Saturday, August 23, 2008

မွန်ကိုးရီးယား(အသင်း)၏ အစ

တိမ်တွေကင်းစင်ပြီး ကောင်းကင်ပြာပြာကြီး၏
အောက်တွင်ရာသီဉတုကသာယာလျှက်ရှိသည်။လူ
သားများက မိမိတို့၏ လိုရာသို့ အပြေးအလွှားခရီး
နှင်နေကြသည်။ကိုးရီးယားနိုင်ငံ၏တနေရာ အင်
ချွန်းမြို့ (Inchon)၊ဧရိယာအတွင်း ဘူဖယောင်း
(Bupyoeng)ဘူတာရုံတွင် ခါတိုင်းထက် ပိုပြီးစည်
ကားလျှက်ရှိသည်။အလုပ်ပိတ်ရက်ကြောင့်လားမ
သိ ၊သူငယ်ချင်းတွေ၊စုံတွဲတွေ၊လူကြီးသူမများပါမ
ကျန် အစွမ်းကုန်ခြယ်သပြီးအလှခြင်းပြိုင်လျှက်ပေါ့
၊နွေရာသီဆိုရင် ကိုးရီးယားမလေးတွေရဲ့အလှတရားကပိုပြီးပေါ်တက်လို့ Bupyeong ဘူတာရှေ့တွင်
သဘာဝအလှတရားထက်ပိုလှတဲ့အလှကိုအခမဲ့ သူသူငါငါထိုင်ပြီးငေးမောနေကြသည်။ထိုအတူ
အလှတရားများကိုမခံစားနိုင်လောက်အောင် လူငယ်တစုက ခေါင်းချင်းဆိုင်ပြီး တီးတီးတိုးတိုးနဲ့ တိုင်
ပင်ကာအလုပ်ရှုပ်လျှက်ပေါ့၊မိမိတို့၏လူမျိုးများ စည်းလုံးညီညွတ်မှု့ရှိစေရန်နှင့် မိမိလူမျိုးတို့၏ နေ့ထူး
နေ့မြတ် နေ့တနေ့ဖြစ်သော မွန်အမျိုးသားနေ့ကို ပြည်တွင်း၊ပြည်ပရှိ မွန်ပြည်သူတွေကဲ့သို့ ကျင်းပ
နိုင်ရန်အတွက် ယာယီကော်မတီ တရပ် ဖွဲ့စည်းဖို့လိုအပ်ကြောင်းကို နားလည်သော မွန်လူငယ်တစု
မည်သို့မည်ပုံပြုလုပ်ကြမည်၊ မည်သူကမည်သည့်တာဝန်ယူကြမည် ......စသည်စသည်တို့ မိမိတို့၏
အမြင်များကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနေကြသည်။ထိုသို့ဆွေးနွေးမှု့အပြီးတွင် ဂကောံမန်
ကီုရိယျာမွန်ကိုးရီးယားအသင်းကိုအားလုံး၏သဘောဆန္ဒဖြင့်24.9.2007(တနလာင်္နေ့)တွင်ယာယီ
ကော်မတီတရပ်ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ကော်မတီ၏လုပ်ငန်းစတင် လည်ပတ်နိုင်ဖို့အတွက် ကော်မ
တီဝင်များက တဉီးကို ဝမ်ငါးသောင်း (ဝမ် 50,000) ကိုယ်စီ မတည်ငွေဖြစ် စေတနာထက်သန်စွာ
မတည်ခဲ့ကြသည်။ထိုကော်မတီကို စတင်ဖွဲ့စည်းခဲ့သူများမှာ-ဓါတ်ပုံ၏ရှေ့တန်း (ဝဲမှယာ) နိုင်သန်း
ညွန့်၊ နိုင်ဝင်းထိုက်၊နိုင်တင်မွန်၊နိုင်လွီအောင်၊နိုင်ထွန်းဝင်း၊နိုင်ကောင်းချမ်း၊နိုင်ချမ်းထိုက်၊နိုင်သား၊
နိုင်တင်ဉီး၊နိုင်သန်းထိုက်၊နိုင်သူရိန်၊နိုင်အောင်နိုင်လင်း၊နိုင်ဇော်ထိုက်၊နိုင်ဇော်လင်း၊နိုင်ဗညားမွန်၊နိုင်
ပန်းလှိုင်တို့ဖြစ်သည်။ထို့အပြင်နိုင်အောင်ထူး ကလည်းဆွေးနွေးပွဲသို့ လူကိုယ်တိုင်မတက်ရောက်
နိုင်ပေမယ့် မတည်ငွေကို စေတနာထက်သန်စွာထည့်ဝင်ခဲ့ပါသည်။ဤလူများသည်ယာယီကော်မတီ စဖွဲ့စည်းစဉ်က လူများသာဖြစ်သည်။ဒါက မွန်ကိုးရီးယားအသင်း၏ အစပင်ဖြစ်သည်။

No comments: