသင်းမှ ဥက္ကဌ နိုင်ကောင်းချမ်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျနော်တို့ မွန်လူမျိုးတွေ ကျဆုံးခဲ့ပုံများ ညှင်းဆဲ ခံခဲ့ရပုံများ အရှင်လတ်လတ် သတ်ဖြတ်ခ့ခဲ့ရသော ပညာရှိသံဃာတော်များ နှင့်လူများ အတွက် အင်မတန်မှ ကြွေကွဲဖွယ်ရာများအကြောင်း စာပေ များ ဖျက်ဆီးခံခဲ့ရမှု့များအကြောင်းကို ရင်ထုမနာဖြစ်ခဲ့ရပုံများဟာ…ပုံပြင်တပုဒ်မဟုတ်ခဲ့ဘူး အမှန်စင်စစ် ရာဇဝင် သာဖြစ်ကြောင်း အတိတ်က ဖြစ်ရပ်များကို နမူနာယူပြီး တဦးနှင့်တဦး ညီညွတ်ကြဖို့ ရှေ့ဆက်ပြီး လူမျိုးမပျောက်ပျက်အောင် စာပေ ယဉ်ကျေးမှုများ မပျောက်ပျက်အောင် အတူတကွ ဂရုတစိုက်နဲ့ လက်တွဲပြီး ဒီ့ထက်ပိုပြီး အလုပ်ပိုလုပ် ကြရန် တက်ရောက်လာသော အသင်းသားများအား အသိပေးပြောကြားသွားသည်။ ထို့နောက် အစီစဉ်အရ ဂကောံမန်ကိုဝ်ရိံယျာ မှ အထွေထွေကြီးကြပ်ရေးမှူး နိုင်ညီညီမှ သူ့အနေကတော့ တက်ရောက်လာသော သူများအား အခုလိုတွေ့ဆုံခွင့်နှင့် စကားပြောကြားခွင့်ရတာကို အင်မတန်မှ ဝမ်းသာပိတီဖြစ်ရပါကြောင်း ….အခုလို မွန်တို့၏ သမိုင်းအထင်ကရနေ့ရက်များကို နောင်လာနောက်သား ညီငယ်တွေ အမှတ်ရနေလေအောင် မမေ့ပျောက်ရလေအောင်  အမျိုးသားရေး အသိစိတ်ဓါတ် ပိုမို နိုးကြားလာအောင် အတွက်  ဒီိနေ့လို အထိမ်းအမှတ်နေ့ မျိုးကို နှစ်စဉ်နှစ်တိုင်း အသင်းမှ ဒီထက်ပိုမိုကျယ်ပြန့်အောင် ကျင်းပနိုင်ရန်လိုအပ်ကြောင်း မွန်ကိုးရီးယား အသင်းအနေနဲ့ ဟံသာဝတီပျက်သုဉ်းခြင်း အထိမ်းအမှတ်ကို ယခုပါဆို ၂ ကြိမ်သာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး  ဒီတကြိမ်သာ မွန်အခန်းတွင် ပထမဦးဆုံးကျင်းပနိုင်ခြင်းဖြစ်သည် ထို့ကြောင့်နောက့်နောင်များတွင်လည်း ဆက်လက်ကျင်းပနိုင်ရန်အတွက် ကိုးရီးယားရောက်မွန်အမျိုးသားများ အားလုံးတွင်တာဝန်ရှိကြောင်းနှင့် ကိုယ်တက်နိုင်တဲ့အပိုင်းကနေ တာဝန်ကိုယ်စီ ယူပေးကြရန် နှင်း အားလုံးဝိုင်းဝန်ကူညီပေးကြပါရန်…အထူးပင်မေတ္တာရပ်ခံပါကြောင်းပြောကြားရင်း နိဂုံးချုပ်ပြောကြားသွားသည်။..အဲဒီနောက်မှာတော့ ၂၅၅နှစ်ပြည့် ဟံသာဝတီပြည် ပျက်သုဉ်းခြင်း အခမ်းနားသို့  အလုပ်အချိန်မအားလပ်ရတဲ့ကြားကနေ တက်ရောက်လာပေးသော ဧည့်ပုရိတ်သတ်များအား ကံစမ်းမဲ ဖေါက်ပြီး ကံထူးရှင်းများရွေးချယ်ပေးရာတွင် တတိယဆု အတွက် နိုင်အောင်သက်စံ(မုဒုံ) ၊ ဒုတိယဆု အတွက် နိုင်မျိုးနိုင်(ကမာဝက်)နှင့် ပထမ ဆုအတွက် နိုင်သားအောင် (သောင်ပြင်) တို့က အသီးသီး အမှတ်တရလက်ဆောင်များ ဆွတ်ခူးရရှိသွားပါသည်။
