Friday, August 22, 2008

နိဒါန်း

လူတိုင်းလူတိုင်းဟာ မိမိဘဝ၏ (လိုအပ်ချက် နှင့်အညီ)ရည်ရွယ်ချက်၊ ရည်မှန်းချက် ပြီးပြည့်စုံစေရန်အတွက် ကြိုးစား ရုန်းကန်ပြီး အလုပ်လုပ်နေကြရသည်။ တဉီးနှင့်တဉီး ရည်ရွယ်ချက်ချင်းလဲ တူညီကြမည်မဟုတ်ပေ။ မိမိယုံကြည်ရာကိုစွဲမြဲစွာ ဆုပ်ကိုင်ပြီး ကြိုးစားပါမှ မိမိလိုရာပန်းတိုင်ကိုရောက်ရှိနိုင်ပေလိမ့်မည်။ ထိုသို့ လုပ်ကိုင်ရာတွင် ကျွန်ုပ်တို့ မွန်လူမျိုးများသည် မိမိဘဝ အာမခံ ချက်ရရှိဖို့အတွက် ကြိုးစားလုပ်ကိုင်ကြရာတွင် ရေကြည်ရာမြက်နုရာ ဆိုသလို ရေခြားမြေခြား ၊နိုင်ငံရပ်ခြားတွင် မိသားစုနှင့်ခွဲကာ အလွမ်းတွေတနင့်တပိုးနဲ့ ရင်မှာပိုက်ကာ အလုပ်လုပ်နေကြရသည်။ ထိုလူများအထဲမှာ တောင်ကိုးရီးယား နိုင်ငံတွင်ရောက်ရှိနေကြ
တဲ့မွန်လူမျိုးတွေအများကြီးရှိကြပါတယ်၊တကယ်တော့ကျွန်တော်တို့မွန်လူမျိုးတွေဟာလွန်ခဲ့သော၉၊၁၀နှစ်
ဝန်းကျင်ကတည်းကတောင်ကိုးရီးယားနိုင်ငံသို့လူနည်းစုအနေနဲ့ရောက်ရှိနှင့်ပြီးသားပါ၊
ထို့နောက်တစထက်တစများပြားလာလျှက်ရှိသည်၊သို့သော်တဉီးနှင့်တဉီးအနေဝေးကြ၍်သော်လည်းကောင်း၊အဆက်သွယ် မရကြ၍သော်လည်းကောင်းတစုတစည်းမရှိကြပေ။သို့သော်လွန်ခဲ့သောခုနှစ်မှစပြီးကျွန်တော်မွန်လူမျိုးတွေ တစတစများပြားလာရာကနေစည်းစည်းလုံးလုံး၊ညီညီညွှတ်ညွှတ်၊တစုတဝေးနှင့်စုစည်းမှုရှိကြစေရန် ရည်ရွယ်ပြီး ကျွန်တော်တို့ မွန်ကိုးရီးယားအသင်း (ဂကောံမန်ကီုရီယျာ)ကို၂၀၀၇ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ကြသည်။

No comments: