(၆၁)ကြိမ်မြောက် မွန်အမျိုးသားနေ့ အမှတ်တရ
Thursday, August 28, 2008
Saturday, August 23, 2008
မွန်ကိုးရီးယား(အသင်း)၏ အစ
အောက်တွင်ရာသီဉတုကသာယာလျှက်ရှိသည်။လူ
သားများက မိမိတို့၏ လိုရာသို့ အပြေးအလွှားခရီး
နှင်နေကြသည်။ကိုးရီးယားနိုင်ငံ၏တနေရာ အင်
ချွန်းမြို့ (Inchon)၊ဧရိယာအတွင်း ဘူဖယောင်း
(Bupyoeng)ဘူတာရုံတွင် ခါတိုင်းထက် ပိုပြီးစည်
ကားလျှက်ရှိသည်။အလုပ်ပိတ်ရက်ကြောင့်လားမ
သိ ၊သူငယ်ချင်းတွေ၊စုံတွဲတွေ၊လူကြီးသူမများပါမ
ကျန် အစွမ်းကုန်ခြယ်သပြီးအလှခြင်းပြိုင်လျှက်ပေါ့
၊နွေရာသီဆိုရင် ကိုးရီးယားမလေးတွေရဲ့အလှတရားကပိုပြီးပေါ်တက်လို့ Bupyeong ဘူတာရှေ့တွင်
သဘာဝအလှတရားထက်ပိုလှတဲ့အလှကိုအခမဲ့ သူသူငါငါထိုင်ပြီးငေးမောနေကြသည်။ထိုအတူ
အလှတရားများကိုမခံစားနိုင်လောက်အောင် လူငယ်တစုက ခေါင်းချင်းဆိုင်ပြီး တီးတီးတိုးတိုးနဲ့ တိုင်
ပင်ကာအလုပ်ရှုပ်လျှက်ပေါ့၊မိမိတို့၏လူမျိုးများ စည်းလုံးညီညွတ်မှု့ရှိစေရန်နှင့် မိမိလူမျိုးတို့၏ နေ့ထူး
နေ့မြတ် နေ့တနေ့ဖြစ်သော မွန်အမျိုးသားနေ့ကို ပြည်တွင်း၊ပြည်ပရှိ မွန်ပြည်သူတွေကဲ့သို့ ကျင်းပ
နိုင်ရန်အတွက် ယာယီကော်မတီ တရပ် ဖွဲ့စည်းဖို့လိုအပ်ကြောင်းကို နားလည်သော မွန်လူငယ်တစု
မည်သို့မည်ပုံပြုလုပ်ကြမည်၊ မည်သူကမည်သည့်တာဝန်ယူကြမည် ......စသည်စသည်တို့ မိမိတို့၏
အမြင်များကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနေကြသည်။ထိုသို့ဆွေးနွေးမှု့အပြီးတွင် ဂကောံမန်
ကီုရိယျာမွန်ကိုးရီးယားအသင်းကိုအားလုံး၏သဘောဆန္ဒဖြင့်24.9.2007(တနလာင်္နေ့)တွင်ယာယီ
ကော်မတီတရပ်ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ကော်မတီ၏လုပ်ငန်းစတင် လည်ပတ်နိုင်ဖို့အတွက် ကော်မ
တီဝင်များက တဉီးကို ဝမ်ငါးသောင်း (ဝမ် 50,000) ကိုယ်စီ မတည်ငွေဖြစ် စေတနာထက်သန်စွာ
မတည်ခဲ့ကြသည်။ထိုကော်မတီကို စတင်ဖွဲ့စည်းခဲ့သူများမှာ-ဓါတ်ပုံ၏ရှေ့တန်း (ဝဲမှယာ) နိုင်သန်း
ညွန့်၊ နိုင်ဝင်းထိုက်၊နိုင်တင်မွန်၊နိုင်လွီအောင်၊နိုင်ထွန်းဝင်း၊နိုင်ကောင်းချမ်း၊နိုင်ချမ်းထိုက်၊နိုင်သား၊
နိုင်တင်ဉီး၊နိုင်သန်းထိုက်၊နိုင်သူရိန်၊နိုင်အောင်နိုင်လင်း၊နိုင်ဇော်ထိုက်၊နိုင်ဇော်လင်း၊နိုင်ဗညားမွန်၊နိုင်
ပန်းလှိုင်တို့ဖြစ်သည်။ထို့အပြင်နိုင်အောင်ထူး ကလည်းဆွေးနွေးပွဲသို့ လူကိုယ်တိုင်မတက်ရောက်
နိုင်ပေမယ့် မတည်ငွေကို စေတနာထက်သန်စွာထည့်ဝင်ခဲ့ပါသည်။ဤလူများသည်ယာယီကော်မတီ စဖွဲ့စည်းစဉ်က လူများသာဖြစ်သည်။ဒါက မွန်ကိုးရီးယားအသင်း၏ အစပင်ဖြစ်သည်။
Friday, August 22, 2008
နိဒါန်း
လူတိုင်းလူတိုင်းဟာ မိမိဘဝ၏ (လိုအပ်ချက် နှင့်အညီ)ရည်ရွယ်ချက်၊ ရည်မှန်းချက် ပြီးပြည့်စုံစေရန်အတွက် ကြိုးစား ရုန်းကန်ပြီး အလုပ်လုပ်နေကြရသည်။ တဉီးနှင့်တဉီး ရည်ရွယ်ချက်ချင်းလဲ တူညီကြမည်မဟုတ်ပေ။ မိမိယုံကြည်ရာကိုစွဲမြဲစွာ ဆုပ်ကိုင်ပြီး ကြိုးစားပါမှ မိမိလိုရာပန်းတိုင်ကိုရောက်ရှိနိုင်ပေလိမ့်မည်။ ထိုသို့ လုပ်ကိုင်ရာတွင် ကျွန်ုပ်တို့ မွန်လူမျိုးများသည် မိမိဘဝ အာမခံ ချက်ရရှိဖို့အတွက် ကြိုးစားလုပ်ကိုင်ကြရာတွင် ရေကြည်ရာမြက်နုရာ ဆိုသလို ရေခြားမြေခြား ၊နိုင်ငံရပ်ခြားတွင် မိသားစုနှင့်ခွဲကာ အလွမ်းတွေတနင့်တပိုးနဲ့ ရင်မှာပိုက်ကာ အလုပ်လုပ်နေကြရသည်။ ထိုလူများအထဲမှာ တောင်ကိုးရီးယား နိုင်ငံတွင်ရောက်ရှိနေကြ
တဲ့မွန်လူမျိုးတွေအများကြီးရှိကြပါတယ်၊တကယ်တော့ကျွန်တော်တို့မွန်လူမျိုးတွေဟာလွန်ခဲ့သော၉၊၁၀နှစ်
ဝန်းကျင်ကတည်းကတောင်ကိုးရီးယားနိုင်ငံသို့လူနည်းစုအနေနဲ့ရောက်ရှိနှင့်ပြီးသားပါ၊
ထို့နောက်တစထက်တစများပြားလာလျှက်ရှိသည်၊သို့သော်တဉီးနှင့်တဉီးအနေဝေးကြ၍်သော်လည်းကောင်း၊အဆက်သွယ် မရကြ၍သော်လည်းကောင်းတစုတစည်းမရှိကြပေ။သို့သော်လွန်ခဲ့သောခုနှစ်မှစပြီးကျွန်တော်မွန်လူမျိုးတွေ တစတစများပြားလာရာကနေစည်းစည်းလုံးလုံး၊ညီညီညွှတ်ညွှတ်၊တစုတဝေးနှင့်စုစည်းမှုရှိကြစေရန် ရည်ရွယ်ပြီး ကျွန်တော်တို့ မွန်ကိုးရီးယားအသင်း (ဂကောံမန်ကီုရီယျာ)ကို၂၀၀၇ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ကြသည်။

Thursday, August 14, 2008
စတင်ခြင်း(ဘလော့)
ကိုးရီးယားနိုင်ငံကို ရောက်ရှိနေကြတဲ့ ကျွန်တော်တို့မွန်လူမျိုးတွေဟာအခုဆိုရင် မွန်ကိုးရီးယား အသင်း
ကို စတင်ဖွဲ့စည်းနိုင်ခဲ့ပါပြီး။ ကျွန်တော်တို့အသင်း၏ လှုပ်ရှားမှု့များ၊အသင်း၏ရည်ရွယ်ချက်များ၊ပြုလုပ်
ပုံများ၊ အစီစဉ်များကို အခြားသော အဖွဲ့အစည်းများ၊ အသင်းများကဲ့သို့ တင်ပြနိုင်ရန်နှင့် အခြားသော
တိုင်းရင်းသား ညီအစ်ကိုမောင်နှမ များဖတ်ရှု့နိုင်အောင်၊ လေ့လာနိုင်အောင် ရည်ရွယ်ပြီး ဒီ blog ကိုပြုလုပ်ရခြင်းဖြစ်ပါတယ်၊ ဒီ blog ဖြစ်မြောက် အောင်အကူအညီပေးခဲ့သော ကိုလွိံမွန် ကိုကျွန်တော်
တို့ကိုးရီးယားအသင်းကအထူးကျေးဇူးတင်ပါသည်။လာလည်ကြသောမိတ်ဆွေများအားလုံးကိုလည်းကျေး
ဇူးအထူးတင်ရှိပါသည်။မိတ်ဆွေများဆီက အကြံဉာဏ်များ မျှော်လင့်နေပါသည်။

Subscribe to:
Posts (Atom)