 အစီစဉ်နံပါတ်(၆) အရ မွန်ဗုဒ္ဒတက္ကသိုလ်တည်ဆောက် ရန်အတွက် ကိုးရီးရောက်မွန်လူမျိုး အလှူရှင်များ ၊ အခြားအလှူရှင်များထံမှ အလှူငွေများကို မွန်ကိုးရီးယားအသင်း က တာဝန်ရှိသူများ ပေးအပ် ခြင်း နှင့် ထိုအလှူငွေများကို မွန်ကိုးရီးယားအသင်း ဥက္ကဌ နှင့် ကြီးကြပ်ရေးမှူး နိုင်ညီညီတို့က  အလှူငွေအတွက် တာဝန်ခံ နိုင်လဝီအောင် အား ထပ်မံ လွှဲပြောင်းပေးခြင်း ဖြစ်သည၊် ကိုးရီးယားမှ အလှူရှင်များအားလုံး စုစုပေါင်း အလှူငွေပေါင်း သိန်း ပေါင်း 5 925 581 ဝမ်တို့ ရရှိသည်။
ထို့နောက် ည ၁၂ နာရီတိတိတွင် 255နှစ်ပြည့်မြောက် မွန်နိုင်ငံတော်ကြီး ဟံသာဝတီပြည် ကျဆုံးခြင်း  အထိမ်းအမှတ် အခမ်းနား ကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်းကို ကြောငြာပြီး အခမ်းနားကို ရုပ်သိမ်းပြီး  အခမ်းနားသို့တက်ရောက် လာသော ဧည့်ပုရိတ်သတ်များအား
ညစာ ဖြင့် တည်ခင်းဧည့်ခံသည်။ 
ထိုအခမ်းနား ဖြစ်မြောက်ရန်အတွက် စာလုံးဒီဇိုင်းများ တာဝန်ယူပေးသော  နိုင်မျိုးကျော်ထိုက်၊ လိုအပ်သော ပစ္စည်းများအား ဝယ်ယူစုဆောင်းပေးသော နိုင်ရွှေဘ ၊ အခမ်းနားသို့ကြွရောက်လာပေးသော ပုရိသတ်များအား ဧည့်ခံရေးအတွက် တာဝန်ယူပေးသော နိုင်ဝင်းဗိုလ် နှင့် မှတ်တမ်းဓါတ်ပုံအတွက် နိုင်အဘစ် နှင့် နိုင်ဇာနည်တို့လည်းကောင်း  အဝေးမှ လူကိုယ်တိုင် မလာရောက်နိုင်ပေမယ့် ဖုန်း မက်ဆေ့ခ်ျတို့မှတဆင့် အားပေး ခဲ့ကြသော ညီအကိုများအားလုံး နှင့်တကွ အထွေထွေတာဝန်ယူ ကူညီပေးသော သူများအားလုံးနှင့် ကြွရောက်လာသော သူများအားလုံးကို ကျနော်တို့ မွန်ကိုးရီးယား အသင်းမှ အထူးပင်ကျေးဇူးတင်ကြောင်းနှင့် တလေးတစားမှတ်တမ်းတင်အပ်ပါသည်။

                                                                                                    မာံလဝီ


No comments: